ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်ထဲရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Ayeyar NyiNaung စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းက နတ်တလင်းမြို့နယ် ရှားဖြူကုန်းကျေးရွာရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်သား ၁ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ် ၄ စီးနဲ့ စကားပြောစက် ၁ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီ ခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၆၊ ဧရာညီနောင်စစ်ကြောင်းနဲ့ နတ္တလင်းပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်းသေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကျောက်လှေကားကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်၂တပ်ရင်းက မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က သရက်ချောင်းမြို့နယ် ကျောက်လှေကားကျေးရွာကို ထပ်မံစစ် ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။
Read More

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ CDF-Mindat ( Drone Team)ရဲ့ တိုက်ပွဲဝင်ပုံရိပ် (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ပွဲဝင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို CDF-Mindat (သတင်း ပြန်ကြားရေး နှင့် မှတ်တမ်းဌာန)မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကင်မ် ကီလို ၈၀ ပြေးသည့် Challenge တွင် ယူကေရောက်မြန်မာများ ပါဝင်အားဖြည့် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ အထိမ်းအမှတ် Challenge အနေနဲ့ သားဖြစ်သူ ကင်မ်က ကီလို ၈၀ ပြည့်အောင် ပြေးနေပါတယ်။
Read More

ရဲဘော်တွေအားလုံး အိမ်ပြန်နိုင်ဖို့ ၁၂/တောင်ပိုင်းသို့အပြန် ကမ်ပိန်း (ရုပ်/သံ)

လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတော့ တောထဲက ရဲဘော်တွေအနေနဲ့ အိမ်ပြန်ဖို့ဆိုတာ အိမ်မက်တခုပါပဲ… ဒါပေမယ့် အခုဆိုရင်တော့ ခုခံတွန်းလှန်စစ်အဆင့်ထိ ရောက်လာတဲ့အချိန်မှာ အိမ်မက်တွေ အလှမ်းမဝေးတော့ပါဘူး။
Read More

နမခ က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က ထွက်လာတဲ့ မိုးကာအုပ်ယာဉ် ၃ စီးနဲ့ သံပြားကာ ၁၀ စီးယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။