ကျားဖြန့်နှိမ်နင်းရေးကိစ္စမှာ အမေရိကန်နိုင်ငံက ဝင်ရောက်စွက်ဖက်ဖို့ လုပ်ဆောင်နေတာဟာ ပွဲလန့်တုန်း ဖျာခင်း ဖို့သာ ဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။

ပိုမိုကြီးထွားကျယ်ပြန့်လာနေတဲ့ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကနေ အမေရိကန် နိုင်ငံသားတွေကို ကာကွယ်ဖို့အတွက် အမေရိကန်နိုင်ငံက Scam Center Strike Force (SCSF) ကို ဖွဲ့စည်းမယ်လို့ ကြေညာထားပြီး အောက်လွှတ်တော်လည်း မြန်မာ့ကျားဖြန့်နှိမ်နင်းရေးမှာ ပါဝင်ဆောင်ရွက်ဖို့ ဆွေး‌နွေးနေတာ ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်နေမှုနဲ့ ပတ်သက်ပြီး “အမေရိကန်နိုင်ငံက သူတို့နိုင်ငံသားတွေကို အွန်လိုင်းလိမ်လည်မှုကနေ ကာ ကွယ်ဖို့အတွက် Scam Center Strike Force (SCSF) ဖွဲ့ပြီး ဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့သလို အောက် လွှတ်တော်မှာလည်း မြန်မာ့အရေးဆွေးနွေးမှုတွေပြုလုပ်ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှု နှိမ်နင်းရေး ကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့ ပြောဆိုနေတာကလည်း ပွဲလန့်တုန်း ဖျာခင်းတဲ့ ကိစ္စလို့ မြင်တယ်” လို့ ဇော်မင်းထွန်းက ဆိုပါတယ်။

မြန်မာစစ်တပ်က လက်ရှိမှာ ကျားဖြန့်လုပ်ငန်းတွေကို ဟန်ပြ နှိမ်နင်းနေတာဖြစ်ပေမယ့် ဇော်မင်းထွန်းကတော့ သူတို့ စစ်ကော်မရှင်က ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ကျားဖြန့်ကို စစ်ဆင်ရေးတစ်ခုသဖွယ် နှိမ်နင်းနေတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန်အပါအဝင် နိုင်ငံတကာက ကျားဖြန့်လုပ်ငန်းတွေကို ဖြေရှင်းဖို့ အာရုံစိုက်လာချိန်ကျမှ အကြမ်းဖက်စစ်အုပ်စုက ကျားဖြန့်လုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို နှိမ်နင်းပြနေတာဖြစ်ပြီး စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေအရ ကျားဖြန့်လုပ်ငန်းလုပ်ဆောင်ရာမှာ အသုံးပြုတဲ့ အဆောက်အအုံ ၂၅၀ ကျော်၊ နိုင်ငံခြားသား ၂၀၀၀ နီးပါးကို ရှင်းလင်းနှိမ်နင်း ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျားဖြန့်လုပ်ငန်းတွေဟာ ထိုင်း-မြန်မာနယ်စပ်က ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေမှာ အခြေစိုက် လုပ်ကိုင်နေပြီး KNU ခေါင်းဆောင်တွေက နိုင်ငံပိုင်မြေတွေကို နှစ်ရှည်စာချုပ်နဲ့ ပြည်ပနိုင်ငံသားတွေကို ငှားရမ်းကာ တရားမဝင်လောင်းကစားနဲ့ ဒုစရိုက်လုပ်ငန်းတွေကို အခ‌ကြေးငွေယူ၊ ကာကွယ်ပေးနေတယ်လို့လည်း ဇော်မင်းထွန်းက စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ကျားဖြန့်လုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှာ ပိုမိုကြီးထွားလာခဲ့တာဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံ ခမရ (၁၅) မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် နေအိမ်တစ်လုံးပေါ် ကျရောက်ပြီး ၃ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံ ခမရ (၁၅) ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

KIA ပစ်ချမှုကြောင့် စစ်ရဟတ်ယာဉ် ၁ စီး ထိမှန်ပျက်ကျခြင်း စက်ချို့ယွင်းပြီး ပျက်ကျသည်ဟု စစ်ကောင်စီ လိမ်လည်ထုတ်ပြန်

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ် ပစ်ချမှုကြောင့် ပျက်ကျသွားတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ရဟတ်ယာဉ်ကို စက်ချို့ယွင်းမှုကြောင့် ပျက်ကျတယ်လို့ စစ်ကောင်စီက မနေ့က ညပိုင်းမှာ လိမ်လည်သတင်းထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်းမှာ စစ်ကြောင်းသွားကြိုတဲ့ စစ်သားတွေမိုင်းဆွဲခံရ၊ ၂ယောက်သေ ၄ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကြောင်းကြိုပြီးပြန်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၂ယောက်သေပြီး ၄ယောက်အပြင်းအထန် ထိခိုက်ခဲ့ကြောင်း Phoenix DF တပ်ခွဲစာရေး ဂျူပီတာက မောင်းကို ပြောပါတယ်။
Read More

သာယာဝတီခရိုင် PDF တပ်ရင်း ၃ (3803) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ၊ သာယာဝတီခရိုင်တပ်ရင်း ၃ (3803) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲကို ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့မှာ သာယာဝတီခရိုင်အတွင်း ကျင်းပ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပတ်စ်ပို့အမြန်လိုချင်လျှင် ငွေကျပ် ၅ သိန်းကျော်ပေးရမည်ဟု စစ်ကော်မရှင် ထုတ်ပြန်

အရေးကြီး၊ အရေးပေါ်ကိစ္စတွေနဲ့ ပြည်ပထွက်ခွာလို့သူတွေအတွက် နိုင်ငံကူးလက်မှတ်ကို ငွေကျပ် ၅၄၅၀၀၀ ပေးပါက စောင့်ဆိုင်းဖို့မလိုတဲ့ အမြန် ဝန်ဆောင်မှုပေးသွားမယ်လို့ စစ်ကော်မရှင်လက်အောက်ခံနိုင်ငံကူးလက် မှတ်ထုတ် ပေး‌ရေးရုံးက ဇန်နဝါရီလ ၁ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝက်စာ ရှာထွက်သည့် မြေးအဘိုး ၃ ဦးကို စစ်တပ်က ပစ်လို့ ၂ ဦးသေပြီး၊ ၁ ဦးဒဏ်ရာရ…

“သူတို့ကဆင်းရဲတဲ့မိသားစုတွေ၊ (စစ်တပ်) ပတ်ကင်းနဲ့တွေ့ပြီး သူတို့ဆိုင်ကယ်ကို လှမ်းတားတာ … မကြားမိလို့ပဲလားမသိ မရပ်ပေးတော့ …ပစ်ခံလိုက်ရတာ၊ မြေးအဘိုးတွေက ဆိုက်တွဲနဲ့ ဝက်စာ အစာရှာထွက်တာ၊ အဘိုးက ၆၀ ကျော်၊ မြေးတွေက ၂၀ ဝန်းကျင်ပဲ ” လို့ ဆားလင်းကြီးမြို့နယ် သိမ်တော်ရွာခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။