အကြမ်းဖက်စစ်တပ်ရဲ့ အယောင်ပြလွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အရေးပါတဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ မပါဝင်လာသေးတဲ့အတွက် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်တာနဲ့ပတ်သက်လို့ အကြမ်းဖက်စစ်တပ်အပေါ် နိုင်ငံတကာဖိအားတွေ ဆက်ရှိနေဦးမှာဖြစ်တယ်လို့ ISP-Myanmar က ဆိုလိုက်ပါတယ်။

စစ်အာဏာသိမ်းမှု ငါးနှစ်တာကာလအတွင်း အကြမ်းဖက်စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူပေါင်း ၃၀,၀၃၉ ကို ဖမ်းဆီးထားခဲ့တာဖြစ်ပြီး အဲဒီအနက် ၁၁,၄၂၄ ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရပြီး၊ ၂၂,၇၀၂ ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်အာဏာသိမ်း ၅ နှစ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ဟာ လွတ်ငြိမ်းချမ်းသာခွင့် ၁၈ ကြိမ်ထိ ကြေညာခဲ့ပြီး အကျဉ်းသူ၊ အကျဉ်းသား ၁၁၂,၉၂၆ ဦး ပြန်လွှတ်ပေးခဲ့ပေမဲ့၊ အဲဒီအထဲမှာ နိုင်ငံရေးနဲ့ဆက်စပ်အကျဉ်းသား ၁၅,၄၄၄ ဦးသာ ပါဝင်ခဲ့ပြီး ဒေါ် အောင်ဆန်းစုကြည်ကဲ့သို့ အရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ စစ်အုပ်စုရဲ့ များစွာသောလွတ်ငြိမ်းတွေမှာ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အာဆီယံမူ ငါးချက်အပါအဝင် သက်ဆိုင်သူ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး အကောင်အထည်ဖော်ဖို့ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက စစ်အုပ်စုကို တောင်းဆိုတိုက်တွန်းထားခဲ့တာဖြစ်ပေမဲ့ စစ်အုပ်စုဘက်ကတော့ အာဆီယံမူငါးချက်ကိုသာမက တောင်းဆိုမှုအားလုံးကို လိုက်နာဆောင်ရွက်တာ မရှိခဲ့ပါဘူး။

ဒါ့အပြင် အရပ်သားပြည်သူတွေအပေါ် ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကိုလည်း ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ် လို့ နိုင်ငံရေးအင်အားစုတွေက ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရေးပါတဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေကို တရားမဝင် စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကတည်းက ဖမ်းဆီးအကျဉ်းချထားခဲ့တာဖြစ်ပြီး မတရားအမှုဆင် စွပ်စွဲကာ နှစ်ရှည်ပြစ်ဒဏ်များ ချမှတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်နှင့် တရုတ် AI အသုံးချရေး နက်ရှိုင်းစွာ လုပ်ဆောင်မည်ဟု ဆို

အကြမ်းဖက်စစ်ကော်မရှင်ဟာ တရုတ်ထံက နည်းပညာ အကူအညီများစွာ ရယူနေပြီး အခုအခါမှာ AI အပါအဝင် ဒစ်ဂျစ်တယ်နည်းပညာအသစ်တွေ အသုံးချနိုင်ရေးအတွက် နက်ရှိုင်းစွာ ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်ကော်မရှင်လက်အောက် သိပ္ပံနှင့် နည်းပညာဝန်ကြီး အောင်ဇေယျ အဖွဲ့နဲ့ ကွမ်ရှီးကွန်မြူနစ်ပါတီ အတွင်းရေးမှူး Mr. Chen Gang တို့တွေ့ဆုံမှာ အခုလို ပြောဆိုခဲ့တာပါ။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲ အောင်ပွဲရ ရဲဘော်များကို ပြည်သူများ သောင်သောင်းဖျဖျ ကြိုဆို… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲနဲ့အတူ အောင်ပွဲရ ပြင်ဦးလွင်ခရိုင်၊ အမှတ် - ၅၀၉ - ၅၁၀ -၅၁၂၊ ပြင်ဦးလွင်ခရိုင်တပ်ရင်း ၁ - ၂ တို့မှ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူများက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

CRPH ၏ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဗကသများအဖွဲ့ချုပ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဇွန်လ ၁၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
Read More

CDM ကျောင်းဆရာမ ဒေါ်အေးသီအောင်နှင့် ခင်ပွန်းဖြစ်သူအား သတ်ခဲ့သည့် တရားခံများကို ဖမ်းမိကြောင်း KNU ထုတ်ပြန်

တနင်္သာရီတိုင်း၊ ပုလောမြို့မှာ နေထိုင်တဲ့ CDM ပညာရေးဝန်ထမ်း ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ အသတ်ခံရမှုအတွက် တရားခံတွေကို ဖမ်းမိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ည ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်းအမှတ်(၂) ၏ နယ်မြေလုံခြုံရေးနှင့် စစ်ရေးလှုပ်ရှားနေမှု မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၂) က နယ်မြေလုံခြုံရေးနဲ့ စစ်ရေးလှုပ်ရှားနေမှု မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ထိုင်းရေပိုင်နက်အတွင်း ငါးဖမ်းလှေတွေကို စစ်ကောင်စီရေတပ်က တိုက်ခိုက်တာဆိုရင် လက်တုံ့ပြန်မယ်လို့ ထိုင်းရေတပ်ပြော ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် အကြမ်းဖက်တာကို မထောက်ခံဘူးလို့ ထိုင်းဝန်ကြီးချုပ် ဆို

စစ်ကောင်စီရေတပ်က ထိုင်းပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ပြီး ထိုင်းငါးဖမ်းလှေတွေကို တိုက်ခိုက်တာဆိုရင် ထိုင်းရေတပ်အနေနဲ့ လက်တုံ့ပြန်ဖို့ အသင့်ရှိကြောင်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Jirapol Wongwit က ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြောပါတယ်။