တော်လှန်ရေးအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်မှုတွေ ရှိနေတဲ့အတွက် တော်လှန်ပြည်သူတွေ အသိ၊ သတိနဲ့ ဆင်ခြင်သုံးသပ်ကြဖို့ လွတ်လပ်သော CDM အင်အားစု (Independent CDM Alliance – ICA) က ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

အခုအချိန်ကာလမှာ NUG နဲ့ အကြမ်းဖက်စစ်အုပ်စုတို့ဟာ တရားဝင်အသိအမှတ်ပြုမှု ရရှိရေးအတွက် အပြိုင်အဆိုင် ကြိုးပမ်းနေတဲ့ ကာလဖြစ်တယ်လို့ ရှုမြင်ကြောင်း ICA က ဆိုပါတယ်။

ဒီလိုအချိန် NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ အမျိုးသားဖြစ်သူ ဦးညီညီမင်းတို့ကို တိုင်ကြားမှုတွေ ဖြစ်ပေါ်နေပြီး နစ်နာသူလို့ ယူဆရတဲ့ ဝန်ထမ်းဟောင်းတွေအနေနဲ့လည်း တိုင်ကြားနိုင်တဲ့ အခွင့်အရေး အပြည့်အဝ ရှိရမယ်လို့ နားလည်ကြောင်း ပြောပါတယ်။

ဒီဖြစ်စဥ်အပေါ် လက်ရှိမှာ စုံစမ်းစစ်ဆေး မေးမြန်းနေဆဲ ကာလဖြစ်ပြီး ဒါကို အကြောင်းပြုကာ NUG အစိုးရရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေမှုတွေ ရှိတာကြောင့် တော်လှန်ရေးအပေါ် အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ရေးသားဖြန့်ဝေမှုတွေကို အသိ၊ သတိနဲ့ ဆင်ခြင်သုံးသပ်ကြဖို့ လွတ်လပ်သော CDM အင်အားစု ICA အနေနဲ့ တော်လှန်ရေးအကျိုး မျှော်ကိုးပြီး တိုက်တွန်းကြောင်း ဆိုထားပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာတို့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး တိုင်ကြားသူတွေရဲ့ အခွင့်အရေးအရသော်လည်းကောင်း၊ တိုင်ကြားခံရသူတွေရဲ့ အခွင့်အရေးအရသော်လည်းကောင်း NUG အနေနဲ့  အမှန်တရားပေါ်ပေါက်ရေး အကောင်းဆုံးအစီအမံတွေနဲ့ လုပ်ဆောင်ဖို့လည်း တိုက်တွန်းကြောင်း ICA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

Sample Blogမူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ (၃) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူ PDF က စစ်ကောင်စီတပ်နဲ့ ၃ လအတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၃၀ ခန့် သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် (၇) တပ်ရင်း (ပွင့်ဖြူ PDF) အနေနဲ့ ၃ လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်က ၃၀ ခန့် သေဆုံးကာ ၂၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PNO အဖွဲ့ကို တိုက်ခိုက်၊ စစ်အုပ်စု ၂၀ ဦးခန့် သေဆုံးပြီး ၁ ဦးကို လက်နက်နှင့်အတူ အရှင်ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PNO အဖွဲ့ကို တိုက်ခိုက်ရာ စစ်တပ်က အယောက် ၂၀ ခန့် သေဆုံးပြီး ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်ကောင်စီကြောင့် တစ်ပတ်အတွင်း ကလေးငယ်အပါ ပြည်သူနှစ်ယောက် သေဆုံးခဲ့ရ

တောင်ပိုင်း စစ်ဒေသနယ်မြေအတွင်း စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် တစ်ပတ်အတွင်း ပြည်သူ ၂ ယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့တောင်ပိုင်းစစ်ဒေသက အသိပေး ထုတ်ပြန်ပါတယ်။
Read More

လှိုင်မြို့နယ် ပိတောက်ချောင်း နယ်မြေရဲစခန်းကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်က ပိတောက်ချောင်းနယ်မြေရဲစခန်းကို တော်လှန်ရေးရဲဘော်တွေကနေ‌ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame က သတင်းထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA တရားဝင်ထုတ်ပြန်

တအာင်းပြည် တပ်မဟာ (၂) နယ်မြေ၊ သီပေါမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းအားလုံးကို အောက်တိုဘာ ၁၃ ရက် နေ့လည်ပိုင်း (၁း၀၀)နာရီအချိန်မှာ အလုံးစုံဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့  တအာင်းတပ်မတော် PSLF/TNLA ကတရားဝင်သတင်းထုတ်ပြန်လာပါတယ်။