မကွေးတိုင်း နတ်မောက်မြို့နယ် မြင်းတဲကြီးရွာကနေထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ၉၀၂ တပ်ရင်းရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက် မနက် ၇ နာရီခန့်မှာ နတ်မောက်မြို့နယ် မြင်းတဲကြီးရွာကနေ အင်အား ၉၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို မြင်းတဲကြီး နဲ့ ထနောင်းကုန်းရွာကြားအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ သိရပါတယ်။

အပြန်အလှန်ထိတွေ့ တိုက်ပွဲ ၁ နာရီကျော်ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်မှ ထိခိုက်သေဆုံးသူတွေရှိပေမဲ့လည်း အရေအတွက်အတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် စစ်ကော်မရှင်တပ်သားတွေဟာ ထနောင်းကုန်းရွာထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာ အမှတ် ၁၇ မှ အမှတ် ၉၀၂ တပ်ရင်း ၊ အထူးလှုပ်ရှားစစ်ကြောင်း နဲ့ သရက်ခရိုင်တပ်ရင်း ၁ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

Video-ပေးပို့
0 Shares:
You May Also Like
Read More

အစ္စရေးကို ဒုံးကျည် ၂၀၀ နီးပါး ပစ်ခတ်တိုက်ခိုက်တဲ့ အီရန်အနေနဲ့ ပြန်လည်ပေးဆပ်ရမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော (ရုပ်/သံ)

ဘေရွတ်ခ်မြို့မှာ ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟက်ဆန်နက်စ်ရယ်လာကို လေကြောင်းကနေ တိုက်ခိုက်ရှင်းလင်းခဲ့ပြီးနောက် အစ္စရေးကို လက်တုံ့ပြန်တဲ့အနေနဲ့ အောက်တိုဘာ ၁ ရက် မနေ့ ညပိုင်းက အစ္စရေးနိုင်ငံအနှံ့ကို အီရန်က ဒုံးကျည်ပေါင်း ၂၀၀ ဝန်းကျင်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
Read More

ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအတွင်းရှိ ပျူစောထီးတွေကို လက်နက်ချဖို့ စည်းရုံးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပျူ ၃ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအတွင်းရှိ ပျူစောထီးတွေကို ဖေဖော်ဝါရီ ၂၇ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ချဖို့ သွားရောက်စည်းရုံးစဉ် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၄ တပ်ရင်းထံက သိရပါတယ်။
Read More

ကလေးငယ်တွေအတွက် ဘေးကင်းလုံခြုံတဲ့ ကျောင်းများ တည်ဆောက်နိုင်ရေး ဝိုင်းဝန်းကူညီကြဖို့ ပိုင်ဖြိုးသု တိုက်တွန်း (ရုပ်/သံ)

မြန်မာနိုင်ငံအတွင်း ကလေးငယ်တွေ လုံခြုံစွာ ပညာသင်နိုင်ဖို့အတွက် ဘေးကင်းလုံခြုံတဲ့ ကျောင်းတွေတည်‌ဆောက်နိုင်ရေး အားလုံးဝိုင်းဝန်းကူညီကြဖို့ တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုက တိုက်တွန်းလိုက်ပါတယ်။
Read More

တောင်ငူခရိုင် အမှတ် ၂ တပ်ရင်း၏ တော်လှန်ရေးကာလ ဖြတ်သန်းမှုပုံရိပ်များ (ရုပ်/သံ)

တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းရဲ့ စစ်အာဏာရှင်တော်လှန်ရေး၊ လူထုထောက်ပံ့ရေးနဲ့ ဒေသအကျိုးပြုလုပ်ဆောင်ချက်ဆိုင်ရာ ဖြတ်သန်းမှုပုံရိပ် မှတ်တမ်းရုပ်သံဖိုင်ကို အဆိုပါ တပ်ရင်းက ထုတ်ပြန်ခဲ့ပါတယ်။
Read More

ဗန်းမော်သို့ လာတဲ့ စစ်သင်္ဘော ၇ စီးကို KIA၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၆ စီး ပျက်စီး (ရုပ်/သံ)

ကချင်ပြည်နယ် ရွှေကူမြို့မှ ဗန်းမော်သို့ လာနေတဲ့ စစ်သင်္ဘော ၇ စီးအုပ်စုကို KIA၊ PDF ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၆ စီး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

တရုတ်နိုင်ငံ စီချွန်းပြည်နယ်တွင် အသစ်ဖွင့်လှစ်ထားသည့် တံတားတစ်စင်း ပြိုကျပျက်စီး (ရုပ်/သံ)

တရုတ်နိုင်ငံ စီချွန်းပြည်နယ်မှာ မကြာသေးခင်က အသစ်ဖွင့်လှစ်ထားတဲ့ တံတားတစ်စင်း ပြိုကျပျက်စီးသွားခဲ့ပါတယ်။