အတုအယောင်ရွေးကောက်ပွဲကို မဲပေးနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးအကျဉ်းချထားတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကို အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ကြေညာခဲ့ပေမယ့် အမှန်တကယ် လွတ်မြောက်လာသူအရေအတွက်ဟာ ဖမ်းဆီးခံထားရမှုနဲ့ယှဥ်ရင် အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ နိုဝင်ဘာလ ၂၆ ရက်မှာ ထုတ်ပြန်ချက် ၃ခု ကြေညာပြီး ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီး အကျဉ်းချခံထားရသူတွေထဲက ပုဒ်မ ၄၀၁ ခံဝန်နဲ့ လွတ်ငြိမ်းခွင့်ပြုခဲ့သူ ၇၂၄ ယောက်၊ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့သက်သာ လွတ်ငြိမ်းခွင့်ပြုခဲ့သူ ၂၃၆၁ ယောက်၊ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသူ ၅၅၈၀ ယောက်ရဲ့ ကြားနာနေဆဲအမှုတွေကို ပိတ်သိမ်းပေးကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

စစ်ကော်မရှင်ကတော့ အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက်သူ ၁၉၂ ယောက်၊ မန္တလေးအကျဉ်းထောင်ကနေ လွတ်မြောက်သူ ၂၆၅ ယောက်၊ မကွေးအကျဉ်းထောင်က ၁၄ ယောက်၊ ပုသိမ်အကျဉ်းထောင် ၈ ယောက်၊ ဟင်္သာတအကျဉ်းထောင်က ၁၀ ယောက်၊ မြိတ်အကျဉ်းထောင် ၅ ယောက်၊ တောင်ငူအကျဉ်းထောင်က ၆ ယောက်၊ ပခုက္ကူအကျဉ်းထောင်က ၃ ယောက်၊ ကလေးအကျဉ်းထောင်က ၅ ယောက်၊ ပဲခူးအကျဉ်းထောင်က ၁၉ ယောက်၊ မိတ္ထီလာအကျဉ်းထောင်က ၁၁ ယောက် စသဖြင့် လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ် တပ်ရဲ့ လွတ်ငြိမ်းအရ လွတ်မြောက်လာသူတွေကို စောင့်ကြည့်မှတ်တမ်းတင်ခဲ့ရာမှာ နိုဝင်ဘာလ ၂၇ ရက် ညနေ ၄  နာရီအထိ အကျဉ်းထောင် ၁၆ ထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၅၄၉ ယောက်ဝန်းကျင် လွတ်မြောက်လာတယ်လို့ အရေအတွက် သတင်းအချက်အလက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်တပ် အာဏာသိမ်းမှု ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မတရား ဖမ်းဆီးခံရသူ စုစုပေါင်း ၃၀၀၃၉ ယောက်ရှိပြီး အဲဒီထဲက ၁၁၄၂၄ ယောက်ဟာ ထောင်ဒဏ် ချမှတ် ခံထားရတယ်လို့ အေအေပီပီ က ဆိုပါတယ်။

ဒါ့အပြင် လူပေါင်း ၂၂၇၀၂ ယောက် ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အာဏာသိမ်းစကနေ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့သူ စုစုပေါင်း ၂၂၃၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ လွတ်ငြိမ်းသက်သာခွင့် ထုတ်ပြန်ချက်ဟာ အဓိပ္ပာယ်ကောက်ယူမှု လွဲမှားအောင် ဖန်တီးထုတ်ပြန်ထားတာဖြစ်တယ်လို့လည်း ဥပဒေပိုင်းဆိုင်ရာ နားလည်သူတချို့က ပြောဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဝမ်းတွင်းတွင် စစ်မှုထမ်းအတွက် လူငယ်ရာနှင့်ချီ ဖမ်းဆီးခေါ်ဆောင်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ လူငယ်တွေ စစ်မှုထမ်းအတွက် ဆက်တိုက်ဖမ်းဆီးခံနေရပြီး အမျိုးသမီးတွေလည်း ပါဝင်လာသလို လူပြန်ရွေးယူဖို့ ငွေကြေး သိန်းဆယ်နဲ့ချီ ပေးနေရကြောင်း Voice Of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဝက်လက်မြို့ အနောက်ဘက်ကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ မိသားစုဝင် ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့အနောက်ဘက် ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား မိသားစုဝင် ၂ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ PDF တပ်ရင်းအမှတ် ၈၀၃ ၏ တပ်ရင်းမှူး ကျဆုံးရဲဘော်အတွက် ဂုဏ်ပြုအလေးပြုခြင်း အခမ်းအနား ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ကုန်း PDF (တပ်ရင်းအမှတ် ၈၀၃) ရဲ့ တပ်ရင်းမှူး ရဲဘော် ရက်(ဂ်)နာ (ခ) ရဲဘော် C Jadeအတွက် ဂုဏ်ပြုအလေးပြုခြင်း အခမ်းအနားကို အောက်တိုဘာ ၁ ရက် မနေ့က စစ်မြေပြင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

တရုတ်ကောင်စစ်ဝန်ရုံးချုပ် တိုက်ခိုက်ခံရမှုကို NUG က ကန့်ကွက်ရှုံ့ချ

မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံခဲ့ရမှုဖြစ်စဉ်ကို ကန့်ကွက်ရှုံ့ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ  NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် “TRI” ဗျူဟာ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ "TRI"  ဗျူဟာ (ဗျူဟာအမှတ် ၉၃ ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား ပုံရိပ်တွေကို "TRI" ဗျူဟာက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အင်လျားကန်ဘောင်ပေါ် လူငယ် ၂၀ လောက်ကို စစ်တပ် အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေး

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ အင်လျားကန်ဘောင်က လူငယ် ၂၀လောက်ကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးဖို့ စစ်ဆေးခဲ့တယ်လို့ Rangoon Scout Network က ထုတ်ပြန်ပါတယ်။