ချင်းပြည်နယ်၊ တီးတိန်မြို့အဝင်ဆိုင်းဘုတ်အနီး တပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲ့ ခလရ ၂၆၉ တပ်သားကို တိုက်ခိုက်ပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF Zoland က ဒီနေ့ သတင်းထုတ်ပြန် ထားပါတယ်။

နိုဝင်ဘာ ၂၇ ရက်က တီးတိန်မြို့အဝင် ဆိုင်းဘုတ်အနီး တပ်စွဲထားတဲ့ ခလရ ၂၆၉ က စစ်ကော်မရှင် တပ်သားတွေကို ချင်းညီနောင်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွင်း စစ်သုံ့ပန်းအချို့ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကာ စခန်းအား ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ တီးတိန်မြို့ရဲ့ လူအဝင်အထွက်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေခြင်းဖြစ်ကာ ချင်းညီနောင်တပ်ဖွဲ့က ပြန်လည်သိမ်းယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – PDF Zoland

0 Shares:
You May Also Like
Read More

အညာမြေတပ်ပေါင်းစု၏ စခန်းခွဲတစ်ခု လေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၃ ဦး ကျဆုံး (ရုပ်/သံ)

အညာမြေတပ်ပေါင်းစုရဲ့ စခန်းခွဲတစ်ခုကို စစ်ကော်မရှင်က စက်တင်ဘာ ၂၈ရက် မနေ့က ညနေပိုင်းမှာ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့အတွက် ရဲဘော် ၃ ယောက်ကျဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

KIA နဲ့ တော်လှန်ရေးတပ်တွေရဲ့ ပန်ဝါမြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ (ရုပ်/သံ)

ကချင်ပြည်နယ် ပန်ဝါမြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေထံကနေ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံလာပါတယ်။
Read More

ပျူရွာမှာ အငတ်ဘေးကြုံ ဒုက္ခရောက်နေသည့် သက်ကြီးရွယ်အို ၇ ဦးကို PDF ရဲဘော်များ ကယ်ထုတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောပျူရွာမှာ အငတ်ဘေးကြုံဒုက္ခရောက်နေတဲ့ သက်ကြီးရွယ်အို ၇ ယောက်ကို ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက်မှာ PDF ရဲဘော်တွေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မောင်းမကန်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ ဒူရကစစ်ကြောင်း ထုတ်ပြန်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဒီနေ့အောက်တိုဘာ ၃၁ ရက်မှာ ဒူရကစစ်ကြောင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီသင်္ဘောအုပ်စုကို လက်နက်ကြီးများ၊ စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ ဗိုလ်လင်းယုန်တပ်ဖွဲ့ ထုတ်ပြန်

မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို လက်နက်ကြီးတွေ၊ စနိုက်ပါတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ဗိုလ်လင်းယုန်တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု ၂ ယောက် ဒဏ်ရာရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။