ချင်းပြည်နယ်၊ တီးတိန်မြို့အဝင်ဆိုင်းဘုတ်အနီး တပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲ့ ခလရ ၂၆၉ တပ်သားကို တိုက်ခိုက်ပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF Zoland က ဒီနေ့ သတင်းထုတ်ပြန် ထားပါတယ်။

နိုဝင်ဘာ ၂၇ ရက်က တီးတိန်မြို့အဝင် ဆိုင်းဘုတ်အနီး တပ်စွဲထားတဲ့ ခလရ ၂၆၉ က စစ်ကော်မရှင် တပ်သားတွေကို ချင်းညီနောင်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွင်း စစ်သုံ့ပန်းအချို့ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကာ စခန်းအား ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ တီးတိန်မြို့ရဲ့ လူအဝင်အထွက်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေခြင်းဖြစ်ကာ ချင်းညီနောင်တပ်ဖွဲ့က ပြန်လည်သိမ်းယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – PDF Zoland

0 Shares:
You May Also Like
Read More

မြဝတီ ချောင်းဆုံမြစ်တွင် လူငယ် ၄ ဦး ရေကစားရာမှ ပျောက်ဆုံးနေ (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ချောင်းဆုံမြစ်မှာ လူငယ် ၄ယောက် ရေကစားရာကနေ နှစ်မြုပ်ပျောက်ဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

လန်ဆယ်ဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ်သားများ ထမင်းမစားရဘဲ တိုက်ပွဲဝင်နေရကြောင်း ဖမ်းဆီးခံ စစ်သုံ့ပန်းပြောကြား (ရုပ်/သံ

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု များပြားလျက်ရှိတယ်လို့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းက ပြောကြားခဲ့ပါတယ်။ 
Read More

သား ၂ ယောက်အပြင် ခင်ပွန်းဖြစ်သူပါ စစ်မှုထမ်း ပေါ်တာဆွဲခံထားရသည့် မိသားစုအခြေအနေ (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ နေထိုင်တဲ့ မိသားစုတစ်စုက မိခင်ဟာ သား ၂ ယောက်သာမက ခင်ပွန်းဖြစ်သူပါ ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့အတွက် စားဝတ်နေရေးခက်ခဲနေကြောင်း ပြောပြထားတဲ့ ရုပ်သံတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
Read More

ဂန့်ဂေါမြို့ ရဲစခန်းကို Fixed Wings ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ရဲစခန်းကို စက်တင်ဘာ ၁၆ ရက်က Fixed Wings ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သားတွေရဲ့ ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Read More

တော်လှန်ကျောင်းသားလူငယ်တွေရဲ့ ”ကျောင်းသားဟစ်တိုင်သံချပ်” (ရုပ်/သံ)

ဒို့ဖက်ဒရယ် သံချပ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ အနုပညာဝါသနာပါတဲ့ တော်လှန်ကျောင်းသား ကျောင်းသူတွေရဲ့ ''ကျောင်းသားဟစ်တိုင်သံချပ်"ကို ယခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။
Read More

မိုးဗြဲမြို့မှ လွိုင်ကော်မြို့သို့ အင်အား ၈၀ ကျော်နဲ့ ချီတက်လာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၄၀ ခန့်သေကာ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသူ ၆ ယောက်အရှင်ဖမ်းမိ (ရုပ်/သံ)

ကရင်နီပြည်နယ် မိုးဗြဲမြို့မှ လွိုင်ကော်မြို့သို့ အင်အား ၈၀ ကျော်နဲ့ ချီတက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို နိုဝင်ဘာ ၂၅ ရက်က ကုန်းသာကျေးရွာအနီး တော်လှန်ရေးတပ်တွေက တိုက်ခိုက် ခဲ့ရာ ၄၀ ခန့်သေပြီး ၆ ယောက်အရှင်ဖမ်းဆီးမိခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) ထံက သိရပါ တယ်။