ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ အထိနာနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ယခုလပိုင်းများအတွင်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာပါတယ်။ မနေ့ကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲမှာ စစ်တပ်က လေကြောင်းက‌နေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၇ ယောက်သေဆုံးပြီ၊ ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက် မနေ့ မနက် ၁၀ နာရီကျော်လောက်မှာ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ နဲ့ ကျောက်တော်မြို့နယ် ကြောင်ဖိုရွာထဲကို ပေါင် ၅၀၀ ဗုံးသီးတစ်လုံး ကြဲချခဲ့တာဖြစ်ပြီး ဒေသခံ အမျိုးသား ၂ယောက် နဲ့ အမျိုးသမီး ၅ ယောက် ဗုံးစထိမှန်သေဆုံးသွားခဲ့တယ်လို့ သိရတာပါ။

ယင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၃ ယောက် နဲ့ အမျိုးသမီး ၇ ယောက်လည်း ထိမှန်ဒဏ်ရာရရှိခဲ့ပြီး၊ အဆိုပါဒဏ်ရာရသူ ၁၀ ယောက်ထဲမှာ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူ ၆ ဦး ပါဝင်တယ်လို့လည်း သိရပါတယ်။

” ထိတွေ့မှုမရှိပဲ ဒီအတိုင်းလာကြဲတာ၊ အဲဒီရွာကအရင် တစ်ကြိမ်‌ လေကြာင်းပစ်ခံရဖူးတယ်၊ ခုလို မထိခိုက်ဘူး၊ အခုရွာသားတွေက ကြောက်လို့ရှောင်နေရတယ်” လို့ ကျောက်တော်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့်နေအိမ် ၅ လုံးလည်း ထိမှန်ပျက်စီးခဲ့ပါသေးတယ်။ ကြောင်ဖိုရွာ အခုလိုလေကြောင်း တိုက်ခိုက်ခံရတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက နေရာတော်တော်များများမှာ စစ်ကော်မရှင်တပ်နဲ့ အာရက္ခတပ်တော်တို့ ထိတွေ့တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား‌နေတယ်လို့ သိရပါတယ်။ စစ်ပွဲများအတွင်း အထိနာတဲ့စစ်အုပ်စုက စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ရွာတွေကို လေကြောင်းအပြင် လက်နက်ကြီးများနဲ့လည်း တိုက်ခိုက်နေတာဖြစ်ပြီး အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ၊ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာတွေကို လုပ်ဆောင်နေကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဖားကန့်နဲ့ ၆ မိုင်အကွာ ဆိုင်းတောင်ရွာကို KIA က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဖားကန့်၊ ဆိုင်းတောင်ရွာက ဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ကချင်စစ်ရေး သတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၄ နှစ် ကလေးငယ်အပါ ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ယောက် သေဆုံးခဲ့ပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

MOD ၏ နှုတ်မိန့်လို့ အကြောင်းပြကာ ဆေးတာဝန်ခံ အမျိုးသမီးရဲဘော်ကို လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် Shield အဖွဲ့မှ MOD ထံ တိုင်ကြားစာပေးပို့ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ထံကို Shield Women Organization အဖွဲ့ကနေ ဆေးတာဝန်ခံရဲမေ ရိုက်နှက်နှိပ်စက်ခံရပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် ကျူးလွန်သူတွေကို အရေးယူပေးဖို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။  
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ခဲ့

ပြည်သူကာကွယ်ရေးတပ်မတော်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် - အမှတ် (၁၀၀၉)တပ်ရင်းက တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် လွမ်းဆွတ်တမ်းတခြင်းအောက်မေ့ဖွယ် အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

NUG စစ်ဥပဒေချုပ်က မန္တလေးခရိုင် တပ်ရင်း‌ ၆ နောက်တန်းက ရဲဘော်တွေကို လာရောက်တွေ့ဆုံ အားပေးး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊  စစ်ဥပဒေချုပ်၊ ဦးကျော်စိုးလင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးခရိုင် အမှတ် ၆ တပ်ရင်း‌ နောက်တန်းက ရဲဘော်တွေကို လာရောက်တွေ့ဆုံ အားပေးစကားပြောခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ နှစ်သစ်ကူး တော်လှန်လူထု လှုပ်ရှားမှုတစ်ရပ်…

မြန်မာပြည်သူတွေ မြန်မာနှစ်သစ်မှသည် အားလုံး သာကြပါစေ၊ မာကြပါစေကြောင်း၊ သဘာဝဘေး၊ လူလုပ်ဘေးအပေါင်းမှလည်း ကင်းဝေးကြပါစေကြောင်း မန္တလေးမြို့ တော်လှန်လူငယ်တွေက ဆုတောင်းရင်း နှစ်သစ်ကူး တော်လှန်လူထု လှုပ်ရှားမှုတစ်ရပ်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဖော်ဆောင်ခဲ့တယ်လို့ မန္တလေး သပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။