ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်းရှိ ရဲစခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက် ည ၉နာရီလောက်မှာ ဒမငယ်ရွာ သစ်ချိုခြံ (အထွက်တိုးစခန်း) အတွင်းရှိ ဒမငယ်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ရဲစခန်းအတွင်းရှိ ပျူစောထီးတွေနဲ့ စစ်အုပ်စုတွေ ထွက်ပြေးသွားတာကြောင့် စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ည ၁၁ နာရီခွဲလောက်မှာလည်း တောင်ညိုကွက်သစ် ရဲစခန်းကို လက်နက်ကြီးတွေ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် ရဲစခန်းထဲက စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီးတွေဟာ မင်းဘူးကျွန်း ပျူစောထီးရွာထဲကို ထွက်ပြေးဝင်ရောက်သွားခဲ့ပါတယ်။

“စစ်ရေးကာလ မပြီးသေးလို့ ဘာမှဖြေဆိုပေးလို့ မရသေးတာ နားလည်ပေးပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

မင်းဘူးကျွန်း ပျူစောထီးရွာထဲကို အင်အား ၃၀ လောက်နဲ့ ဝင်ရောက်သွားခဲ့တဲ့ စစ်အုပ်စုကလည်း လက်နက်ကြီးတွေလည်း ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကတော့ နိုဝင်ဘာ ၂၈ ရက် ဒီမနက်မှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အထက်ပါ စစ်ဆင်ရေးမှာ တပ်ရင်း ၃၈၀၁ တပ်ရင်းရုံးရဲဘော်တွေနဲ့ တပ်ခွဲ (၂) (၄) (၆) (၇) တို့ တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲဘော်များ၊ တပ်ရင်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း(၉၀၁)ရဲဘော်တွေ၊ တပ်ရင်းမှူးနဲ့ တပ်ရင်းတာဝန်ရှိသူတွေကို တွေ့ဆုံခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီနဲ့ မြိတ်အစပ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ရာ ၅ယောက်သေ

တနင်္သာရီမြို့နယ်နဲ့ မြိတ်မြို့နယ် အစပ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မိတ္ထီလာ ဒရုန်းအထူးစစ်ဆင်ရေးအတွင်း ဗိုလ်မှူး ၂ ယောက်အပါ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးပြီး Y-12 လေယာဥ်နှစ်စီး ပျက်စီးခဲ့ကြောင်း NUG တရားဝင်ထုတ်ပြန်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ပစ်မှတ် (၇) ခုကို ဒရုန်းနဲ့ တိုက်ခိုက်ရာ ဗိုလ်မှူး ၂ ယောက်အပါအဝင် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု ရှိပြီး Y-12 လေယာဥ်နှစ်စီး ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

မအောင်မြင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူများ အပါအဝင် စစ်တပ်အရာရှိတချို့ကို စစ်ကောင်စီက စည်သူဘွဲ့များ ချီးမြှင့်

ဦးသိန်းစိန်လက်ထက်က  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ခဲ့တဲ့ အငြိမ်းစားစစ်တပ်အရာရှိတွေကို အာဏာသိမ်း စစ်ကောင်စီက စည်သူဘွဲ့တွေ ပေးအပ်လိုက်ပါတယ်။
Read More

အာဆီယံအနေဖြင့် NUG နှင့် တိုင်းရင်းသားမဟာမိတ်များ ဖော်ဆောင်နေသည့် နိုင်ငံရေးလမ်းကြောင်းကို ထောက်ပံ့ပေးရန် NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ် ပြောကြား

အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းဖော်ဆောင်နေတဲ့ နိုင်ငံရေးလမ်းကြောင်းကို ထောက်ပံ့မှုပေးဖို့အတွက် NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။
Read More

အာဆီယံအစည်းအဝေးမှာ ဝိုင်းဝန်းကန့်ကွက်နေတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားပြု အရာရှိတစ်ယောက် တက်ရောက်ဦးမယ်လို့ဆို

လာအိုမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်ကောင်စီကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ယောက် တက်ရောက်ဖွယ်ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြောကြားမှုကို NIKKEI Asia သတင်းဌာနက ကိုးကားရေးသားထားပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာ…