ပဲခူးတိုင်း၊ ဖြူးမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်အစပ် ပဲခူးရိုးမပေါ်ရှိ ကျေးရွာတွေမှာ အကြမ်းဖက်စစ်အုပ်စုက ၃ လတာအတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ ယောက် အပါအဝင် ပြည်သူ ၁၈ ယောက်ကို ဖမ်းဆီးကာ သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပဲခူးရိုးမ PDF – ဗျူဟာ ၂၂ ထံက သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့တုန်းက ရန်ကုန်-မန္တလေး အမြန်လမ်း (၁၁၅) မိုင်၊ ဘုတရာ ဘုရားအနီးကို စစ်ကော်မရှင်ရဲ့ ၄၃၆ တပ်ရင်းနဲ့ ခလရ (၅) တပ်ရင်းတို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက် ကျီးမနိုးရွာမှာ နေထိုင်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ယောက်နဲ့ တောထဲမှာ မျှစ်ချိုး၊ ဝါးခုတ် လုပ်နေတဲ့ ပြည်သူ ၁၁ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

“ပြည်သူတွေက ဒီနေရာတွေက ဖုန်းလိုင်းက ခက်ခဲတာပေါ့နော်။ စစ်ကြောင်းထိုးလာတာကိုတော့ ပထမတော့ သတင်းရတယ်။ ဒါပေမယ့် သူတို့အနေနဲ့ကလည်း လက်ရှိ အဖမ်းခံရတဲ့နေရာကို ရောက်လာတာကို မသိလိုက်ဘဲနဲ့ အဖမ်းခံလိုက်ရတာ” လို့ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း ၃၇၀၁ တပ်ရင်းမှူး ရဲဘော် မင်းခေါင်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ကွင်းချောင်းဆည်အနီးမှာ တောင်ယာလုပ်ကိုင်နေတဲ့ ကရင်လူမျိုး သားအမိ ၂ယောက်ကိုလည်း မုဒိမ်းကျင့် သတ်ဖြတ်သွားခဲ့ပါသေးတယ်။ အလားတူ နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း အုတ်တွင်း၊ ပေါက်ခေါင်းလမ်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ တပ်မ (၇၇) နဲ့ အုတ်တွင်းမြို့နယ် ၄၈ သင်တန်းဆင်း စစ်အုပ်စုက မိုင် (၂၀) ကျေးရွာ၊ (၁၈) မိုင်၊ (၁၇) မိုင်၊ (၁၆) မိုင်ကျေးရွာတွေထဲကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

“မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးတွေဆိုရင် သူတို့နဲ့အတူ အဖမ်းခံရတဲ့ ပြည်သူတချို့ကနေပြီးမှ သိရတာမျိုးရှိတယ်။ စစ်တပ်က အတင်းအဓမ္မကျင့်တာတွေ သူတို့ မျက်မြင်တွေ့ရှိရတာတွေလည်း ရှိတယ်။ အဲဒီ ဒေသခံပြည်သူတွေထံကပဲ ကျနော်တို့ ပြန်သိရတယ်။ ကျနော်တို့ Dead Body တွေ ပြန်တွေ့ရတယ်။ တချို့ဟာတွေက မှတ်တမ်းဓာတ်ပုံတွေ မရိုက်ယူရတဲ့ အနေအထားလည်းရှိတယ်။ လတ်တလော ဒီကိစ္စမှာပဲ ပြည်သူ ၁၈ ဦးအထိ အသတ်ခံရတာရှိတယ်” လို့ တပ်ရင်းမှူး ရဲဘော် မင်းခေါင်က ပြောပါတယ်။

အထက်ပါ ကျေးရွာတွေထဲကို စစ်ကြောင်းထိုးဝင်ရောက်ပြီးတဲ့နောက် စစ်အုပ်စုက ကျေးရွာတွေထဲ ဒရုန်းနဲ့ ဗုံးသီးတွေ လိုက်လံကြဲချခဲ့သလို နေအိမ်များစွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ကျွန်းစိုက်ခင်း လုပ်ကိုင်နေတဲ့ မိသားစုဝင် ၅ယောက်လည်း သေဆုံးခဲ့ရပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကြောင်းက ဆက်ရှိနေသေးတာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့နဲ့ မကြာခင် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲမှာလည်း ပူးပေါင်းပါဝင်ခြင်း မပြုကြဖို့ အသိပေးပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

Sky Villa ကွန်ဒို သေဆုံးသူများအတွက် တစ်ဦးကို သိန်း ၁၀၀ ကရုဏာထောက်ပံ့ကြေးပေးမည်ဟု ငလျင်အပြီး ၅လကျော်ကြာမှ ကြေညာ၊ တာဝန်ခံမှု၊ တောင်းပန်မှုမရှိသည့် ကုမ္ပဏီကို နစ်နာသူများ ဒေါသထွက်

ငလျင်ဒဏ်ခံနိုင်အောင် ဆောက်လုပ်ထားတယ်လို့ ကြေညာရောင်းချခဲ့ပေမယ့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုအတွင်း ပြိုကျကာ လူပေါင်း ရာနဲ့ချီ သေဆုံးစေခဲ့တဲ့ Sky Villa ကွန်ဒိုရဲ့ တာဝန်ရှိသူတွေက ငလျင်ပြီးလို့ ၅လကျော်အကြာမှာ သေဆုံးသူတစ်ယောက်စီကို သိန်း ၁၀၀ စီ ပေးမယ်လို့ ကြေညာပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ရေးလှုပ်ရှားနေသည့် ပဲခူးခရိုင် PDF အမှတ် ၂ တပ်ရင်း ရဲဘော်များ…

ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း (P2-3702) ၊ တပ်ခွဲ ( ၂ ) က ရဲဘော်တွေရဲ့ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် မြေပြင်စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်တပ်ရင်း (၂၈) မှ ရဲဘော် ကျော်ဇင်ငြိမ်း ကျဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) က  ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

KTV အတူတူ သွားကြရင်း အရာရှိ မူးနေချိန် စစ်မှုထမ်းဆင်း စစ်သား ၂ဦး ခဲယမ်းနှင့်တကွ အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ တပ်မ ၁၀၁ က အရာရှိနဲ့အတူ အပြင်ထွက် ပျော်ပါးတဲ့ စစ်မှုထမ်းဆင်း စစ်သား ၂ ယောက်ဟာ အရာရှိ အလစ်မှာ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

ဆင်ကော်နယ်မြေရဲစခန်းနှင့် စ​​စ်ကူများကိုတိုက်ခိုက်မှုအတွင်း ကား ၁ စီးနှင့် ဒရုန်းများ မီးရှို့ဖျက်ဆီးနိုင်ခဲ့ဟု သရက် PDF ပြော

မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့နယ်အတွင်းက ဆင်ကော်နယ်မြေရဲစခန်းနဲ့ စစ်ကူစစ်ကြောင်းတွေကို (၂) ပတ်ကြာ ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်သေဆုံးမှုတွေအပြင် စစ်ကား (၁) စီးနဲ့ သေခံဒရုန်းတွေ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

မင်းတပ်မြို့ပေါ်တွင် တားမြစ်ပိတ်ပင်ထားသည့် မူးယစ်သေစာနှင့် အရက်၊ ဘီယာများကို ဖမ်းဆီးဖျက်ဆီး

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်မှာ တားမြစ်ပိတ်ပင်ထားတဲ့ မူးယစ်သေစာနဲ့ အရက်၊ ဘီယာတွေကို ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြည်သူ့ရဲဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။