ပဲခူးတိုင်း နတ်တလင်းမြို့နယ်အတွင်းရှိ ဒမငယ်ရဲစခန်းနဲ့ တောင်ညိုကွက်သစ်ရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက် ညပိုင်းက ဒမငယ်ရွာ သစ်ချိုခြုံ(အထွက်တိုးစခန်း) အတွင်းရှိ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရဲစခန်းထဲရှိ စစ်ကော်မရှင်တပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားပြီး တော်လှန်ရေးရဲဘော်တွေ ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တစ်ရက်တည်းမှာပဲ တောင်ညိုကွက်သစ်ရဲစခန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အင်အား ၃၀ ခန့်ရှိတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ မင်းဘူးကျွန်းပျူရွာသို့ ဝင်ရောက်သွားပြီး လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါရဲစခန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက ရှင်းလင်းရေးလုပ်ဆောင်ပြီး ပြန်လည် ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို တပ်ရင်း − ၃၈၀၁ တပ်ရင်းရုံးရဲဘော်များ ၊ တပ်ခွဲ ၂ ,၄,၆,၇ တို့ ပူးပေါင်းကာ လုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်ကို အမြစ်ဖြတ်တိုက်ခိုက်နိုင်ဖို့ Black Panther Column မှ တပ်သားသစ်များ ခေါ်ယူ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက်စစ်ကြောင်း (Black Panther Column) က စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ခိုက်နိုင်ဖို့ တိုက်ခိုက်ရေးနဲ့ ချေမှုန်းရေးတပ်သားသစ်တွေ ခေါ်ယူနေပါတယ်။
Read More

ပုလဲမြို့နယ် ပကဖတိုက်နယ် ၁ ရဲ့ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပကဖတိုက်နယ် ၁ ရဲ့ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၄ ရက်က ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်ခေါင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ဗိုလ်မှူးလိုက်ပါလာသည့် အိမ်စီးကားကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် တောင်လည်စစ်ဆေးရေးဂိတ်ကို လာတဲ့ အကြမ်းဖက်စစ်တပ်ဗိုလ်မှူးလိုက်ပါလာတဲ့ အိမ်စီးကားကို မိုင်း ၂ ကြိမ် ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

တောင်ကိုရီးယား စစ်ကော်မရှင်သံရုံးအနီး ဆန္ဒပြ ပြည်သူများကို ဒေါ်ဇင်မာအောင် သွားရောက် ဂုဏ်ပြုနှုတ်ဆက် (ရုပ်/သံ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကော်မရှင်သံရုံးအနီး ပြုလုပ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သွားရောက်ကာ ဂုဏ်ပြု နှုတ်ဆက်ခဲ့ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမ ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

(၆၃)နှစ်မြောက် တအောင်းတော်လှန်ရေးနေ့အခမ်းအနား ကျင်းပ (ရုပ်/သံ)

ရှမ်းပြည်နယ် မန်တုံမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၂ ရက်က (၆၃) နှစ်မြောက် တအောင်းတော်လှန်ရေးနေ့ အခမ်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။