အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူအများအပြားသေဆုံးကာ အဆောက်အဦးများလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက်က စတင်ခဲ့တဲ့ မုန်တိုင်းအရှိန်ကြောင့် အင်ဒိုနီးရှားမှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး မြေပြိုမှုတွေကြောင့် အချို့ဒေသတွေမှာ အိမ်ရာ ၃၂၀၀ ကျော်ပျက်စီးခဲ့ရပြီး မိသားစု ၃၀၀၀ ကျော်ဟာ အရေးပေါ်အကူအညီများ လိုအပ်နေတယ်လို့ သိရပါတယ်။

မြေပြိုမှုတွေကြောင့် လမ်း၊ တံတားပိတ်ဆို့မှုများ ဖြစ်ပေါ်နေပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိနိုင်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့လည်း သိရပါတယ်။

Video-လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုတွေအကြောင်း အမေရိကန်အောက်လွှတ်တော်မှာ ကြားနာ

အကြမ်းဖက် မြန်မာစစ်တပ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုတွေအကြောင်း အမေရိကန် အောက်လွှတ်တော် ကြားနာပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၃ ရက်က ဝါရှင်တန်ဒီစီမြို့တော် လွှတ်တော်အမတ်တွေရဲ့ ရုံးအဆောက်အဦးမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖုန်းမှတဆင့် သဘာဝဘေးအချက်ပြသည့်စနစ် စမ်းသပ်ရန် ထိုင်းပြင်ဆင်

ထိုင်းနိုင်ငံအနေနဲ့ ဆဲလ်ဖုန်းတွေကတဆင့် သဘာဝဘေး အချက်ပြပေးတဲ့ စနစ်တစ်ခုကို စမ်းသပ်သွားမှာဖြစ်ကြောင်း ထိုင်းအစိုးရအရာရှိတွေက ဧပြီလ ၂၃ ရက်မှာ ပြောပါတယ်။
Read More

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာများ၏ ဒုက္ခ ပိုမိုကြီးလေးခဲ့သည်ဟု ကုလနှင့် နိုင်ငံတကာကို သံအမတ်ကြီး ဦးကျော်မိုးထွန်း အသိပေး

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ ဒုက္ခဟာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ  ပိုမိုဆိုးရွားလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

မင်းအောင်လှိုင်နှင့် အာဆီယံခေါင်းဆောင်များ ဘန်ကောက်တွင် တွေ့ဆုံမည်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံ ခေါင်းဆောင်တွေ အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ တွေ့ဆုံသွားဖို့ရှိတယ်လို့ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအိုအီဘရာဟင်မ်က ပြောကြားလိုက်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် အုန်းဖျန်မြို့က ဂီတဖျော်ဖြေပွဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား၊ ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရ…

ထိုင်းနိုင်ငံနယ်စပ်က မြန်မာနဲ့ ကရင်လူမျိုးတွေ အများအပြား နေထိုင်တဲ့ အုန်းဖျံမြို့မှာ ဒီဇင်ဘာလ ၁၃ ရက် ညပိုင်းက ဂီတပွဲတော် လုပ်နေချိန် ဗုံးပေါက်ကွဲပြီး ပွဲလာရောက်ကြည့်ရှုသူ ၃ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အပစ်ရပ် သဘောတူညီချက်ကို ကမ္ဘောဒီးယား ချိုးဖောက်ကြောင်း ထိုင်းစစ်တပ် ထုတ်ပြန်ကြေညာ

ထိုင်းစစ်ဦးစီးချုပ်ဌာနချုပ်မှ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်းဆူဗာရီက ကမ္ဘောဒီးယားအနေနဲ့ ရည်ရွယ်ချက်ရှိရှိ ယုံကြည်မှု ဖောက်ဖျက်တဲ့ လုပ်ရပ်မျိုးကို လုပ်ဆောင်နေပြီး ထိုင်းအနေနဲ့ ကတိကဝတ်တွေကို လေးစားလိုက်နာနေဆဲ ဖြစ်ပေမယ့် ကမ္ဘောဒီးယားစစ်တပ်က မရပ်တန့်ဘူးဆိုရင် ကာကွယ်တဲ့အနေနဲ့ ပြန်လည်လက်တုံ့ပြန်ရလိမ့်မယ်လို့လည်း ပြောဆိုကြေညာခဲ့ပါတယ်။