စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွက်ပေါ်လာရေးအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်တဲ့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီကို မနေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဟာ မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံပုဒ်မ ၇၅ အရ အဆိုပါကောင်စီကိုဖွဲ့စည်းလိုက်တယ်လို့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီမှာ ဝန်ကြီးဌာန ရှစ်ခုပါဝင်ပြီးတော့ အုပ်ချုပ်ရေးဌာနကြီး ဥက္ကဋ္ဌနဲ့ ဌာနကြီးမှူး ဦးမြင့်အောင်မိုး၊ ဒုတိယဥက္ကဋ္ဌ ကာကွယ်ရေးနဲ့ လုံခြုံရေးဌာနကြီးမှူး ဦးအောင်မျိုးထက်၊ ရှေ့နေချုပ် ဒေါ်နွေတမာ၊ ဘဏ္ဍာရေး၊ အခွန်နဲ့ သဘာဝသယံဇစီမံခန့်ခွဲရေးဌာနကြီး ဌာနကြီးမှူး ဦးအောင်ဇော်တို့ ပါဝင်ပါတယ်။

ပညာရေးဌာနကြီး၊ ဌာနကြီးမှူး ဦးမြင့်၊ လူငယ် အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာနကြီး ဌာနကြီးမှူး ဦးပြည့်စုံအောင်၊ လူသားချင်းစာနာကူညီရေးနှင့် အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနကြီး ဌာနကြီးမှူး ဒေါ်အေးမြင့်အောင်အောင် နဲ့ ကျန်းမာရေးဌာနကြီး ဌာနကြီးမှူး ဒေါ်တာအောင်ကျော်ဦးတို့နဲ့ အတွင်းရေးမှူး ဦးဌေးတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

မန္တလေးဒေသလွှတ်တော် ပထမအကြိမ် အစည်းအဝေး လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်တာ၊ မန္တလေးဒေသလွှတ်တော်ရဲ့ ရေးရာကော်မတီတွေဖွဲ့စည်းတာ၊ မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းတာတွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကြိုဆိုဂုဏ်ပြုတယ်လို့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး) က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

မန္တလေးဒေသလွှတ်တော်နဲ့ မန္တလေးဒေသအုပ်ချုပ်ရေးကောင်စီက နွေဦးတော်လှန်ရေးကြီး အမြန်ပြီး မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်တဲ့အခါ အထောက်အပံ့ကောင်းဖြစ်စေဟု ယင်းထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ကြားကာလ တိုင်းအုပ်ချုပ်ရေးအစိုးရတွေကို ဖွဲ့စည်းဖို့ ပြင်ဆင်လုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်တွင်းမှာလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ကို ဖွဲ့စည်းခန့်အပ်ခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ငလျင်လှုပ်ခဲ့ပေမယ့် မြန်မာမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအစီအစဉ်ကို ဆက်လုပ်သွားမည်ဟု ရုရှား ဆို

ငလျင်နဲ့ စစ်ဒဏ်သင့် မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ စီမံကိန်းကို ဦးဆောင်နေတဲ့ ရုရှားအစိုးရပိုင်ကုမ္ပဏီက Reuters ကို ပြောပါတယ်။
Read More

ရခိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးထားသူများအနက် ထက်ဝက်ကျော် ပျက်ကွက်၊ မြို့နယ် ၃ ခုတွင်သာ စစ်ကောင်စီ စာမေးပွဲကျင်းပနိုင်

ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၃ ခုမှာသာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ပြီး ဖြေဆိုသူဖို့ရှိတဲ့ လူဦးရေထက် ထက်ဝက်ကျော် ပျက်ကွက်ခဲ့တယ်လို့  အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၁ ယောက် အပါအဝင် ဒေသခံ (၆) ယောက် ထိမှန်ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့က စျေးရပ်ကွက်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၆) ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ်တံတားအနီးကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ် တံတားအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်နေတာလို့လည်း သိရပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျိုက်ထို မုပ္ပလင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၃ ဦး သေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၅ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က သတင်းထုတ်ပြန်ထားပါတယ်။