ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် ဝင်းမြင့်နဲ့ အပေါင်းအပါတွေ ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်း ရွာငံတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကိုပြောပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဝင်းမြင့်နဲ့ တပည့်တွေ ဟိုက်ဂျက်ကား ၁စီးနဲ့ ကျုံးရွာဈေးကို ဝက်သားရောင်းအသွား ပဲရင်းတောင်ရွာအနီးမှာ ပစ်ခတ်ရှင်းလင်းခံရတာလို့ သိရပါတယ်။

ရှင်းလင်းခံရမှုကြောင့် ဝင်းမြင့်နဲ့အတူ တပည့် ၂ ယောက်လည်း နေရာတင်သေဆုံးခဲ့ပြီး မကြာခင်မှာပဲ အခင်းနေရာကို စစ်အုပ်စုတွေရောက်ရှိလာခဲ့တယ်လို့ ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က  ရွာငံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ DSNDA တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

“ဝင်းမြင့်ကို လုပ်ကြံတဲ့အချိန် သူတပည့်တွေက ခုခံတဲ့အတွက် တစ်ခါတည်း ရှင်းလင်းခဲ့တာပါ။ ရဲဘော်တွေလည်း လမ်းမကြီးပေါ် ကားအသွားအလာများတာကြောင့် ချက်ချင်းဆုတ်ခွာခဲ့ပြီး လုံခြုံရာသို့ နာရီပိုင်းအတွင်း ဆုတ်နိုင်ခဲ့ပါတယ်” လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ရွာငံဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်က မောင်းကိုပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခဲ့သည့် စစ်အုပ်စုကား
ပစ်ခတ်ရှင်းလင်းခဲ့သည့် စစ်အုပ်စုကား

သေဆုံးသွားတဲ့ ပျူစောထီးခေါင်းဆောင် ဝင်းမြင့်ဟာ စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်ပြီး တော်လှန်ရေးကာလအစတည်းက စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့အလိုကျ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားတွေကို PDF အဖြစ် စွပ်စွဲသတ်ဖြတ်တာတွေ လုပ်ဆောင်ရင်း မူးယစ်ဆေးဖြန့်ချိတာတွေ လုပ်ကိုင်သလို လောင်းကစားဒိုင်အဖြစ် နေထိုင်နေသူလို့လည်း သိရပါတယ်။

“အဆိုးဆုံးက ၂၀၂၁ တုန်းက ပဲရင်းတောင်ရွာဝင်စီးတဲ့ဖြစ်စဉ်မှာ ရွာသား ၉ယောက်ကို ဖမ်းပြီး ရွာအရှေ့ဘက် ယာကွင်းထဲမှာ နှိပ်စက်သတ်ဖြတ်ခဲ့တာပါ။ အိမ်တွေမီးရှို့  တရွာလုံးထွက်ပြေးကြတော့ ရွာထဲက ကျွဲတွေနွားတွေ ကြက်၊ ဝက်တွေကအစ ဆန်တွေ ပဲတွေပြောင်းတွေ တန်ဖိုးရှိတာအကုန်ယူတယ်။ အိမ်ကျွန်းတံခါး ပြတင်းပေါက် ကအစ စိန်ပြေလေပြေနဲ့ ကားအစီးလိုက် အခေါက်ခေါက်အခါခါ သယ်ပြီး သူ့အပိုင်စီးပွားဖြစ် သိမ်းတာပါ။ ပြီးရင်ပြန်ရောင်းစားတယ်။ တပ်ရင်းမူးနဲ့ ဝေစုခွဲတယ်။ တပ်မမှူးအထိ လာဒ်ထိုးထားတာ၊ ဒါတောင်  လွှင်စင်ရွာအိမ်တွေကို မီးရှို့လုယက်တာ၊ မင်းပလောင်ရွာ မီးရှို့တာနဲ့ ငှက်ပျောတောရွာနားမှာ ဖမ်းမိတဲ့ PDF ၃ယောက်ကို ပဲရင်းတောင်ရွာသင်္ချိုင်းထဲခေါ်ပြီး ရိုက်သတ်တာ၊ မြင်းကျဒိုးရွာက PDF မိဘအိမ်တွေကို ချိတ်ပိတ်တာ၊ ဖမ်းဆီးတာ၊ အလယ်ချောင်ရွာကို ဝင်စီးတာ၊ အများကြီးလုပ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင်တယောက်ပါ” လို့ ရွာငံဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်က မောင်းကိုပြောပါတယ်။

သူကပဲဆက်လက်ပြီး “ဝင်းမြင့်အကြောင်းပြောရရင် သူကစစ်မှုထမ်းဟောင်း၊ ရခိုင်ဘက်က၊ မြင်းကျဒိုးသူနဲ့ အိမ်ထောင်ကျပြီး ဝက်၊ အမဲ ဒိုင်လုပ်တယ်။ လေးကောင်ဂျင်ဒိုင်လုပ်တယ်။ မိန်းမကိစ္စ၊ မုဒိမ်းမှုတွေ ပြစ်မှုကျူးလွန်ထားသူပါ။ သူ့ကြောင့် ရွာငံ PDF စခန်းအစီးခံရတာ၊ PDF ခေါင်းဆောင်ဖမ်းဆီးခံရတာ‌၊  ထောင်ကျခံရတာတွေရှိခဲ့တယ်။ ဒါကြောင့် ရှင်းလင်းခဲ့ရတာပါ” လို့ မောင်းကို ပြောပါတယ်။

လက်ရှိ ရွာငံမြို့နယ်မှာ အတုအယောင်ရွေးကောက်ပွဲအတွက် စစ်အုပ်စုလက်ပါးစေ ပါတီတွေရဲ့ မဲဆွယ်စည်းရုံးပွဲတွေ စတင်နေသလို ကျေးရွာတွေကိုလည်း အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိသည့် လက်နက်များ
0 Shares:
You May Also Like
Read More

ဗကပ ရဲ့ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ၄ နှစ်ပြည့် အခမ်းအနားကို အမှတ် ၁ စစ်ဒေသနှင့် အနောက်မြောက်စစ်ဒေသမှာ ပြုလုပ်ခဲ့…

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို အမှတ် ၁ စစ်ဒေသနဲ့ အနောက်မြောက်စစ်ဒေသတွေမှာ မတ်လ ၁၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

လစဉ်ဆက်ကြေးကောက်ပြီး ပြန်လာသည့် ရဲကားကို ပကဖ ကြားဖြတ်တိုက်ခိုက်၊ စခန်းမှူးနှင့် ဗိုလ်အဆင့်ရှိသူ ၂ယောက်သေပြီး တပ်ကြပ်ကြီး အပြင်းအထန် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ လုပ်ငန်းရှင်တွေဆီက လစဥ်ကြေးကောက်ပြီး ပြန်လာတဲ့ ရဲကားကို လမ်းပိုင်းတစ်နေရာကနေ အသင့်စောင့်ကြိုတိုက်ခိုက်ရာ စခန်းမှူးနဲ့ ဗိုလ်အဆင့်ရှိသူ ၂ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံအင်းဘီလူးက မောင်းကို ပြောပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသမှာ ပြဇာတ်နဲ့ လူထုဟောပြောပွဲ ပြုလုပ်

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ "စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဟောပြောပွဲနဲ့ တော်လှန်ဖျော်ဖြေ တင်ဆက်မှု အခမ်းအနား" ကို စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဥပုသ်နေ့တွင် ဘုရားနားကို စစ်ကော်မရှင်တပ် ဗုံးကြဲ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရ

မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဥပုသ်နေ့မှာ စစ်ကိုင်းတိုင်းထဲက မြင်းမူမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ တော်လှန်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာ

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပြည်သူတွေက လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာပြီလို့ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး အမှိုက်ပုံကျေးရွာ ဥက္ကဋ္ဌဟောင်းနှင့် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ယူမာကျေးရွာရှိ အဲဗားဝင်းနားကုမ္ပဏီ‌ ရွှေမျောခြံအတွင်း စခန်းချနေတဲ့ စစ်အုပ်စုဟာ ဇူလိုင်လ ၁၂ ရက် ညနေပိုင်းမှာ ကားနဲ့ လှည့်ပတ်လာစဥ် KIA/KPDF တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။