ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နဲ့ SSPP/SSA တို့ ထိတွေ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကော်မရှင်တပ်ဟာ SSPP တပ်စခန်းတည်ရှိရာ ကျောက်မဲမြို့နယ် ပံ့ဝိုးကျေးရွာအုပ်စု ပုံဝိုးကျေးရွာအနီး ထိုးစစ်ဆင်လာတဲ့အတွက် နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်မှ မြေပြင်စစ်ကြောင်းနှင့် ဒရုန်းများအသုံးပြီး တိုက်ခိုက်နေတယ်လို့ SSPP မှ ရုပ်သံဖိုင်နဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။

Video-SSPP Info
0 Shares:
You May Also Like
Read More

ဆိပ်ဖြူမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံသို့ သွယ်တန်းထားတဲ့ လျှပ်စစ်တာဝါတိုင်တွေကို ရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ ၂၂ သို့ သွယ် တန်းထားတဲ့ လျှပ်စစ်တာဝါတိုင်တွေကို ရှင်းလင်းရေးလုပ်ခဲ့တယ်လို့ ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုးပြည်သူ့ကာကွယ်ရေးမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်း အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်‌၊ ညောင်ကိုင်းကျေးရွာမှာ အင်အား ၂၀၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြား ထိခိုက်မှုရှိခဲ့တယ်လို့ COBRA ONE အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံခရိုင် ဆုံရွာပျူစခန်းကို ဒရုန်းဖြင့် ၂ ကြိမ်ဗုံးသီးကြဲချပြီး လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦးသေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် ဆုံရွာပျူစခန်းရှိ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ၂ ကြိမ် ဗုံးသီးကြဲချပြီး လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေခဲ့တယ်လို့ Myaung Drone Force မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

KIA သိမ်းပိုက်ထားတဲ့ လန်ဆယ်ဒေသကို စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းစစ်ကြောင်းထိုးလာ (ရုပ်/သံ)

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တွေ စက်တင်ဘာ ၁၉ ရက်က စတင်ပြီး စစ်ကြောင်းထိုးလျက်ရှိရာ KIA နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျောက်ပြင်ကန်ကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ကာ တန်ဖိုးရှိပစ္စည်းများကို ခိုးယူ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်း ဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People's Democratic Army ထံက သိရပါတယ်။
Read More

ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်စဉ် PDF ရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ လျှပ်စီးတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။