အကြမ်းဖက်စစ်တပ် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသား အများအပြား ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်နေရသည့်တိုင် အဆိုပါ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီက ပြည်ပရောက် မြန်မာလုပ်သားတွေကို ကာကွယ်ပေးဦးမယ်လို့ မဲဆွယ်ပြောကြားနေပါသေးတယ်။

စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းမှာ ဘာအခွင့်အလမ်းမှ မရှိတော့တဲ့အတွက် ပြည်ပကိုရောက်နေရတဲ့ မြန်မာလုပ်သားတွေဟာ အခွင့်အရေးတွေ ဆုံးရှုံးနေရပြီး ဒီလူတွေကို ကာကွယ်ပေးဦးမယ်လို့ ကြံ့ခိုင်ရေးဥက္ကဋ္ဌ ခင်ရီက သူတို့ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်း ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

“ကျနော်တို့ နိုင်ငံသားတွေဟာ ပြည်ပမှာရှိနေတဲ့ လုပ်ငန်းရှင်တွေက သူတို့ကို အလုပ်သမားအခွင့်အရေး အပြည့်အဝ မပေးထားဘူးဗျ။ ခင်ဗျားတို့ သိတာပဲ။ ဟိုရောက်ရင် နိုင်ငံကူးလက်မှတ်ကို သိမ်းထားတယ်။ ၁၀ တန်ရင် ၅ကျပ်ပဲပေးတယ်။ စားရတာ သောက်ရတာ လုပ်ရတာ ကိုင်ရတာ အင်မတန်မှ ကျနော်တို့ နစ်နာတယ်။ ပြည်ပခရီးစဥ်မှာ တော်တော်များများ ကျနော်တို့ ဆွေးနွေးဖူးတယ်။ ဒီအတွက်လည်း ကျနော်တို့ အဖြေရှာဖူးတယ်။ ချုပ်ပြောရရင် ပြည်ပမှာ ကျနော်တို့နိုင်ငံအတွက် အလုပ်အကျွေးပြုနေတဲ့ သူ့မိသားစုအတွက် အလုပ်အကျွေးပြုနေတဲ့ အဲဒီပုဂ္ဂိုလ်တွေ အကာအကွယ်ရအောင် ကျနော်တို့ လုပ်ရမယ်။ ဒါက တာဝန်တစ်ရပ်ပဲ” ခင်ရီက ဆိုပါတယ်။

၁၉၊ ၁၁၊ ၂၀၂၅ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းခြင်းနှင့် အောင်နိုင်ရေးအလံအပ်နှင်းပွဲအခမ်းအနားတွင်
ပါတီဥက္ကဋ္ဌ ခင်ရီက ပါတီ၏ရွေးကောက်ပွဲကြေညာစာတမ်းပါ အချက်များအား ရှင်းလင်းဆွေးနွေးနေစဉ်

အလုပ်သမားတွေရဲ့ လုပ်ခလစာ နေ့တွက်စရိတ်တွေနဲ့ ပတ်သက်ပြီး ပုဂ္ဂလိကနဲ့ အစိုးရ ကွဲပြားခြားနားနေတာတွေကို အနီးစပ်ဆုံး ကိုက်ညီအောင် လုပ်ပေးမယ်လို့ ပြောပြီး ခင်ရီက ဆွဲဆောင်စည်းရုံးခဲ့သလို ပြည်ပမှာရှိတဲ့ အလုပ်သမားတွေ ကိစ္စကတော့ ကျိန်းသေလုပ်မယ်လို့ ဆိုခဲ့ပါတယ်။

“ကျနော်တို့ ဘယ်လိုလုပ်မလဲ။ နှစ်နိုင်ငံအစိုးရချင်း နားလည်မှု စာချွန်လွှာပေါ့ဗျာ MOU ထိုးမယ်။ ခင်ဗျားတို့နိုင်ငံမှာရှိတဲ့ ကျနော်တို့လုပ်သားတွေကို တရားဝင်လုပ်သားတွေအဖြစ် မှတ်ပုံတင်ပေးပါ။ ဆိုရင် သူတို့သည် နံပါတ် (၁) ဥပဒေအရ အကာအကွယ်ရသွားမယ်။ သူတို့ကို ထင်တိုင်းနှိပ်စက်လို့မရတော့ဘူး။ သူတို့က တရားဝင် ကျနော်တို့နိုင်ငံက လုပ်သားဖြစ်သွားပြီ.. ပြည်ပမှာရှိတဲ့ ကျနော်တို့ တရားမဝင်လုပ်သားတွေကို တရားဝင်ဖြစ်အောင် သူတို့ရဲ့ ငွေလွှဲပြောင်းမှုကို သူတို့လည်းအကျိုးရှိ၊ သူတို့မိသားစုလည်းအကျိုးရှိ၊ နိုင်ငံတော်လည်းအကျိုးရှိ အခွန်ရဆိုတဲ့ သုံးဦးသုံးဖလှယ် win-win situation ဖြစ်အောင် မဖြစ်မနေ ဖန်တီးမယ်လို့ ပြောချင်တယ်။”

လက်ရှိ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားပြီး အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတွေ၊ စစ်တပ်ရဲ့ စစ်မှုထမ်းပေါ်တာဆွဲ ဖမ်းဆီးမှုတွေကြောင့် မြန်မာလူငယ်အများအပြားဟာ ပြည်ပနိုင်ငံတွေကို တရားဝင်ရော၊ တရားမဝင်ပါ ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်

0 Shares:
You May Also Like
Read More

PDF နှင့် မဟာမိတ် တိုင်းရင်းသားတပ်ဖွဲ့များ လက်တွဲညီညီ ကြိုးစားရင် တော်လှန်ရေး ဘုံရည်မှန်းချက်များ မဝေးတော့ ဟု NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအားလုံး လက်တွဲညီညီ ကြိုးစားမယ်ဆိုရင် ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးဟာ မဝေးတော့တဲ့ လက်တကမ်းအကွာမှာ ရောက်ရှိနေပြီလို့ NUG က ပြောပါတယ်။
Read More

BPLA မွေးနေ့အခမ်းအနားကို TRI ဗျူဟာမှူး တက်ရောက် ဂုဏ်ပြုစကားပြောကြား

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI ဗျူဟာ) ရဲ့ ဗျူဟာမှူးက အမှတ် (၃၀၈) အညာစစ်ဒေသရှိ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ (၄) နှစ်ပြည့် မွေးနေ့အခမ်းအနားကို တက်ရောက်ကာ ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးအတွက် သားတစ်ယောက် ပေးဆပ်လိုက်ရတဲ့ မိခင်ကို ဆွဲကြိုးနဲ့ နားကပ် ဂုဏ်ပြုဆင်မြန်းပေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော်ကနေ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့တဲ့ ရဲဘော်တစ်ယောက်ရဲ့ မိခင်ကို ကျပ်ငွေ ၄၅ သိန်းတန်ဖိုးရှိ ဆွဲကြိုးနဲ့ ကျောက်နီနားကပ်တို့ကို ဂုဏ်ပြု ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

၅၄ ရက်ကြာ တိုက်ခိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအကြောင်း အသေးစိတ်ကို NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင်ထုတ်ပြန်…

စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က တရားဝင်သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်ကောင်စီရဲ့ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့သား မင်္ဂလာဧည့်ခံပွဲကို ကာမီကာဇေဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်ခဲ့

နေပြည်တော် MICC2 မှာပြုလုပ်တဲ့ စစ်ကောင်စီတပ်ရဲ့ ထိပ်တန်းအရာရှိ ဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့သား မင်္ဂလာဧည့်ခံပွဲကို ကာမီကာဇေ (အသေခံ) ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ရှားထူးဝေါ်အဖွဲ့က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမှာ စစ်တပ်နဲ့ MBT ၃ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၁၅ ယောက်ထက်မနည်း သေ၊ အထိနာတဲ့ စစ်တပ်က လေကြောင်းကနေ ဗုံးသီးအလုံး ၁၀၀ကျော် ကြဲချပြီး ရွာ​​​တွေကို စစ်ကြောင်းဝင် မီးရှို့လူသတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၃ရက်ဆက်ဖြစ်ပြီး စစ်ကောင်စီဘက်က  ၁၅ယောက်ထက်မနည်း သေဆုံးကာ အများအပြားဒဏ်ရာရခဲ့သလို ဒရုန်းတွေကိုလည်း ပစ်ချသိမ်းဆည်းနိုင်ခဲ့တယ်လို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။