အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကနေ ဖမ်းဆီးရမိထားတဲ့ နိုင်ငံခြားသားတွေကို ထိန်း သိမ်းစောင့်ရှောက်ထားရတာဟာ ကုန်ကျစရိတ်များပြားပြီး တစ်နှစ်အတွင်း ငွေကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော် သုံးစွဲကုန်ကျခဲ့ရတယ်လို့ အကြမ်းဖက်စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းကနေ ဖမ်းဆီးရမိထားတဲ့ နိုင်ငံခြားသားတွေအတွက် တစ်ယောက်ကို တစ်နေ့ ကျပ် ၁၅၀၀၀ သုံးစွဲကုန်ကျနေရပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကနေ လက်ရှိ နိုဝင်ဘာလနောက်ဆုံးပတ်ထိ စုစုပေါင်းငွေကျပ် ၁,၃၃၆,၀၅၀,၀၀၀ ကျပ် သုံးစွဲကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

“နိုင်ငံခြားသားတွေကို သူတို့နိုင်ငံရဲ့ အစိုးရတွေ လာမခေါ်မချင်း သူတို့ကို ထိန်းသိမ်းထားရတဲ့တာဝန် အင်မတန် ကြီးပါတယ်။ တစ်နေ့တာလိုအပ်တဲ့ အစားအစာအပြင် သောက်ရေ၊ သုံးရေကအစ ဝတ်စရာနဲ့ အိပ်ရာအဆုံးအားလုံးကို နိုင်ငံတော်က ဖြည့်ဆည်းပေးထားရတာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံသိက္ခာမကျအောင် အခုလို ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ ကိုယ့်နိုင်ငံသားကို အမြန်ဆုံး လာရောက်ခေါ် ဆောင်ပေးကြဖို့ကိုလည်း ပြောကြားလိုပါတယ်” လို့ ‌ဇော်မင်းထွန်းက ပြောပါတယ်။

စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ လက်ရှိအချိန်ထိ ကျားဖြန့်လုပ်ငန်းတွေ ကနေ ဖမ်းဆီးရမိခဲ့တဲ့ နိုင်ငံခြားသား ၁၃၀၀၀ နီးပါးရှိခဲ့ပြီး အဲဒီထဲက ၁၀၀၀၀ နီပါးကို ထိုင်းနိုင်ငံကတဆင့် သက် ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ   ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်ကနေ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်အထိ နိုင်ငံပေါင်း ၅၂ နိုင်ငံက နိုင်ငံခြားသား ၆၈၅၈၂ ယောက်ကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ကျန်ရှိနေတဲ့ နိုင်ငံခြားသားတွေကိုလည်း ပြန်လည်လွှဲပြောင်းပေးဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ 

အာဏာသိမ်းစစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းရဲ့ ပြောကြားချက်အရ အဆိုပါ နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံဘက် တရားမဝင် လမ်းကြောင်းတွေကတဆင့် နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံထဲကို ဝင်ရောက်လာခဲ့ကာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခဲ့ကြတာလို့ ဆိုပါတယ်။

“ဖမ်းဆီးထိန်းသိမ်းရမိတဲ့ နိုင်ငံခြားသားတွေရဲ့ ထွက်ဆိုချက်တွေကိုကြည့်ရင် သူတို့ဟာ ထိုင်းနိုင်ငံဘက်ကနေ မြန် မာနိုင်ငံထဲကို ဝင်ရောက်လာတာဖြစ်ပြီး ဒါကိုလည်း ကျနော်တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အလားတူထွက်ဆိုချက်တွေ လည်း ကျနော်တို့ဆီမှာ အများကြီးရရှိထားပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တကယ်တမ်း စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF ဟာ ကျားဖြန့်လုပ်ငန်းတွေထံက နှစ်စဥ် ဒေါ်လာ သန်းနဲ့ချီ ရရှိနေကြောင်း United States Institute of Peace (USIP) ရဲ့ အစီရင်ခံစာက ဆိုထားပါတယ်။ BGF က ကျားဖြန့်လုပ်ငန်းတွေဆီက ရရှိတဲ့ ငွေတွေရဲ့ ၅၀ ရာခိုင်နှုန်းကို အာဏာသိမ်းစစ်တပ်ကို ခွဲဝေပေးနေတယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေလည်း ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

သန်လျင်မြို့ အမှတ် ၁ ရေနံချက်စက်ရုံ ဧရိယာကို အကြမ်းဖက်စစ်တပ် ညမထွက်ရ အမိန့်ထုတ်

ရန်ကုန်တိုင်း၊ သန်လျင်မြို့က အမှတ် ၁ ရေနံချက်စက်ရုံ ဧရိယာတစ်ခုလုံးကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၂၁ ရက်ကစလို့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူတွင် စစ်ကြောင်းဝင်စစ်အုပ်စုက အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့၊ ကလေးငယ်နှင့် အမျိုးသမီးများအပါ အရပ်သား ၁၆ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သား ၂ ယောက်ကို ရွာထဲဝင်ရောက် ပစ်ခတ်သတ်ဖြတ်ရင်း ကလေးငယ်နဲ့အမျိုးသမီးတွေအပါ ၁၆ ယောက်ကို ဖမ်းဆီးခေါ်​ဆောင်သွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်တပ်နှင့် လက်တွဲညီသူကိုသာ မဲထည့်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မရှက်မရွံ့ မဲဆွယ်

ဒီမိုကရေစီစနစ် ပျက်စီးအောင် လက်နက်နဲ့ အာဏာသိမ်းလိုက်တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ရွေးကောက်ပွဲက အလွန်အရေးကြီးတဲ့အတွက် စစ်အုပ်စုနဲ့ လက်တွဲညီသူကိုသာ မဲထည့်ဖို့ မရှက်မရွံ့ ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို အရေးယူနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းမည်ဟု NUG ထုတ်ပြန်

မန္တလေးတိုင်း၊ သပိတ်ကျင်း၊ လိပ်ကျရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုနဲ့အတူ နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို အရေးယူနိုင်ဖို့ အစွမ်းကုန်တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မော်လမြိုင်ကျွန်းမြို့ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အာဂတိလိုက်စားလို့ဆိုပြီး နယ်ပြောင်းရွှေ့ခံရ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့က အကြမ်းဖက်စစ်တပ်လက်အောက်ခံ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သီဟဇော်ကို အာဂတိလိုက်စားမှုနဲ့ ပုသိမ်တိုင်းရုံးမှာ ခေါ်စစ်ဆေးရာကနေ နိုဝင်ဘာ ၂ ရက်​မှာ မုံရွာမြို့ကို ပြောင်းရွှေ့လိုက်ကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ပဲခူးရိုးမအစပ်ရှိ ရေငံကျေးရွာတွင် အထိုင်ချထားသည့် စစ်အုပ်စုကို သွားရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး…

“ထိတွေ့မှုဖြစ်တာက သူတို့တပ်စွဲအထိုင်ချထားတဲ့နေရာကို ဝင်ပစ်တာပါဗျ ၊ စခ ဘက်က သေဆုံးမှုက မြေပြင်ထောက်ပို့ ပြည်သူတွေဆီက အတိအကျသိရတာပါ ၊ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တပ်ခွဲမှူး ဗိုလ်တိမ်တိုက် က မောင်းသတင်းဌာနကို ပြောပါတယ်။