စစ်ကော်မရှင်က မတရားသဖြင့် ပြဌာန်းထားတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနဲ့ အရေးယူခံထားရတဲ့ ဒါရိုက်တာ မိုက်တီး၊ ဟာသ သရုပ်ဆောင် အုန်းဒိုင်းနဲ့ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို ထောင်ဒဏ် ၇ စီ ချမှတ်လိုက်တယ်လို့ အနုပညာအသိုင်းအဝိုင်းနဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ ပြသခဲ့တဲ့ စစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်ကား “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ စစ်တပ်ထောက်ခံတဲ့ သရုပ်ဆောင်တွေကို လူမှုကွန်ရက်မှာ ဝေဖန်တာဟာ ရွေးကောက်ပွဲအပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လှုံ့ဆော်တာဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ ၃ ယောက်ကို စစ်တပ်က ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

“ရုံးချိန်း တစ်ချိန်းတည်းနဲ့ ပြစ်ဒဏ်ချတာ။ တရားဥပဒေအရ ခုခံပိုင်ခွင့်နဲ့ ရှေ့နေတွေ ငှားခွင့်မရပါဘူး။ အုန်းဒိုင်းကို ၂၅ ရက်နေ့ တောင်ဒဂုံတရားရုံး၊ မိုက်တီးကို ၂၇ ရက်နေ့ ရန်ကင်းတရားရုံး၊ ကျော်ဝင်းထွဋ်ကို ၂၈ ရက်နေ့ ဗဟန်းတရားရုံးမှာ ပုဒ်မ ၂၃ (က) အမြင့်ဆုံး (၇) နှစ်စီချလိုက်တယ်။ ရုံးချိန်းတချိန်းတည်းနဲ့ ချေပခွင့်မပေးဘူး အမိန့်ချလိုက်တာ” လို့ အနုပညာအသိုင်းအဝိုင်းနဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။

အမိန့်ချမှတ်ချိန်မှာ ခရိုင်တရားသူကြီးက အထက်ကနေ ဖုန်းလာတာကို စောင့်နေရပြီးမှ စီရင်ချက်ချတာဖြစ်ပြီး အဲဒီနောက် အဆိုပါ အမျိုးသမီး တရားသူကြီးက ငိုနေတဲ့အတွက် အမိန့်ချမှတ်ခံရသူတွေက ပြန်လည်ဖျောင်းဖျခဲ့ရသေးတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ မတရားဖမ်းဆီး အမိန့်ချခံထားရတဲ့ ဒါရိုက်တာ မိုက်တီးနဲ့ သရုပ်ဆောင် ၂ ယောက်ကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းကနေ အင်းစိန်ထောင်ကို ချက်ချင်းပို့ဆောင်လိုက်တယ်လို့ ကနဦး သိရပါတယ်။

စစ်ကော်မရှင်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲ အထမြောက်ဖို့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပြဋ္ဌာန်းခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေ့အချိန်အထိ ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံထားရသူ (၈၇) ယောက်ရှိပြီး အဲဒီထဲမှာ အမည်စာရင်းအတည်ပြုနေဆဲ (၅၄) ယောက်ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကနေ ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

(ဓာတ်ပုံ အကြမ်းဖက်စစ်ကော်မရှင်)
(ဓာတ်ပုံ အကြမ်းဖက်စစ်ကော်မရှင်)
0 Shares:
You May Also Like
Read More

မိုးကုတ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁၊ ဗျူဟာစစ်ကြောင်း ၁ ထံ စစ်သား ၃ ဦး အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁၊ ဗျူဟာစစ်ကြောင်း ၁ ထံ စစ်ကော်မရှင်တပ်သား ၃ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက နိုဝင်ဘာ ၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင် ရာထူးကနေ နုတ်ထွက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က ရာထူးကနေ နုတ်ထွက်လိုက်တယ်လို့ ဖေဖော်ဝါရီ ၁၀ ရက် မနက်အစောပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် အသိပေးထားပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ ပထမဆုံး ကျဆုံးခဲ့သည့် ရဲဘော်၏ ကျဆုံးခြင်း ၄ နှစ်ပြည့် ပြုလုပ်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဘုတလင်တွင် စစ်သားများ ဗကသ ရုံးခန်းထဲ ဝင်ရောက်သတ်ဖြတ်မှုကြောင့် ဗကသ ရဲဘော်သုံးဦး ကျဆုံးခြင်း ၂ နှစ်ပြည့်အခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဗကသ ရဲဘော် ၃ ယောက် ကျဆုံးခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၂၈ ရက်က ဘုတလင်မြို့နယ်မှာ ပြုလုပ်ခဲ့တယ်‌လို့ ဗကသများအဖွဲ့ချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မူးမြို့နယ်အတွင်း ရွာ ၅ရွာက စစ်ကောင်စီတပ်များကို KNLA ပူးပေါင်းတပ်များ တပြိုင်နက် ဝင်တိုက်၊ စစ်ကောင်စီ ဒုတပ်ရင်းမှူးနှင့် အရာခံဗိုလ်အပါ အများအပြားသေကာ လက်နက်ခဲယမ်းများစွာ ရရှိ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။