မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသအတွင်း ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး ပြဿနာ အပါအဝင် လောင်းကစားဝိုင်းနဲ့ ရာဇဝတ်မှုတွေ ဆက်တိုက်ဖြစ်လာတဲ့အပေါ် ထိန်းချုပ်နိုင်ဖို့ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ယောတပ်တော် (ခေါ်) Yaw Army (YA) က အသိပေးထုတ်ပြန်လာပါတယ်။

ယောဒေသအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲတာတွေ ပျံ့နှံ့လာမှုနဲ့အတူ ကြေးကြီး လောင်းကစားဝိုင်းတွေ ပေါများလာတာ၊ ရာဇဝတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လာတာကြောင့် ဒေသနေအရပ်သားတွေ စိုးရိမ်ထိတ်လန့်မှုတွေ မရှိရအောင် အခုလို အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် မူးယစ်ဆေးဝါး (WY၊ ဘိန်းဖြူ၊ ဘိန်းမဲ) သုံးစွဲတာ၊ လက်ဝယ်ထားရှိတာ၊ ရောင်းဝယ်ဖောက်ကားတာနဲ့ (ဖဲဝိုင်း၊ ကြက်ဝိုင်း) လို လောင်းကစားဝိုင်းတွေ လုပ်ဆောင်တာမျိုးဖြစ်ဖြစ်၊ တိုင်ကြားလို့ပဲဖြစ်ဖြစ် ယောတပ်တော် (YA) ကနေ တာဝန်ယူ၊ တာဝန်ခံပြီး ဖမ်းဆီးသွားမှာဖြစ်ကြောင်းနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ ထိထိရောက်ရောက် အပြစ်ပေး အရေးယူသွားမှာဖြစ်ကြောင်း ပြောပါတယ်။

လက်ရှိ ယောဒေသအတွင်း လောင်းကစားဝိုင်း တော်တော်များများကို NUG လက်အောက်ခံ ရပ်ကျေးပအဖ ဆိုသူတွေက ကြေးကြီးဝိုင်းတွေအဖြစ် အကောက်ယူ လုပ်ဆောင်ပေးနေတာတွေရှိကြောင်း ယောဒေသတွင်းသတင်းတွေ ဖော်ပြနေတဲ့ ယောအလင်းတန်းအဖွဲ့ကလည်း ပြောထားပါတယ်။

ဒီလိုမျိုးရပ်ကျေး ပအဖတွေနဲ့ ပကဖတွေ ပါဝင်ပက်သက်မှုရှိနေတဲ့အပေါ် မြို့နယ်အဆင့်တာဝန်ရှိသူတွေက ဖမ်းဆီးဖို့ကြိုးစားတာဟာလည်း အခုချိန်ထိ ထိရောက်မှုမရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ရက် ညပိုင်းကလည်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဆောမြို့ပေါ်မှာ ရခိုင်ပြည်နယ်ကနေ လာရောက်တည်းခိုနေထိုင်တဲ့ ကုန်သည် ၄ယောက်ထံက ငွေကျပ် ၁၅သိန်း တန်ဖိုးရှိ WY ခေါ် စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့ ဆက်စပ်ပစ္စည်းတချို့ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

အဆိုပါ ထုတ်ပြန်ချက်အပေါ် Yaw Army (YA) ကို မောင်းသတင်းဌာနအနေနဲ့ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

“အခုလို လောင်းကစားဝိုင်းတွေ မူးယစ်ဆေးတွေကို ထိထိရောက်ရောက် အရေးယူမယ်ဆိုတော့ ကြိုဆိုဝမ်းသာပါတယ်။ ကျနော်တို့လည်း ခဏခဏရေးဖူးပါတယ်။ မူးယစ်ဆေးက နယ်ပေါင်းစုံက ဝင်နေတာပါ။ လောင်းကစားဝိုင်းဆိုလည်း တော်လှန်ရေးထဲကလူတွေ ပါဝင်ပတ်သက်နေတာရှိတယ်။ သိန်းကို ရာနဲ့ချီ လုပ်ကြတာ၊ အနယ်နယ်အရပ်ရပ်က ဖဲသမားတွေ လာကြတာပါ။” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကိုပြောခဲ့ပါတယ်။

 

0 Shares:
You May Also Like
Read More

နွေဦးဖွံ့ဖြိုးရေးဘဏ် အသုံးပြုသူတွေက ရေဘေးသင့် ပြည်သူတွေအတွက် ထပ်မံရရှိတဲ့ လှူဒါန်းငွေ ကျပ်သိန်း ၈၀၀ အထိ ရှိလာ

လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရံပုံငွေအဖြစ် နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) အသုံးပြုသူတွေက ကျပ်သိန်း ၈၀၀ အထိ ထပ်မံလှူဒါန်းထားတယ်လို့ SDB က ထုတ်ပြန်ထားပါတယ်။
Read More

အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ မိုးကုတ်မြို့က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ကလေးမြို့နယ်တိုက်ပွဲအတွင်း CDF – KKG တပ်ဖွဲ့မှ တပ်စိတ်မှူး ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တိုက်ပွဲအတွင်း Chinland Defense Force , Kalay - Kabaw - Gangaw တပ်ဖွဲ့က တပ်စိတ်မှူးတစ်ယောက် ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မိန်းမဖြစ်သူကို သတ်ဖြတ်ခဲ့သူအား PDF ဖမ်းဆီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ ဆယ်ရွာ တိမ်မြုပ်ချောင်းကမ်းအနီး နေအိမ်မှာ ဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ အမျိုးသားကို PDF တွေ လတ်တလောမှာ ဖမ်းဆီးထားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်လာပါတယ်။
Read More

အာဂျင်တီးနား ဖမ်း၀ရမ်းကို အင်တာပိုလ်ကတဆင့် အကောင်အထည်ဖော်ပေးဖို့ Blood Money Campaign က တောင်းဆို

အာဏာသိမ်းစစ်ခေါင်းဆောင် နဲ့ လူပုဂ္ဂိုလ် ၂၅ ဦးကို  အင်တာပိုလ်မှတဆင့် ဖမ်းဆီးမိန့်များထုတ်ပြန်ပေးဖို့ အာဂျင်တီးနားအစိုးရကို Blood Money Campaign - BMC က တိုက်တွန်းလိုက်ပါတယ်။
Read More

ဇွန်လ တတိယပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး အလင်းဝင်လာပြီး ၁၈ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိဟု ပြည်သူ့ပန်းတိုင် ဆို

၂၀၂၅ ခုနှစ် ဇွန်လ တတိယ ရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၃ ယောက် အလင်းဝင်လာပြီး ၁၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။