အကြမ်းဖက်စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့အတွက် ဝမ်းသာကြောင်းနဲ့ အဆိုပါအတုအယောင် ရွေးကောက်ပွဲရလဒ်နဲ့ အတုအယောင် အုပ်ချုပ်ရေးအဖွဲ့ကိုလည်း ဆက်လက်အသိအမှတ်မပြုဖို့ NUCC က နိုင်ငံတကာကို ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပပါလီမန်အပါအဝင် နိုင်ငံတကာအဖွဲ့တွေနဲ့ နိုင်ငံအများစုဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကို အသိအမှတ်မပြုတဲ့အတွက် မြန်မာပြည်သူတွေကိုယ်စား ကျေးဇူးတင်ပါတယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ခဲ့တာပါ။

အဲဒီလိုသဘောထားကို ရွေးကောက်ပွဲလွန်ကာလတွေအထိ ခိုင်ခိုင်မြဲမြဲဆက်လက်ရပ်တည်ပေးကြဖို့လိုသလို အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ထွက်လာမယ့်ရလဒ်ကိုလည်း အသိအမှတ်မပြုပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းထံ ထပ်မံတိုက်တွန်းတယ်လို့လည်း NUCC က တောင်းဆိုထားပါတယ်။

မြန်မာပြည်သူတွေအပေါ် သေနတ်ထောက်ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲကနေ စစ်တပ်ကြီးစိုးမယ့် ဟန်ပြလွှတ်တော်နဲ့ စစ်တပ်ကြီးစိုးမယ့်အတုအယောင်အုပ်ချုပ်ရေးအဖွဲ့ပေါ်လာမှာဖြစ်တယ်လို့ NUCC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ရွေးကောက်ပွဲတု အောင်နိုင်ရေးအတွက် အာဏာရှင်နိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံကနေထောက်ခံမှုရထားပြီးတော့ အဆိုပါ အာဏာရှင်မိတ်ဖက်နိုင်ငံတွေက စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရေးအဖွဲ့‌တွေ စေလွှတ်မယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

မှော်ဘီ ရဲတပ်ရင်းက ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆု ချီးမြှင့်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲတပ်ရင်း (၅) က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတာကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ကျိုက်ထိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၄) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုဂံမြို့သစ်တွင် ဆက်ကြေးကောက်နေသည့် ပျူခေါင်းဆောင်နှင့် နောက်လိုက် ၈ ယောက်ကို ပစ်ခတ်ရှင်းလင်း၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်ရှိ ပျူစောထီးခေါင်းဆောင်နဲ့ နောက်လိုက်နောက်ပါ ပျူစောထီး ၈ ယောက်ကို ချေမှုန်းရှင်းလင်းခဲ့တယ်လို့  ထနောင်းမြေစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာမှ ထွက်ခွာလာသည့် စစ်ကော်မရှင်ရေယာဉ် (၁၅) စီးကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက် ၊ ထိခိုက်သေဆုံးသူများ ရှိနိုင်ဟု ဆို…

" ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်တယ် ၊ အတိအကျတော့ မသိရဘူး၊ စက်တပ်လေထီး‌နဲ့က မပစ်သွားဘူး၊ ဒီအတိုင်းပဲ ကာပေးသွားတာ၊ ရှေ့ထွက်မိုင်းတွေတောင် မဆွဲလိုက်ရဘူး၊ ဂန်းငယ်တွေနဲ့ပဲ ပစ်လိုက်ရတယ်၊ ရှေ့ထွက်မိုင်းဆွဲလိုက်ရင် မီးခိုးတွေ ထွက်သွားရင် အဆင်မပြေလို့ စက်တပ်လေထီးကလည်း တက်လာတာဆိုတော့လေ" လို့ ChindwinFighterGroup(CFG) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရွှေဘိုမှာ ပေါ်တာဆွဲခံရတဲ့ စစ်ကောင်စီတပ်သားသစ် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမှာ စစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ စစ်မှုထမ်း တပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူတော်လှန်ရေးတပ်ဖွဲ့တွေထံ လာရောက်ပူးပေါင်းခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

တရုတ်အစိုးရ မြန်မာ့အရေးမှာ စွက်ဖက်မှုနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ကို ကူညီနေမှုအပေါ် အမေရိကန်မှာ ဆန္ဒပြ

တရုတ်အစိုးရအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်နေမှုတွေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကူညီပေးနေမှုအပေါ် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့က ဇေတဝန်ကျောင်းတိုက်မှာ ဒီဇင်ဘာ ၇ရက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။