စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားရတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းက ကျန်ရစ်ခဲ့တဲ့ သေဆုံးစစ်သားအလောင်းတွေကို လိုက်လံကောက်ယူ မီးရှို့ရှင်းလင်းခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်း စွန့်ပစ်ခံထားရတဲ့ စစ်အုပ်စုဝင်အလောင်းတွေကို ခင်ဦးပကဖ နဲ့ တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာလ ၂၈ရက် မနေ့တစ်နေ့လုံး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရင်းနဲ့ မီးရှို့သဂြိုလ်ပေးခဲ့ရတာဖြစ်တယ်လို့ သိရတာပါ။

စစ်အုပ်စုအလောင်းတွေဟာ ၆ရက်တာကြာလာပြီမို့ အပုပ်နံ့တွေပါထွက်နေပြီး ဒီဇယ်၊ ဓာတ်ဆီဗူးတွေ၊ တာယာကွင်းတွေနဲ့ မီးစာတုတ်တွေ ယူဆောင်အသုံးပြုရင်း ခက်ခက်ခဲခဲ သဂြိုလ်ပေးခဲ့ရတယ်လို့လည်း ခင်ဦးပကဖက ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၂၃ရက်၊ နေ့လည်ပိုင်းက ခင်ဦးမြို့နယ်၊ မုံလှကျေးရွာအတွင်း ၄ရက်ကြာ ယာယီ အထိုင်ချထားတဲ့ ကန့်ဘလူ နည်းဗျူဟာ ၃၃၂ တပ် အပါအဝင် ခမရ-၁၁၁ နဲ့ ကန့်ဘလူဝါသဝလက်အောက်ခံ ပျူစောထီးတွေဟာ ပူးပေါင်းအင်အား ၁၈၀နီးပါးနဲ့ ပျဥ်ထောင် ပျူစောထီးရွာကို စစ်ကြောင်းထွက်လာရင်း လမ်းခုလတ်တစ်နေရာအရောက်မှာ တော်လှန်ရေးတပ်တွေရဲ့ စောင့်ကြိုတိုက်ခိုက်တာကို ခံခဲ့ရပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခံရမှုကြောင့် စစ်အုပ်စုဝင်အများအပြား ထိခိုက်သေဆုံးပြီး စစ်ကြောင်းတစ်ကြောင်းလုံး တပ်ပျက်ကာ အလောင်းတွေပါ မကောက်နိုင်တော့ပဲ ယာယီတပ်စွဲထားတဲ့ မုံလှရွာကို ပြန်လည်ထွက်ပြေးဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
“တိုက်ပွဲမှာ ကစဉ့်ကလျား တပ်ပျက်သွားပြီးတော့ ပြေးကြတာ၊ ပြေးတာတောင်မှ ရိုးရိုးထွက်ပြေးသွားတာ မဟုတ်ဘူး။ လယ်ကွက်တွေထဲမှာ ပုန်းလျှိုးကွယ်လျှိုးနေကြတယ်။ အဲ့မှာဝပ်ပြီးတော့ ခိုအောင်းပြီးတော့ ပုန်းကြတယ်၊ ပုန်းပြီးတော့ပဲ မုံလှရွာထဲကို ပြန်ပြီးတော့ထွက်ပြေးသွားတာ” လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲ့ဒီထိတွေ့ တိုက်ပွဲမှာ စစ်အုပ်စုရဲ့ ငါးကြင်းမှီး(၁)လက်အပါအဝင် MA-1 သေနတ် (၁၀)လက်၊ MA-2 သေနတ် (၃)လက်၊ BA-100/ 60mm ကွန်မန်ဒို စိန်ပြောင်း(၁)လက်၊ MA-3 သေနတ် (၃)လက်၊ MA-4သေနတ် (၁)လက်၊ G-3သေနတ် (၄)လက်၊ MAS Sniper (၁)လက်၊ M1သေနတ် (၅)လက်နဲ့ ဆက်စပ် ကျည် ခဲယမ်း အစုံကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို အမှတ်(၂) ရွှေဘိုခရိုင်၊ အမှတ် (၃)တပ်ရင်း၊ ခင်ဦးမြို့နယ် ပကဖ၊ တိုက်နယ် (၁)(၂)(၃)(၄)(၅) ပကဖတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကြောင်းလိုက်ပြုတ်အောင် တိုက်ခိုက်ခံရပြီး အထိနာခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ နိုဝင်ဘာလ ၂၇ရက်နေ့ ညနေပိုင်းမှာ မုံလှ- ပင်စိမ်းကင်း- ကျီစု- အောင်သာယာ- ကာဘိုးအထိ ဆုတ်ခွာသွားတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ညောင်ဦးမှာ အကြမ်းဖက်စစ်တပ်က ရာနဲ့ချီတဲ့ လူတွေကို ဖမ်းပြီး စစ်မြေပြင်ဆီ အတင်းအကျပ်ပို့ဆောင်နေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အရပ်သားလူငယ်တွေကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်ရင်း မြို့ပေါ်မှာ ရမ်းကားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျုံဒိုးမြို့မှတဆင့် အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန် လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၃၀ ဦးထက်မနည်း သေပြီး တပ်ရင်းမှူးအပါ ၁၀ ဦးခန့်ဒဏ်ရာရ…

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှတဆင့် အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးဖို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား အယောက် ၃၀ ထက်မနည်း သေဆုံးပြီး တပ်ရင်းမှူးအပါအဝင် ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) က ဒီနေ့မှ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

အနန်းကွင်းဗျူဟာကုန်းကို စစ်ကူလာတဲ့ တပ်မ ၄၄ က တစ္ဆေစစ်ကြောင်းကို တိုက်ခိုက်ရာ အများအပြား သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အနန်းကွင်းဗျူဟာစခန်းကုန်းကို စစ်ကူလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှု အများအပြား ရှိတယ်လို့ Lion Battalion စစ်ကြောင်းကမှာ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တပ်မတော်က ဆင်နွှဲနေတဲ့ တရားသောစစ်ကို ပြည်သူတွေက ထောက်ခံနေတယ်လို့ မင်းအောင်လှိုင် ဝါဒဖြန့်ပြောဆို

“ တပ်မတော်ကဆင်နွှဲနေတဲ့ တရားသောစစ်အပေါ် တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ ပြည်သူလူထုတစ်ရပ်လုံးက ဝန်းရံထောက်ခံအားပေးနေပါတယ်"လို့ မင်းအောင်လှိုင်ကပြောပါတယ်။
Read More

ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ် (YGF) မှ ရှေ့တန်းစစ်မြေပြင်များတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဒေါနစစ်ကြောင်း (၂) ၊ ရေးပြောက်ကျားတပ် (YGF) အနေနဲ့ စိုးမိုးနယ်မြေတွေနဲ့ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။‎
Read More

၁၈ မိုင် စစ်ကောင်စီစခန်းကုန်းကို သိမ်းပိုက်ခဲ့တဲ့ PDF တွေကို ပြည်သူတွေက ကြိုဆို (ဓာတ်ပုံသတင်း)

စလင်းမြို့က ၁၈ မိုင် စစ်ကောင်စီစခန်းကုန်း သိမ်းပိုက်နိုင်ခဲ့တဲ့ PDF တွေကို ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တယ်လို့ ပခုက္ကူခရိုင် အ မှတ်(၁၅)တပ်ရင်းက ဒီနေ့ ဧပြီလ ၁၄ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။