စစ်တပ်ဟာ သတင်းအချက်အလက်အမှားတွေနဲ့အတူ အွန်လိုင်းငွေလိမ်းလုပ်ငန်းတွေမှာ DKBA နဲ့ KNU တို့ ပူးပေါင်းလုပ်ဆောင်နေဟန် ပုံဖော်နေပြီး ဒါဟာ စစ်အုပ်စုက သူတို့ လုပ်ကိုင်နေသမျှတွေ ပေါ်လာမှာစိုးတာကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကို တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က သတင်းထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင် ပြောခွင့်ရ ဇော်မင်းထွန်းက KNU နဲ့ DKBA တို့ ပေါင်းစည်းနေကြောင်း ထင်ယောင်ထင်မှား အချက်တွေကို အခြေခံကာ မှားယွင်းစွာဖော်ပြထားပြီး KNU ကို ငွေလိမ်ဂိုဏ်းနဲ့ ညိစွန်းနေကြောင်း အသည်းအသန် သွပ်သွင်းနေတယ်လို့ KNLA က ဆိုထားပါတယ်။ 

အမှန်တကယ် KNU နဲ့ DKBA/KKO တို့ဟာ လုံးဝပတ်သက်ခြင်းမရှိတော့ဘဲ ၁၉၉၇ ခုနှစ်မှာ KNU ဟာ ရန်သူ့ထိုးစစ်ကို ရင်ဆိုင်နေရစဉ် မန်းရောဘဇန်ဆိုသူဟာ KNU နဲ့အပြိုင် KSO ကို ဖွဲ့စည်းတည်ထောင်ခဲ့တာ‌ကြောင့် ထိုသူကို KNU ကနေ ထုတ်ပယ်ထားကြောင်း၊ ဒါကြောင့် DKBA ဥက္ကဋ္ဌဖြစ်သူ မန်းရောဘဇန်နဲ့ KNU ဟာ ပတ်သက်မှု မရှိကြောင်း ထုတ်ပြန်ပြောဆိုပါတယ်။ 

ဒါပေမယ့် ဇော်မင်းထွန်းကတော့ KKO ရဲ့ မိခင်အဖွဲ့အစည်းအဖြစ် KNU ကို ရည်ညွှန်းပြောဆိုထားကြောင်း၊ ဒါဟာ ယုတ္တိမရှိကြောင်း၊ DKBA နေ့အဖြစ် နှစ်စဉ်ကျင်းပနေတဲ့နေ့ဟာ KNU ကို တရားဝင် ပုန်ကန်တဲ့နေ့ဖြစ်ကြောင်း၊ DKBA ဟာ KNU နဲ့အတူ မရပ်တည်ဘဲ စစ်တပ်ဘက်ကို ယိမ်းယိုင်နေခဲ့ပြီး အာဏာသိမ်းပြီးနောက်မှာလည်း NCA အခမ်းအနားတွေကို တက်နေကြောင်း၊ စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကိုလည်း DKBA က ကူညီမှာဖြစ်ကြောင်း၊ အဆိုပါ အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် DKBA ဟာ သူ့ရပ်တည်ချက်နဲ့သူ သွားနေပြီး ဇော်မင်းထွန်းပြောဆိုထားတာနဲ့ တခြားစီဖြစ်နေတယ်လို့ KNLA က ဆိုပါတယ်။ 

KNU ရဲ့ နိုင်ငံရေး ရပ်တည်ချက်ဟာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကို ထိခိုက်လာနေတဲ့အပြင် တသက်လုံး ဗိုလ်ကျစိုးမိုးရေးအတွက် မကောင်းမှုမှန်သမျှကို ကျုးလွန်ထားတဲ့ သူတို့ရဲ့ လက်မဲကြီး ပေါ်သွားမှာကို စိုးရိမ်တာကြောင့် စစ်အုပ်စုက KNU ကို သွေးရူးတန်းရူးတိုက်ခိုက်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်တွင် စစ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၂၀ ကျော် သေပြီး ၃ ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ ရရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ဘက်ကို တက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးထံက သိရပါတယ်။
Read More

ပွင့်ဖြူမှာ မိုင်းခွဲခံရတဲ့ အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ထွက်လာတဲ့ စစ်အုပ်စုတွေ ထပ်မံမိုင်းခွဲခံရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်ရှေ့နဲ့ ရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၅ယောက်ခန့် ထိခိုက်ဒဏ်ရာပြင်းထန်နေကြောင်း မင်းဘူးခရိုင်တပ်ရင်း-၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လှည်းကူး ခရိုင်ထွေအုပ်ရုံးကို Yangon Army (YA) အဖွဲ့က ပြင်းအားမြင့် မိုင်း၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

"ခရိုင်အဆင့်အုပ်ချုပ်စီမံလုပ်တဲ့နေရာပါ၊ ဒါပေမယ့်ရုံးမှာ စခတွေမရှိဘူး၊ ပျူတွေဘဲစောင့်ကြတော့တယ်၊ ထိကြဖို့များတယ်၊ မိုင်းကွဲအားပြင်းပါတယ်။" လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အမ်း-ပဒါန်းလမ်းပိုင်းအတိုင်း ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၇ ယောက်ကို CDF -Asho ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ချိတ်ဆက်ထားတဲ့ အမ်း- ပဒါန်းလမ်းပိုင်းမှာ ၉ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ Chin Defense Force - Asho ရဲ့ သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မင်းလှမြို့နယ်က ဒေသခံထောင်ချီ စစ်ရှောင် ထွက်ပြေးနေရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ရှောင်ထွက်ပြေးနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့သည့် ABSDF စစ်ကြောင်း(၁) မှ ရဲဘော်များ၏ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတပ်မတော် ABSDF ရဲ့ စစ်ကြောင်း (၁) က ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ABSDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။