စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ဝါသဝလက်အောက်ခံ မူးတိမ် ပျူစောထီးရွာကို နိုဝင်ဘာ ၂၈ရက်နေ့မနက်ပိုင်းမှာ တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၇ရက် ညပိုင်းကစလို့ သဃ်န်းဝတ်ဝါသဝလက်အောက်ခံ ပျူစောထီးရွာတွေထဲက တစ်ရွာဖြစ်တဲ့ မူးတိမ်ရွာကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ၂၈ရက်နေ့ မနက်ပိုင်းမှာ သိမ်းမိတာဖြစ်ကာ စစ်အုပ်စုဝင်အများစု ထွက်ပြေးသွားခဲ့တယ်လို့လည်း ဓူဝံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေဦးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တန့်ဆည်နဲ့ ကန့်ဘလူမြို့အစပ်မှာရှိတဲ့ မူးတိမ်ရွာဟာ စစ်အုပ်စုအားကောင်းရာ ပျူစောထီးရွာတွေထဲက တစ်ရွာဖြစ်တာကြောင့် စစ်အုပ်စုအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်နေချိန် စစ်တပ်နဲ့ပျူစောထီးများ ထိခိုက်သေဆုံးကာ ထွက်ပြေးသူတွေလည်းရှိတယ်လို့ သိရတာပါ။

တိုက်ပွဲနေဖော်ဆောင်ချိန်အတွင်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ၊ Y12 စတဲ့ လေယာဥ်တွေနဲ့ ၁၅ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

” ပျူရွာတွေ ဝိုင်းထားတာမှာ အစွန်ဆုံးရွာဖြစ်တဲ့ မူးတိမ်ကိုဝင်သိမ်းတာပေါ့။ အဲ့မှာ ဘေးနားက မူးဂွလို ပျူစောထီးရွာတွေပါ ထွက်ပြေးကုန်ကြတယ်။ အကြာကြီးတော့ မလုပ်နိုင်ခဲ့ဘူး။ သူတို့သေဆုံးမှုကို အတည်မပြုနိုင်ဘူး။ ဘေးနားမှာရှိတဲ့ပျူရွာတွေ လာဝိုင်းတယ်။ လေကြောင်းကလည်းချတယ်။ အဲ့တော့အကြာကြီးနေလို့မရပဲ သိမ်းပြီး ပြန်ထွက်ခဲ့ရတယ်” လို့ ဓူဝံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေဦးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပုံစာ- မူးတိမ်ရွာတိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်များအားတွေ့ရစဥ်

တိုက်ပွဲဖြစ်ပွားနေချိန် မနက်၈နာရီလောက်မှာလည်း ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ကနေ အင်အားအပြည့်ပါတဲ့ စစ်ကား၂စီးနဲ့ ဟောင်ဝစ်ဇာတင်ကား၁စီးဟာ မှော်တောရွာကိုရောက်ရှိပြီး အဲ့ဒီကမှတဆင့် မူးတိမ်ရွာဆီ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ-ကန့်ဘလူခရိုင်က ဖော်ပြထားပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီက ဗုံးသီး အလုံး၈၀ နီးပါးကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း တန့်ဆည်ပကဖက ပြောပါတယ်။

ဒီတိုက်ပွဲကို ဗျူဟာ၅၂ ပေါ်ဦးစစ်ကြောင်းနဲ့အတူ တန့်ဆည်မြို့နယ် ပကဖ၊ ရွှေဘိုခရိုင် အမှတ်၂၅ တပ်ရင်း၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA၊ ဓူဝံ ရေဦးမြို့နယ်အဖွဲ့၊ ဝံသပါလ ရေဦးမြို့နယ်အဖွဲ့နဲ့ Drone force Taze တို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး လက်နက် ၅လက်နဲ့ စစ်အသုံးအဆောင်တချို့ကို တော်လှန်ရေးတပ်များ သိမ်းဆည်းရမိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

နတ်အိမ်တောင် နယ်စပ်စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ် တပ်ခွဲမှူးတစ်ဦးအပါ ၄ ဦး သေဆုံး၊ လက်နက် ၂ လက် သိမ်းဆည်းရရှိ

မြိတ်-ထားဝယ်ခရိုင်၊ လေဒိုစိုးမြို့နယ် နတ်အိမ်တောင် နယ်စပ်စစ်စခန်းကို စစ်ကူလာတဲ့ စစ်အုပ်စု နဲ့ KNLA (ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်) ပူးပေါင်းတပ်တို့ ၂ ရက်တိုင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNU မြိတ် - ထားဝယ်ခရိုင်အတွင်းရေးမှူးဆီက သိရပါတယ်။
Read More

ငလျင်ဒဏ်အပြီး လေကြောင်းတိုက်မှုများ ဆက်တိုက်လုပ်နေသည့် အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီရဲ့ နေပြည်တော် အေလာလေဆိပ်ကို ဧပြီလ ၁၈ ရက် မနေ့က ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပခုက္ကူနှင့် ကမ္မအစပ်က ကမ္မ-မြစ်ခြေ ကားလမ်းပေါ်မှာ အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး ၁ဝ ယောက်ခန့် သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်မှာ ရွာကိုမီးရှို့ဖျက်ဆီးပြီးထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ယောက် နီးပါး သေဆုံးနိုင်ကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဖားကန့်တိုက်ပွဲအတွင်း စစ်အုပ်စု ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ KIA တပ်ဖွဲ့တွေ အထိုင်ချထားတဲ့ ရှရောခရွာဘက်ကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေက သြဂုတ်လ ၁ ရက်နေ့မှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ခမောက်ကြီးတွင် စစ်ကောင်စီသတင်းပေး မူးယစ်ဆေးရောင်းဝယ်သူနှင့် အုပ်ချုပ်ရေးမှူး တစ်နေ့တည်း ပစ်ခတ်ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ စစ်ကောင်စီသတင်းပေး မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားနေသူနဲ့ အုပ်ချုပ်ရေးမှူးတို့ကို တစ်နေ့တည်းမှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကို ပြောပါတယ်။
Read More

ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ လက်ခံရရှိထားဟု စစ်ကောင်စီ ပြော

နိုင်ငံတကာကနေ ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ ကို လက်ခံရရှိထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောပါတယ်။