ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်ထဲရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Ayeyar NyiNaung စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းက နတ်တလင်းမြို့နယ် ရှားဖြူကုန်းကျေးရွာရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်သား ၁ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ် ၄ စီးနဲ့ စကားပြောစက် ၁ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီ ခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၆၊ ဧရာညီနောင်စစ်ကြောင်းနဲ့ နတ္တလင်းပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ ရဲဘော်အသစ်များ ခေါ်ယူနေ (ရုပ်/သံ)

တောင်ပိုင်းစစ်ဒေသ ၊ အမှတ်(၃၂) ဗျူဟာ၊ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ တာဝန်ထမ်းဆောင်ဖို့ ရဲဘော်အသစ်တွေကို လက်ခံခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) က အမျိုးသမီးရဲဘော်တွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ စစ်သင်တန်းပုံရိပ်များ (ရုပ်/သံ)

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဖယ်ခုံPDF( ၁၀၀၆ တပ်ရင်း) က အမျိုးသမီးရဲဘော်တွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ စစ်သင်တန်းပုံရိပ် မှတ်တမ်းရုပ်သံဖိုင်ကို ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

သစ်ရုံကျေးရွာအတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် သစ်ရုံကျေးရွာကို ဒီဇင်ဘာ ၆ ရက်က စစ်ကြောင်းထိုးနေတဲ့ အကြမ်း ဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ကပစ ၂၁ က ထွက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ယာဉ် ၁ စီး ပျက်စီးပြီး ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ဆော-ဆိပ်ဖြူလမ်းပိုင်းတစ်နေရာမှာ ဇန်နဝါရီ ၈ ရက်က ကပစ ၂၁ က ထွက်လာတဲ့ စစ်ယာဉ်တန်းကို ပဒေသာမိုင်း ၇ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း တပ်ခွဲ (၁)ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်‌ကောင်စီလက်အောက်ခံတပ်သား ၈ ယောက် ကင်းယူထားတဲ့ ကင်မွန်းတော်ပျူကင်းစခန်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကင်းမွန်တော်ပျူကင်းစခန်းကို ဧပြီ ၁၉ ရက် နံနက်ပိုင်းက လက် နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Phoenix Army ထံက သိရပါတယ်။