အကြမ်းဖက်စစ်ကော်မရှင်ဟာ မကြာခင် ကျင်းပမယ့် သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးအကျဥ်းချခံထားရသူတွေကို လွှတ်ပေးကြောင်း ကြေညာထားပေမယ့် မန္တလေး အိုးဘိုထောင်အတွင်း ပုဒ်မ ၅၀၅ (က) နဲ့ အကျဥ်းချခံထားရသူတွေထဲက ၅ပုံ ၁ပုံခန့်သာ လွတ်မြောက်လာခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

အိုးဘိုအကျဥ်းထောင်ထဲမှာ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံထားရသူ တစ်ထောင်ကျော် ရှိနေပေမယ့် မနေ့က နိုဝင်ဘာ ၂၇ ရက်မှာ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၁၆၅ ယောက်နဲ့ အမျိုးသမီး ၆၇ ယောက်၊ စုစုပေါင်း ၂၃၂ ယောက်သာ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

အိုးဘိုထောင်ထဲမှာ ၅၀၅ (က) အပါအဝင် တခြားပုဒ်မတွေ ကပ်ခံထားရသူ ၈၀၀ ကျော် အကျဥ်းထောင်အတွင်း ဆက်လက်ကျန်ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“အခုလွတ်လာတဲ့ သူတွေမှာဆိုရင် ၅၀၅ (က) တမှုတည်းသမားတွေ အများဆုံးပါဝင်နေတာ တွေ့ရပါတယ်။ တခြားမှုတွေပေါ့နော်.. ၅၀၅ (က)၊ ၅၂ (က)၊ ၅၀ (ည) နဲ့ တွဲကပ်လျက်တွေကို လွှတ်ပေးတာ မတွေ့ရသေးပါဘူး” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ရောင်နီလင်းက မောင်းကို ပြောပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့တွင် အိုးဘိုအကျဥ်းထောင်ရှေ့ စောင့်ဆိုင်းနေကြသူများ (ဓာတ်ပုံ လူမှုကွန်ရက်)

ဒါ့အပြင် စစ်ကော်မရှင်က ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရသူတွေကို အမှုပိတ်သိမ်းကြောင်း ပြောဆိုထားသလို အဆိုပါပုဒ်မနဲ့ တရားစွဲခံထားရပြီး ပြည်ပရောက်နေသူတွေ ပြည်တွင်းကို ပြန်လာပြီး မဲပေးနိုင်ကြောင်း ပြောဆိုထားပါတယ်။

စစ်အုပ်စုက သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ တစ်လနီးပါးသာ လိုတော့တဲ့အချိန်မှာ အခုလိုတွေ လုပ်ဆောင်လာတာဖြစ်ပြီး တဖက်မှာလည်း အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံသားတွေကို ပေးအပ်ထားတဲ့ ယာယီခိုလှုံခွင့် (TPS) ကို ရုပ်သိမ်းလိုက်ကြောင်း ကြေညာအပြီးမှာ အချိန်ကိုက် ဆိုသလို ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်ကော်မရှင်က သမ္မတဦးဝင်းမြင့်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားပေါင်း နှစ်သောင်းကျော်ကို ဖမ်းဆီးအကျဥ်းချထားဆဲဖြစ်တယ်လို့ PPNM က ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

မိတ္ထီလာ ဒရုန်းအထူးစစ်ဆင်ရေးအတွင်း ဗိုလ်မှူး ၂ ယောက်အပါ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးပြီး Y-12 လေယာဥ်နှစ်စီး ပျက်စီးခဲ့ကြောင်း NUG တရားဝင်ထုတ်ပြန်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ပစ်မှတ် (၇) ခုကို ဒရုန်းနဲ့ တိုက်ခိုက်ရာ ဗိုလ်မှူး ၂ ယောက်အပါအဝင် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု ရှိပြီး Y-12 လေယာဥ်နှစ်စီး ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီတိုင်းထဲက ရဲစခန်းတွေ စခန်းတစ်ခုကို ရဲ ၅ယောက်နှုန်း ရခိုင်နယ်စပ် ပို့ပေးနေရ

ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို တိုင်းရဲမင်းကြီးအမိန့်နဲ့ ရခိုင်နဲ့ထိစပ်ရာ ဒေသတွေဆီ ပို့ပေးနေရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

နမ့်ဆန်နှင့် နမ္မတူတွင် စစ်တပ် ထပ်မံလေကြောင်းဗုံးကြဲမှုကြောင့် ၃ဦး သေဆုံး၊ ၄ဦး ဒဏ်ရာရ

အောက်တိုဘာ ၁၇ရက် ဒီမနက် ၈နာရီကျော်လောက်မှာ နမ္မတူမြို့ အ.ထ.က(၁) ကျောင်း ဝန်းကျင်ကို စစ်တပ်က ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄ယောက် ထိမှန်ဒဏ်ရာရခဲ့ပြီး စာသင်ဆောင် ၂ ဆောင်နဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “စာသင်ကျောင်း မဖွင့်ပါဘူး။ ဗုံးကျတဲ့နေရာက အ.ထ.က ၁ ထဲ တစ်လုံး၊ စာသင်ကျောင်းအနီးမှာရှိတဲ့ အဆောက်အဦးတစ်လုံးနား ကျတာ၊ အဲ့အဆောက်အဦးထဲမှာရှိတဲ့ အမျိုးသမီး ၄ဦး ဒဏ်ရာရတယ်။ စိုးရိမ်ရတဲ့ အနေအထားတော့ မဟုတ်ပါဘူး” လို့ နယ်မြေခံ သတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

စစ်ကော်မရှင်တပ် ဒုတပ်ကြပ် လက်နက်နှင့်တကွ ယောကာကွယ်ရေးတပ်ထံ အလင်းဝင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ စစ်ကော်မရှင်ရဲ့ ခလရ (၅၀) တပ်က ဒုတပ်ကြပ်တစ်ယောက်ဟာ ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးထံ လက်နက်တွေ ယူဆောင်ကာ အလင်းဝင်ရောက်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကက်သလစ်ဘုန်းတော်ကြီး ဖြစ်စဉ်မှာ အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံးလုပ်ဆောင်ဖို့ NUG အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်း

ကက်သလစ်ဘုန်းတော်ကြီး ဖာသာရ် ဒေါ်နယ်မာတင် အသတ်ခံရမှုအတွက် အမှုမှန်ကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က သူ့အစိုးရအဖွဲ့ကို ပြောကြားလိုက်ပါတယ်။
Read More

PDF ယူနီဖောင်းဝတ် ပုံမှားရိုက်လာသည့် အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များမင်းကွန်းတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်များ ကင်းရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသမှာ PDF ယူနီဖောင်းဝတ်ပြီး စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ရတနာပုံတပ်ဦး (LPDF) စစ်ရေးတာဝန်ခံက မောင်းကို ပြောပါတယ်။