စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်နဲ့ အထိုင်စခန်းတွေကို ၃ ဆက်ရက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force M.D.F က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းက မြင်းမူမြို့နယ် အလက္ကပ္ပရွာ ကိုးဆူဘုရားမှာ ခရီးသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို Fixed Wings Drone နဲ့ ဗုံးသီး ၂ လုံးကြဲချခဲ့ရာ ဂိတ်ဘန်ကာအနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းကလည်း အဆိုပါ အကြမ်းဖက်စစ်တပ်ဂိတ်ကို ထပ်မံပြီး ဒရုန်းနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၈ ရက်က မြင်းမူမြို့နယ် မြောင်လမ်းခွဲရှိ အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို Myaung Drone Force MDFနဲ့အတူ မြင်းမူမြို့နယ် ပ.က.ဖ၊ ဧရာမြွေပွေး NZN နဲ့ JUSTICE WARRIORS တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Myaung Drone Force M.D.F

0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ရဲကားကို တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီး၊ ရဲ ၂ ယောက် သေဆုံး၊ သေနတ် ၂ လက် သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ဒီကနေ့မနက်ပိုင်းက ရဲ ၂ ယောက် မောင်းနှင်လာတဲ့ ရဲကားကို တိုက်ခိုက်ခဲ့ရာ၊ အဆိုပါ ရဲနှစ်ယောက်သေဆုံးပြီး သေနတ် နှစ်လက်နဲ့ ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း-NPDF က ဒီကနေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် ရတခ လက်အောက်ခံ ခမရ(၃၃၈) တပ်သား ထက်မြဝင်း၏ ပြောကြားချက် (ရုပ်/သံ)

''ဘာ‌ကြောင့်အလင်းဝင်လာလဲဆိုတော့ သူတို့ စိုးမိုးမှုအောက် မနေချင်လို့။ သူတို့လှမ်းမယ့် လမ်း ကြောင်းတစ်ခုအတွက် ကျနော်တို့ကို လမ်းခင်းပြီးသွားတဲ့  ပုံစံမျိုး။ ပေါ်တာဆွဲတယ် ညှင်းပန်း နှိပ်စက်ခံရတယ်ဆိုလည်း ပြည်သူလူထုပဲ။ သူဘာသူအပြင်မှာနေနေတဲ့ မိသားစုဘဝလေးတွေလည်း ပျက်စီးခဲ့ရတယ်'' 
Read More

အကြမ်းဖက်စစ်သားတွေရဲ့ အစောင့်အကြပ်နဲ့ လေယာဉ်ဆီတင်ဆောင်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့ကနေ မုံရွာမြို့ကို အကြမ်းဖက်စစ်သား အစောင့်အကြပ်တွေနဲ့ လေယာဉ်ဆီတင်ဆောင်လာတဲ့ ယာဉ်တန်းကို နိုဝင်ဘာ ၄ ရက် နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း ၄  (Monywa The Boys) ထံက သိရပါတယ်။
Read More

ဆားတောင်က စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ စာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဒရုန်းမစ်ရှင်ပြုလုပ်ကာ တိုက်ခိုက်ခဲ့တယ်လို့ YOUNG WOLF PDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

ပြိုကျခဲ့တဲ့ မန္တလေး Sky Villa ကွန်ဒိုအတွင်း ပိတ်မိနေသူ ၄၃ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အလောင်း ၉ လောင်း တွေ့ရှိထားဟု ဆို (ရုပ်/သံ)

ယမန်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒို ပြိုကျပျက်စီးမှုအတွင်း ပိတ်မိနေသူ ၄၃ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အလောင်း ၉ လောင်း တွေ့ရှိထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဌာနက ယနေ့မတ်လ ၂၉ ရက် ညနေပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘင်္ဂလားဒေ့ရှ်မှာ လှုပ်ခတ်ခဲ့တဲ့ ၅.၅ မဂ္ဂနီကျုဒ်အဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၃၀၀ ကျော် ဒဏ်ရာရ (ရုပ်/သံ)

နိုဝင်ဘာ ၂၁ ရက် မနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၅.၅ မဂ္ဂနီကျုဒ်အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၃၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AP News သတင်းဌာနက ဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ (Dhaka) နဲ့ သိပ်မဝေးဘူးတဲ့၂၅ ကီလိုမီတာ (၁၅ မိုင်ဝန်းကျင်) လောက်ပဲ ဝေးတဲ့နေရာမှာ ဗဟိုပြုပြီး လှုပ်သွားတာကြောင့် အဆောက်အအုံတချို့ ယိမ်းယိုင်၊ ပြိုကျ တာတွေရှိခဲ့တယ်လို့ သိရပါတယ်။