စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားရတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းက ကျန်ရစ်ခဲ့တဲ့ သေဆုံးစစ်သားအလောင်းတွေကို လိုက်လံကောက်ယူ မီးရှို့ရှင်းလင်းခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်း စွန့်ပစ်ခံထားရတဲ့ စစ်အုပ်စုဝင်အလောင်းတွေကို ခင်ဦးပကဖ နဲ့ တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာလ ၂၈ရက် မနေ့တစ်နေ့လုံး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရင်းနဲ့ မီးရှို့သဂြိုလ်ပေးခဲ့ရတာဖြစ်တယ်လို့ သိရတာပါ။

စစ်အုပ်စုအလောင်းတွေဟာ ၆ရက်တာကြာလာပြီမို့ အပုပ်နံ့တွေပါထွက်နေပြီး ဒီဇယ်၊ ဓာတ်ဆီဗူးတွေ၊ တာယာကွင်းတွေနဲ့ မီးစာတုတ်တွေ ယူဆောင်အသုံးပြုရင်း ခက်ခက်ခဲခဲ သဂြိုလ်ပေးခဲ့ရတယ်လို့လည်း ခင်ဦးပကဖက ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၂၃ရက်၊ နေ့လည်ပိုင်းက ခင်ဦးမြို့နယ်၊ မုံလှကျေးရွာအတွင်း ၄ရက်ကြာ ယာယီ အထိုင်ချထားတဲ့ ကန့်ဘလူ နည်းဗျူဟာ ၃၃၂ တပ် အပါအဝင် ခမရ-၁၁၁ နဲ့ ကန့်ဘလူဝါသဝလက်အောက်ခံ ပျူစောထီးတွေဟာ ပူးပေါင်းအင်အား ၁၈၀နီးပါးနဲ့ ပျဥ်ထောင် ပျူစောထီးရွာကို စစ်ကြောင်းထွက်လာရင်း လမ်းခုလတ်တစ်နေရာအရောက်မှာ တော်လှန်ရေးတပ်တွေရဲ့ စောင့်ကြိုတိုက်ခိုက်တာကို ခံခဲ့ရပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခံရမှုကြောင့် စစ်အုပ်စုဝင်အများအပြား ထိခိုက်သေဆုံးပြီး စစ်ကြောင်းတစ်ကြောင်းလုံး တပ်ပျက်ကာ အလောင်းတွေပါ မကောက်နိုင်တော့ပဲ ယာယီတပ်စွဲထားတဲ့ မုံလှရွာကို ပြန်လည်ထွက်ပြေးဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
“တိုက်ပွဲမှာ ကစဉ့်ကလျား တပ်ပျက်သွားပြီးတော့ ပြေးကြတာ၊ ပြေးတာတောင်မှ ရိုးရိုးထွက်ပြေးသွားတာ မဟုတ်ဘူး။ လယ်ကွက်တွေထဲမှာ ပုန်းလျှိုးကွယ်လျှိုးနေကြတယ်။ အဲ့မှာဝပ်ပြီးတော့ ခိုအောင်းပြီးတော့ ပုန်းကြတယ်၊ ပုန်းပြီးတော့ပဲ မုံလှရွာထဲကို ပြန်ပြီးတော့ထွက်ပြေးသွားတာ” လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲ့ဒီထိတွေ့ တိုက်ပွဲမှာ စစ်အုပ်စုရဲ့ ငါးကြင်းမှီး(၁)လက်အပါအဝင် MA-1 သေနတ် (၁၀)လက်၊ MA-2 သေနတ် (၃)လက်၊ BA-100/ 60mm ကွန်မန်ဒို စိန်ပြောင်း(၁)လက်၊ MA-3 သေနတ် (၃)လက်၊ MA-4သေနတ် (၁)လက်၊ G-3သေနတ် (၄)လက်၊ MAS Sniper (၁)လက်၊ M1သေနတ် (၅)လက်နဲ့ ဆက်စပ် ကျည် ခဲယမ်း အစုံကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို အမှတ်(၂) ရွှေဘိုခရိုင်၊ အမှတ် (၃)တပ်ရင်း၊ ခင်ဦးမြို့နယ် ပကဖ၊ တိုက်နယ် (၁)(၂)(၃)(၄)(၅) ပကဖတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကြောင်းလိုက်ပြုတ်အောင် တိုက်ခိုက်ခံရပြီး အထိနာခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ နိုဝင်ဘာလ ၂၇ရက်နေ့ ညနေပိုင်းမှာ မုံလှ- ပင်စိမ်းကင်း- ကျီစု- အောင်သာယာ- ကာဘိုးအထိ ဆုတ်ခွာသွားတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

တနိုင်းအပါအဝင် နိုင်ငံတစ်ဝန်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရေးယူပေးဖို့ ICC ကို KHRW တိုက်တွန်းတောင်းဆို

အရပ်သားပြည်သူ  ၂၀ကျော်သေဆုံးခဲ့ရတဲ့ စစ်ကောင်စီရဲ့ တနိုင်း လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်တာကြောင့် အမြန်ဆုံး အရေးယူပေးဖို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေး (KHRW) က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးကို တောင်းဆိုလိုက်ပါတယ်။
Read More

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ယာဉ်တန်းအတွက် လုံခြုံရေးယူပေးသည့် စစ်သားများကို တိုက်ခိုက်၊ ၄ ဦး သေပြီး ၁ ဦး ထွက်ပြေးသွား

စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို သွားရောက်တိုက်ခိုက်ရာ နေရာတင် စစ်သား ၄ယောက်သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လားရှိုးက ရိုးရာ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

လားရှိုးက ရိုးရာ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီက လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ စက်ရုံထိခိုက်ပျက်စီးခဲ့ရပြီး လူထိခိုက်မှုတော့ မရှိခဲ့ကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

လက်ပံလှရွာထဲ ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှရွာထဲကို အကြမ်းဖက်စစ်တပ် ဒရုန်းနဲ့ ပစ်ခတ်တဲ့ ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း Wetlet Informational Network ထံက သိရပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပိုင်း စစ်တပ်စခန်းများနှင့် စစ်ကူလမ်းကြောင်းများကို ဗျူဟာမြောက် ဖြတ်တောက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွင်း ဗိုလ်ကြီး၊ တပ်ကြပ်ကြီးနှင့် ပျူစောထီးခေါင်းဆောင်များအပါ စစ်အုပ်စုဝင် အယောက် ၂၀ နီးပါးသေဆုံးခဲ့

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းက အကြမ်းဖက် တပ်စခန်းတွေနဲ့ စစ်ကူလမ်းကြောင်းများကို ဗျူဟာမြောက် ဖြတ်တောက်ခိုက်ခဲ့တဲ့ တိုက်ပွဲများအတွင်း ဗိုလ်ကြီး၊ တပ်ကြပ်ကြီးနှင့် ပျူစောထီးခေါင်းဆောင်များအပါ စစ်အုပ်စုဝင် အယောက် ၂၀ နီးပါးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၇)ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်-ပြည်လမ်းပိုင်း၊ အုတ်တွင်းကျေးရွာ၊ စစ်ကွင်းတာဆုံနဲ့ တာဆုံဘုရားအနီးတပ်စွဲထားတဲ့ အင်အား(၅၀)ရှိ စစ်တပ်စခန်းတကို PDF တပ်ရင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။
Read More

ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ကျေးရွာများရှိ နေအိမ်များကိုစစ်ကောင်စီနှင့် PNA ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံ - ညောင်ရွှေနယ်စပ် ဖယ်ခုံမြို့နယ်မှာ အကြမ်း ဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ အင်းလေးလူထုလှုပ်ရှားမှုက သတင်းထုတ်ပြန်ပါတယ်။