အကြမ်းဖက်စစ်အုပ်စု အထိနာစေမယ့် စစ်ဆင်ရေးတွေအတွက် မြင်းခြံခရိုင်အတွင်းက တပ်ရင်းတပ်ဖွဲ့ ၈ ခုပေါင်းပြီး မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်းအဖြစ် စတင်ဖွဲ့စည်းလိုက်ကြောင်း အဲ့ဒီစစ်ကြောင်းမှာ ပါဝင်တဲ့ Myingyan Black Tiger (MBT) က အသိပေးထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၂၈ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အဲ့ဒီအသိပေးချက်ထဲမှာ မြင်းခြံခရိုင်အတွင်းက ပြန့်ကျဲနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို စုစည်းပြီး စစ်အုပ်စုအထိနာစေမယ့် စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ဖို့ “မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်း” ကိုဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဆိုထားတာပါ။

” အဓိကကတော့ စည်းစည်းလုံးလုံးနဲ့ သွားနိုင်ဖို့ပါပဲ၊ တစ်ယောက်တည်း၊ တစ်ဖွဲ့တည်းအားနဲ့ ရုန်းတာထက်စာရင် အများအားနဲ့ ပိုကောင်းတယ်လေ။ ဒါကြောင့်ပါ။ နဂိုလတွေကတည်းက ရည်ရွယ်ထားပြီးသားပါ” လို့ Myingyan Black Tiger (MBT)ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။

မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်းမှာ Natogyi People Defense Force ၊ Taung Tha People Defense Force – TTA PDF ၊ Natogyi Guerrilla Force -NGF ၊ Myingyan Black Tiger (MBT) ၊ Onemore Column ၊ Ngazun PDF ၊ ငါန်းဇွန်မီးနဂါးတပ်ဖွဲ့နဲ့ အားမာန်သစ်ပြောက်ကျားတပ်ဖွဲ့ တို့ပါဝင်ပြီး စုဖွဲ့၊ ပြင်ဆင်၊ လေ့ကျင့်တဲ့ကာလ ပြီးမြောက်ခဲ့ပြီ ဖြစ်တာကြောင့် မကြာခင်အချိန်အတွင်း စစ်ဆင်ရေးစတင်တော့မယ်လို့ အသိပေးထားပါတယ်။
“စစ်ရေးအရ အများကြီးတိုးတက် ပြောင်းလဲသွားနိုင်ပါတယ်။ MBT အနေနဲ့ ပါဝင်ရတာလည်း တစ်ယောက်တည်း တစ်တပ်တည်းအားထက် အများအားနဲ့မှ ရမှာသိလို့ပါ။ မကြာခင်အကောင်းဆုံး အခြေအနေတွေမြင်ရမယ်လို့လည်း မျှော်လင့်ပါတယ်”လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။

မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်းအနေနဲ့ ရဲဘော်ရဲဘက်စိတ်၊ ညီအစ်ကိုစိတ်တွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင် အမြစ်ပြတ်အောင်တိုက်ချင်တဲ့ တပ်ရင်းတပ်ဖွဲ့တွေကိုလည်း ကြိုဆိုကြောင်း သိရပါတယ်။

အတုယောင်ရွေးကောက်ပွဲကာလ နီးကပ်လာတာနဲ့အမျှ မြင်းခြံခရိုင်အတွင်းက နွားထိုးကြီးနဲ့ မြင်းခြံမြို့ပေါ်တွေမှာ စစ်အုပ်စုက အခိုင်မာပြန်လည်တပ်စွဲကာ အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်တာတွေရှိလာသလို၊ အနီးနားက ရပ်ရွာတွေကိုလည်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

ပုံစာ- မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်းတွင် ပါဝင်သည့် MBT တပ်ဖွဲ့ တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ပုလောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသည့် တမိုင်းတောင်စခန်းကုန်းကို KNU တပ်များ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ တမိုင်းတောင်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကချင်မှ ပြန်လာသည့် တန့်ဆည်သားများကို စစ်အုပ်စုက PDF များအဖြစ် စွပ်စွဲဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာသူ ၂ ဦး ပြောပြ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ စစ်အုပ်စုဂိတ်စခန်းမှာ ကချင်ပြည်နယ်ကပြန်လာတဲ့ အရပ်သား ၁၁ယောက် ဖမ်းဆီးခံရပြီး ၄ယောက် သတ်ဖြတ်ခံရကာ ၂ယောက် ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောကျေးရွာက အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မျိုးဆက်သစ်လူငယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပလက်ဝရှိ စစ်ဘေးရှောင် နေအိမ်အများအပြား ရေနစ်မြုပ်

အိန္ဒိယနဲ့ ချင်းနယ်အစပ်မှာရှိတဲ့ မီဇိုရမ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းရွာနဲ့ ကာကီရွာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ပလက်ဝနယ်က စစ်ဘေးရှောင် နေအိမ်အများအပြား ရေမြုပ်သွားတယ်လို့ ပလပ်ဝကောင်စီ အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

သထုံခရိုင် PDF တပ်မဟာ လက်အောက်ခံ YARMA BRIGADE တပ်ဖွဲ့က တပ်သားသစ်များခေါ်ယူနေ

သထုံခရိုင် PDF တပ်မဟာ (၁)၊ တပ်ရင်း ၇၈၀၅ မှ တော်လှန်ရေးအတွက် ရဲဘော်အသစ်များကို ခေါ်ယူလျက်ရှိကြောင်း မောင်းကို အသိပေး ပြောဆိုပါတယ်။
Read More

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ဆဲဗင်းဂျူလိုင် (၆၃)နှစ်ပြည့် အထိမ်းအမှတ် ဓာတ်ပုံကမ်ပိန်း (ဓာတ်ပုံသတင်း)

ကျောင်းသားပေါင်း ရာနဲ့ချီ အသက်ပေးခဲ့ရတဲ့ 7 July (ဆဲဗင်းဂျူလိုင်) (၆၃)နှစ်ပြည့် အထိမ်းအမှတ်အတွက် မြောင်းမြကျောင်းသား ကိုကျော်ဝင်းရဲ့ သွေးနဲ့ ရေးသားခဲ့တဲ့ "၇.၇.၆၂ကို မမေ့ကြနဲ့" ကြွေးကြော်စာကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ဓာတ်ပုံကမ်ပိန်းအဖြစ် ပူးပေါင်းပါဝင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။