မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ မြင်းတဲကြီးရွာထဲကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ၉၀၂ တပ်ရင်းရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက်၊ မနက် ၇ နာရီလောက်မှာ မြင်းတဲကြီးရွာကနေ အင်အား ၉၀ ကျော်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို မြင်းတဲကြီး နဲ့ ထနောင်းကုန်းရွာကြားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ၁ နာရီခွဲခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း စစ်ကော်မရှင်တပ်ဘက်မှ ထိခိုက်သေဆုံးသူတွေရှိပေမဲ့ အရေအတွက် အတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် စစ်ကော်မရှင်တပ်သားတွေဟာ ထနောင်းကုန်းရွာထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

“ကျနော်တို့ကို အတွင်းသတင်းပေး (တပ်အထိုင်ဖရဲသီး) ရဲ့သတင်းပေးမှုအရ စစ်ကောင်မရှင်တပ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်ပေမဲ့ အရေအတွက်ကိုတော့ ကျနော်တို့အတည်ပြုလို့ မရနိုင်သေးဘူး” လို့ အမှတ် (၉၀၂) တပ်ရင်း ရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာ အမှတ် ၁၇ မှ အမှတ် ၉၀၂ တပ်ရင်း၊ အထူးလှုပ်ရှားစစ်ကြောင်း နဲ့ သရက်ခရိုင်တပ်ရင်း ၁ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

စစ်ကြောင်းထိုးစဉ်တစ်လျှောက် စစ်ကော်မရှင်တပ်ဟာ ပြည်သူတွေကို ဓားစားခံအဖြစ် ဖမ်းဆီးတာမျိုးတွေရှိပေမဲ့၊ အဆိုပါကျေးရွာတွေထဲကနေ ပြန်လည်ထွက်ခွာချိန်မှာတော့ ဖမ်းဆီးထားတဲ့ ပြည်သူတွေကို ပြန်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။

“ ဒီစစ်ကြောင်းက နယ်မြေရှင်းလင်းရေးစစ်ကြောင်းလို့ပဲပြောလို့ရမယ်၊ ရွာစဉ်လှည့်ပြီးထိုးတာ၊ သူတို့က ဒီရွာကနေ နောက်တစ်ရွာကို ကူးမယ်ဆိုလို့ရှိရင် လမ်းမှာတွေ့တဲ့ပြည်သူဖြစ်ဖြစ်၊ ရွာထဲက ပြည်သူပဲဖြစ်ဖြစ် ဖမ်းဆီးသွားတာမျိုးရှိတယ်၊ လမ်းပြဖို့ နဲ့ ဓားစားခံပုံစံမျိုးပေါ့၊ နောက်ရွာ ရောက်သွားလို့ရှိရင်တော့ ပြန်လွတ်ပေးတယ်” လို့ အထက်ပါ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်ကော်မရှင်စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပေမဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူများအနေနဲ့ စစ်ကော်မရှင်စစ်ကြောင်း နဲ့ နီးစပ်တဲ့နေရာတွေမှာ သွားလာနိုင်ထိုင်ခြင်း မပြုလုပ်ကြဖို့ကိုလည်း တော်လှန်ရေးတပ်များက ထုတ်ပြန်ထားတယ်။
0 Shares:
You May Also Like
Read More

တောင်တွင်းကြီးနှင့် ဆင်ပေါင်ဝဲကြား စစ်ကောင်စီနှင့် PDF ထိတွေ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၆ ဦး သေပြီး ထိခိုက်ဒဏ်ရာရသူ များပြား

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ တပ်အချိန်းအပြောင်းလုပ်တဲ့ စစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ တောင်တွင်းကြီး-ဆတ်သွား ရိုးမပတ်လမ်းအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း သိရပါတယ်။
Read More

မြိုင်မှာ ရဲ ၁ ယောက်ကို ရှင်းလင်းခဲ့သူတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် လက်နက်နဲ့တကွ ပကဖထံ ထွက်ပြေးခိုလှုံ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရဲ၁ယောက်ကို ပစ်ခတ်ရှင်းလင်းပြီး အလင်းဝင်လာသူတွေအပါအဝင် စစ်​ကောင်စီတပ်သား၄ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ခိုလှုံလာကြောင်း မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

နတ်မောက်မြို့နယ်တွင် တောတဲတိုက်ကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်၊ ဖခင်ဖြစ်သူ ဒဏ်ရာရပြီး (၁၄) နှစ်အရွယ် သမီးဖြစ်သူသေဆုံး…

“တဲဘေးက ငရုပ်ခင်းလေးမှာ သမီးဖြစ်သူက ပေါင်းပေါက်နေတာ၊ ဖအေဖြစ်သူကဆေးဖြန်းနေတယ်၊ အဲ့မှာကြဲလိုက်တော့ သမီးဖြစ်သူကို အရင်ထိသွားတယ်၊ ဖအေဖြစ်သူက သွားတော့ နောက်တစ်လုံးထပ်ကြဲတာ၊ ဖအေဖြစ်သူကိုပါ ထိတာ၊ သမီးဖြစ်သူက ဆုံးသွားတယ်၊ ဖအေဖြစ်သူကဒဏ်ရာရသွားတယ်” လို့ နတ်မောက်ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ လက်ခံရရှိထားဟု စစ်ကောင်စီ ပြော

နိုင်ငံတကာကနေ ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ ကို လက်ခံရရှိထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောပါတယ်။
Read More

အလံဖြူထောင်ရင် အသက်အာမခံတယ်ဆိုတဲ့ AA လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ လက်နက်ချ စစ်ကောင်စီတပ်သားတွေကို ကယ်ထုတ်

AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်း နပခ စစ်ဌာနချုပ်မှာ လက်နက်ချလာတဲ့ စစ်သားတွေကို လေကြောင်းတိုက်ခိုက်မှုတွေကြားထဲကနေ AA တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်နေတဲ့ ရုပ်သံမှတ်တမ်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ညဦးပိုင်းမှာ AA က ထုတ်ပြန်လာပါတယ်။
Read More

လက်ရှိ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အစွမ်းကုန် ကြိုးပမ်းကာကွယ်သွားမယ်လို့ TNLA ပြော

TNLA က လက်ရှိထိန်းချုပ်ထားတဲ့ နယ်မြေမှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ထပ်မံအခြေမစိုက်နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားရမယ်လို့ PSLF/TNLA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားလိုက်ပါတယ်။