စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွက်ပေါ်လာရေးအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်တဲ့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီကို မနေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဟာ မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံပုဒ်မ ၇၅ အရ အဆိုပါကောင်စီကိုဖွဲ့စည်းလိုက်တယ်လို့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီမှာ ဝန်ကြီးဌာန ရှစ်ခုပါဝင်ပြီးတော့ အုပ်ချုပ်ရေးဌာနကြီး ဥက္ကဋ္ဌနဲ့ ဌာနကြီးမှူး ဦးမြင့်အောင်မိုး၊ ဒုတိယဥက္ကဋ္ဌ ကာကွယ်ရေးနဲ့ လုံခြုံရေးဌာနကြီးမှူး ဦးအောင်မျိုးထက်၊ ရှေ့နေချုပ် ဒေါ်နွေတမာ၊ ဘဏ္ဍာရေး၊ အခွန်နဲ့ သဘာဝသယံဇစီမံခန့်ခွဲရေးဌာနကြီး ဌာနကြီးမှူး ဦးအောင်ဇော်တို့ ပါဝင်ပါတယ်။

ပညာရေးဌာနကြီး၊ ဌာနကြီးမှူး ဦးမြင့်၊ လူငယ် အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာနကြီး ဌာနကြီးမှူး ဦးပြည့်စုံအောင်၊ လူသားချင်းစာနာကူညီရေးနှင့် အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနကြီး ဌာနကြီးမှူး ဒေါ်အေးမြင့်အောင်အောင် နဲ့ ကျန်းမာရေးဌာနကြီး ဌာနကြီးမှူး ဒေါ်တာအောင်ကျော်ဦးတို့နဲ့ အတွင်းရေးမှူး ဦးဌေးတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

မန္တလေးဒေသလွှတ်တော် ပထမအကြိမ် အစည်းအဝေး လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်တာ၊ မန္တလေးဒေသလွှတ်တော်ရဲ့ ရေးရာကော်မတီတွေဖွဲ့စည်းတာ၊ မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းတာတွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကြိုဆိုဂုဏ်ပြုတယ်လို့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး) က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

မန္တလေးဒေသလွှတ်တော်နဲ့ မန္တလေးဒေသအုပ်ချုပ်ရေးကောင်စီက နွေဦးတော်လှန်ရေးကြီး အမြန်ပြီး မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်တဲ့အခါ အထောက်အပံ့ကောင်းဖြစ်စေဟု ယင်းထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ကြားကာလ တိုင်းအုပ်ချုပ်ရေးအစိုးရတွေကို ဖွဲ့စည်းဖို့ ပြင်ဆင်လုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်တွင်းမှာလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ကို ဖွဲ့စည်းခန့်အပ်ခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ငဖဲမှာ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်ရမိ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်ရမိခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သားနဲ့ပျူ ၁၁ယောက်သေ၊ လက်နက်ခဲယမ်းတွေ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ တစ်နေကုန်ဖြစ်ပြီး စစ်အုပ်စုဘက်က စစ်သားနဲ့ပျူစောထီး ၁၁ယောက်သေဆုံးကာ အထိနာသွားခဲ့တယ်လို့ ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။
Read More

အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးဖြစ်သူနှင့် ရန်ဖြစ်သည့် အမျိုးသား စစ်မှုထမ်း ခေါ်ဆောင်သွားခြင်းခံရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဘွက်တူးကုန်းကျေးရွာက လူငယ်အမျိုးသား တစ်ယောက်ဟာ အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသားနဲ့ ရန်ဖြစ်စကားများရာကနေ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီ၏ ထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်ကို ဒဂုံ တကသ မှ ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်း…

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခံရပြီး အင်းစိန်အကျဥ်းထောင်အတွင်း ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဗဟိုအလုပ်အမှုဆောင်ဟောင်း မဝတ်ရည်အောင်ကို ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်းလိုက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

မုံရွာ နမခကိုလာတဲ့ စစ်တပ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ယောက် သေ၊ ၅ ယောက် အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အနောက်​မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို လာတဲ့ စစ်တပ်ယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၂ ယောက် သေကာ ၅ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Brave Heart Army - BHA အဖွဲ့ က ထုတ်ပြန်ထားပါတယ်။
Read More

CDF – KKG တည်ထောင်ခြင်း (၄) နှစ် ပြည့်အခမ်းအနားနှင့် CDF-KKG Major Operation အတွင်း စစ်ကောင်စီစခန်း ၅ ခုသိမ်းပိုက်ရရှိခဲ့မှုအတွက် ကျေးဇူးတော် ချီးမွမ်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force , Kalay - Kabaw - Gangaw ( CDF - KKG ) တည်ထောင်ခြင်း ( ၄ ) နှစ် ပြည့်အခမ်းအနားနဲ့ CDF-KKG Major Operation အတွင်းစစ်ကောင်စီစခန်း ၅ ခုသိမ်းပိုက်ရရှိခဲ့မှု အတွက် ကျေးဇူးတော် ချီးမွမ်းပွဲကို CDF-KKG Battalion (3) မှာ ဇူလိုင် ၅ ရက် မနေ့က မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။