လာမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အကြမ်းဖက်စစ်တပ် ကျင်းပဖို့ ပြင်ဆင်နေတဲ့အတုအယောင်ရွေးကောက်ပွဲကို ဥရောသမဂ္ဂပါလီမန်က ငြင်းပယ်လိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထပ်မံအသိအမှတ်ပြုကြောင်း ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်အုပ်စု တစ်ဖက်သတ် ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ တရားမဝင်ဘဲ 

နိုင်ငံတကာ အသိအမှတ်ပြုဖို့အတွက် ကြိုးစားနေတာသာဖြစ်ပြီး ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲရလဒ်ကိုလည်း ရှုတ်ချတယ်လို့ ဆိုပါတယ်။

လက်ရှိ ပြည်သူ‌တွေ ကြောက်ရွံ့နေရတဲ့ ဖိနှိပ်လွှမ်းမိုးမှုခံ‌နေရတဲ့ အခြေအနေမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ တရားမဝင်အုပ်ချုပ်မှုကိုလည်း ပြင်းထန်စွာရှုတ်ချတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီလို အာဏာသိမ်းမှု၊ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ရှိသူ စစ်ခေါင်းဆောင်တွေ စီးပွားရေးလုပ်ငန်းတွေနဲ့ လက်နက်ထောက်ပံ့သူတွေအပေါ် ပစ်မှတ်ထား အရေးယူဖို့ ဒဏ်ခတ်ပိတ်ဆို့ရေး တိုးမြှင့်လိုက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက် ပိတ်ဆို့ဖို့အစီအစဉ် အမြန်ဆုံးချမှတ်နိုင်ရေး တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

အလားတူ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်စပ်နိုင်ငံတွေက စစ်အုပ်စုထံ လက်နက်ခဲယမ်းတွေ၊ စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာတွေကို လွှဲပြောင်းရောင်းချတာ၊ တစ်ဆင့်ခံရောင်းချတာတွေ မပြုလုပ်ဖို့ ပိတ်ပင်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီရွေးကောက်ပွဲရလဒ်ကို အပြည့်အဝ အလေးထားလိုက်နာဖို့နဲ့ အရပ်သားအစိုးရကို ချက်ချင်းပြန်လည်အာဏာအပ်နှင်းဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်ချက်အဖြစ် အပစ်အခတ်ရပ်စဲရေးနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး တောင်းဆိုလိုက်ကြောင်းလည်း ဥရောပသမဂ္ဂပါလီမန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဘယ်လာရုစ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် စစ်လက်နက်ပစ္စည်း ထောက်ပံ့ရေးလုပ်ငန်း တိုးချဲ့နိုင်ဟု JFM ထုတ်ပြန်

မြန်မာနိုင်ငံကိုလာမယ့် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုရဲ့ ခရီးစဉ်မှာ စစ်လက်နက်ပစ္စည်းထောက်ပံ့တာသာမက စစ်ဘက်ဆိုင်ရာပညာနဲ့ လေ့ကျင့်သင်ကြားရေးအတွက်ပါ နှစ်နိုင်ငံဆက်ဆံရေးတိုးချဲ့လာနိုင်တယ်လို့ Justice For Myanmar က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကတဆင့် အပစ်ရပ်ပြီး စည်းလုံးညီညွတ်ကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အပါအဝင် ရည်မှန်းချက် ၃ ရပ်ကို အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲက အာဆီယံ ဘုံသဘောတူညီချက် ဆက်လက်အကောင်အထည်ဖော်ရေးအတွက်ပဲလို့ လာအိုအရာရှိပြော

ဘန်ကောက်မှာ အခုလအတွင်း ပြုလုပ်မယ့် မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ပံ့ပိုးကူညီပေးနိုင်တယ်လို့ လာအို အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။
Read More

တရားမဝင် ငါးဖမ်းမှုကြောင့် ထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဆီ AA လွှဲပြောင်းပေး

ရခိုင်ပြည်နယ်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးဖမ်းမှုကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နယ်ခြားစောင့်တပ် (BGB) ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ရခိုင်သတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

ထိုင်းကို လာမည့် နိုင်ငံခြားသားခရီးသွားများအား ဘတ် ၃၀၀ ပြည်ဝင်ကြေး ကောက်ခံတော့မည်ဟုဆို

"ဒီဝင်ကြေးကို ရှုထောင့်နှစ်မျိုးနဲ့ ကြည့်လို့ရတယ်။ ခရီးသွားတွေကတော့ ဒါကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို့ မြင်ကောင်း မြင်နိုင်ပေမယ့်၊ ဒီပိုထည့်ရတဲ့ ဘတ် ၃၀၀ က သူတို့ ဘေးကင်းဖို့၊ ကောင်းဖို့၊ ခရီးသွား အခြေခံအဆောက်အအုံတွေ ပိုကောင်းဖို့၊ ပိုအဆင်ပြေဖို့ဆိုတာကို အစိုးရက သေချာနားလည်အောင် ရှင်းပြပေးမှာပါ" လို့ ၎င်းက ဆိုပါတယ်။
Read More

အာဆီယံ AHA Centre က ငလျင်အတွက်အကူအညီများပေးအပ်

မြန်မာနိုင်ငံက အင်အားပြင်းငလျင်​ဘေးအတွက် အာဆီယံ AHA Centre က လှူဒါန်းတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတွေ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။