စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်နဲ့ အထိုင်စခန်းတွေကို ၃ ဆက်ရက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force M.D.F က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းက မြင်းမူမြို့နယ် အလက္ကပ္ပရွာ ကိုးဆူဘုရားမှာ ခရီးသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို Fixed Wings Drone နဲ့ ဗုံးသီး ၂ လုံးကြဲချခဲ့ရာ ဂိတ်ဘန်ကာအနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းကလည်း အဆိုပါ အကြမ်းဖက်စစ်တပ်ဂိတ်ကို ထပ်မံပြီး ဒရုန်းနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၈ ရက်က မြင်းမူမြို့နယ် မြောင်လမ်းခွဲရှိ အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို Myaung Drone Force MDFနဲ့အတူ မြင်းမူမြို့နယ် ပ.က.ဖ၊ ဧရာမြွေပွေး NZN နဲ့ JUSTICE WARRIORS တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Myaung Drone Force M.D.F

0 Shares:
You May Also Like
Read More

အမေရိကန်သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အီလွန်မက်စ် နာဇီအလေးပြုပုံစံနဲ့ အောင်ပွဲခံ (ရုပ်/သံ)

(၄၇) ဆက်မြောက် အမေရိကန်သမ္မတအဖြစ် တကျော့ပြန် သမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရန့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အီလွန်မက်စ်က နာဇီအလေးပြုပုံစံနဲ့ အောင်ပွဲခံခဲ့ပါတယ်။
Read More

ဂန့်ဂေါခရိုင်တပ်ရင်း ၄ ရဲဘော်များ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေး(ရုပ်/သံ)

ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့အတွက် ဂန့်ဂေါခရိုင်တပ်ရင်း ၄ ရဲဘော်တွေက ဆုတောင်းစကား ပြောကြားခဲ့ကြပါတယ်။
Read More

အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ပြာပုံအတိရောက်ခဲ့ရသည့် အိမ်များအတွက် ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ် (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်စွာ မီးရှို့ဖျက်ဆီးမှုကြောင့် ပြာပုံအတိဖြစ်ခဲ့ရတဲ့ အိမ်ခြေပေါင်း ၂၃၈ လုံးအတွက် ULF စစ်ကြောင်းက ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါမြို့နယ် ဇဟောကျေးရွာရှိ အထက်တန်းကျောင်း မီးရှို့ဖျက်ဆီးခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဇဟောကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်း ဒီဇင်ဘာ ၂၉ ရက် ညနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြားကနေ ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ ၁၀၀၃ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့ပေါ် ကင်းလှည့်ထွက်လာသည့် စစ်အုပ်စုယာဉ်အား တိုက်ခိုက်မှု ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ် ကင်းလှည့်ထွက်လာတဲ့ ပျူစောထီးမင်းသိန်းရဲ့ ကားကို ဧပြီ ၂၈ ရက် နေ့လယ်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ Launglone Peninsula Force ထံက သိရပါတယ်။