တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ခလရ (၄၀၄) တပ်ရင်းက စစ်သားတွေ ဂိတ်စခန်းတာဝန်ကျရာကနေ လက်နက်တွေယူဆောင်ပြီး ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း ဗထူးတပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့က ရေဖြူမြို့နယ်၊ ရန်ကင်းရွာ၊ ရန်ကင်းတံတား ကာကင်းဂိတ်စခန်းမှာ တာဝန်ကျနေတဲ့ စစ်သား ၅ ယောက်ဟာ သေနတ် ၅ လက်နဲ့ ကျည်ဆံခဲယမ်းတွေယူဆောင်ပြီး ဗထူးတပ်မတော်ထံ အလင်းဝင် ခိုလှုံခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူတွေထဲ တပ်သား ၁ယောက်ကလွဲလို့ ကျန်တဲ့သူတွေဟာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ စစ်မှုထမ်းတပ်သားတွေဖြစ်ပြီး သူတို့နဲ့အတူ MA (1) သေနတ် ၃ လက်၊ MA (2) သေနတ် ၁ လက်၊ MA (4) သေနတ် ၁ လက်အပြင် ကျည်ဘောက် ၁၇ ခု၊ အီနာဂါဗုံးသီး ၂ လုံးနဲ့ 5.56 ကျည် ၁၁၆၇ တောင့် တို့ပါ ယူဆောင်လာခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အလင်းဝင်စစ်သားတွေအတွက် တစ်ယောက်ကို ငွေကျပ် သိန်း ၄၀ စီ ဆုချီးမြှင့်ရင်း အလင်းဝင်ရောက်လာသူတွေရဲ့ ဆန္ဒအတိုင်း ပြည်ပအလုပ်သွားရောက် လုပ်ကိုင်နိုင်ဖို့ ချိတ်ဆက်ပေးခဲ့ကြောင်း ဗထူးတပ်မတော်က ထုတ်ပြန်ထားပါတယ်။

“သူတို့ထဲ ပစတွေက ပေါ်တာဆွဲခံရတယ်လို့ ပြောပါတယ်။ အဲ့မှာ အခုအလင်းဝင်မယ်ဆိုတော့ သူတို့အစီအစဥ်နဲ့သူတို့ ထွက်ပြေးလာခဲ့တာ။ အဲ့ဒါ ကျနော်တို့ကသတင်းရလို့ သွားခေါ်လာခဲ့တာပါ။ နဂိုကတည်းက ကျနော်တို့ PDF တွေဆီ လာဖို့အတွက် ထွက်လာတာဆိုတော့ သူတို့ လှမ်းပြောလိုက်တာနဲ့ သွားခေါ်ခဲ့တာပါ” လို့ ဗထူးတပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

၂၀၂၅ နှစ်စပိုင်းကစလို့ လက်ရှိအချိန်အထိ တနင်္သာရီတိုင်းအခြေပြု ဗထူးတပ်မတော်ဆီ အလင်းဝင်ရောက်လာသူ ၁၇ ယောက်အထိရှိခဲ့ပြီး အများစုဟာ စစ်မှုထမ်းတပ်သားတွေဖြစ်ကြောင်း သိရပါတယ်။

“အရင် ၁၂ယောက်တုန်းကတော့ လူချည်းသီးသန့်ဆိုတော့ လမ်းစရိတ်ပေးပြီးပဲ နေရပ်ကိုပြန်ပို့ပေးခဲ့ပါတယ်” လို့ ဗထူးတပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

ဗထူးတပ်မတော်ကတော့ ကျရှုံးမှုတွေရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်တပ်ဆီကနေ ပျူစောထီးတွေ၊ စစ်သားတွေ၊ ရဲတွေ ထွက်ပြေးပြီး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ တိုက်တွန်းထားပါသေးတယ်။

လက်နက်ခဲယမ်းများနှင်အတူ အလင်းဝင်ရောက်လာသူများအား ဗထူးတပ်မတော်မှ ဆုကြေးပေးအပ်နေစဥ် (ဓာတ်ပုံ ဗထူးတပ်မတော်)

0 Shares:
You May Also Like
Read More

စလင်းမြို့နယ်တွင် သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်၊ စစ်သား ၃ ဦးသေကာ ၈ ဦးဒဏ်ရာရပြီး ၂ ဦးအရှင်ဖမ်းမိ…

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊စလင်းမြို့နယ်အတွင်းရှိ ကံပြားရွာဘက်ကနေ သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေး လမ်းပိုင်းရှိ စစ်တပ်စခန်းမှ ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက်နှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာ- မန္တလေး လမ်းပိုင်းမှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းမှ ဒုတပ်ကြပ် ၁ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Urban Hunter Force - UHF က ထုတ်ပြန်ထားပါတယ်။
Read More

မြဝတီ-ဝေါ်လေ ကားလမ်းက စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို ထပ်ပြီးသိမ်းပိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း ၂ (Venom Column) က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျောက်မဲတွင် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၄) ဦး သေဆုံးပြီး ကလေးငယ် (၂) ဦးအပါ (၁၄) ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် (၂၃) လုံးနှင့် စာသင်ကျောင်း (၂) ကျောင်း ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်မှာ ဟန်ပြ အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၄) ယောက် သေဆုံးခဲ့ပြီး ကလေးငယ် (၂) ယောက် အပါအ၀င် (၁၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဇီးတောရွာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရ၊ စစ်ရှောင်ပြည်သူ ၁ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ ဇီးတောရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ We Love Myaing အဖွဲ့ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲတပ်စခန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ Tavoy People Liberation Force - TPLF အဖွဲ့ဆီက သိရပါတယ်။