မတရားသဖြင့် စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံတကာရဲ့ ဖိအားတွေ၊ အခွင့်အရေးဆိုတာ တိုက်ယူရမယ်ဆိုတဲ့ အတွေးအခေါ်တွေနဲ့အတူ လူငယ်တွေကို လမ်းမှားရောက်အောင် တွန်းပို့နေတယ်လို့ စစ်တပ် လက်ဝေခံ ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး သောင်းအေးက ပြောပါတယ်။

လာမယ့် အရွေးကောက်ပွဲအတုမှာ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မယ့် ကြံ့ခိုင်ရေးအတွင်းရေးမှူး သောင်းအေးက ကျီနီကျေးရွာနဲ့ သီးကုန်းကျေးရွာတို့က ဒေသခံတွေနဲ့ တွေ့ဆုံစဥ် အခုလို ပြောခဲ့တာပါ။

“နိုင်ငံတကာက ဖိအားတွေပေး၊ ပေးပြီးတော့ ကျနော်တို့တိုင်းပြည်အတွက် အရင်းအနှီးတွေ ဘာတွေမရဘူး။ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေလည်း လာပြီးတော့ ရင်းနှီးမြှုပ်နှံလို့ မရဘူး။ အဲ့တော့ ကျနော်တို့မှာ အလုပ်အကိုင် မရှိဘူး။ အခွင့်အလမ်းတွေ မရှိဘူး။ မရှိတော့ ဘာဖြစ်လဲ၊ လူငယ်တွေ အကုန်လုံးက တခြားတိုင်းပြည်တွေပဲ သွားပြီးတော့ အလုပ်လုပ်ကြတယ်။ ဒါ့အပြင် ပိုဆိုးတာက ခုနက ပြောသလို အခွင့်အရေးဆိုတာ တိုက်ယူမှရမယ်ဆိုတဲ့ အတွေးခေါ်တွေနဲ့ လူငယ်တွေကို လမ်းမှားကို ပို့ပစ်လိုက်တယ်။ နှမြောဖို့ အရမ်းကောင်းတာပဲ။ အဲ့တော့ ကျနော်ကတော့ ကိုယ့်ဆွေတွေမျိုးတွေ၊ ညီအကိုမောင်နှမတွေမလို့ ဒီစကားတွေလည်း ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပြောတာ။ အဖြစ်မခံနဲ့တော့” လို့ သူက ဆိုပါတယ်။

ရွေးကောက်ပွဲအတုတွင် ပျော်ဘွယ်မြို့နယ်မှ ဝင်ပြိုင်မည့် သောင်းအေး

တကယ့်လက်တွေ့မှာ ကြံ့ခိုင်ရေးပါတီရဲ့ ကျောထောက်နောက်ခံ စစ်တပ်က တိုင်းပြည်မှာရှိတဲ့ အရာမှန်သမျှကို နိုင်ငံတော်အပိုင် ငါ့အပိုင် လုပ်ကာ အရပ်သားအစိုးရကို သေနတ်ထောက် ဖြုတ်ချပြီး မတရား စစ်အာဏာသိမ်းခဲ့တာကြောင့် လူငယ်တွေဟာ သူတို့ဘဝတွေကို စတေးပြီး စစ်တပ်ကို တွန်းလှန်နေကြတာ ဖြစ်ပါတယ်။

“ကျနော်တို့က မညီညွတ်တဲ့အခါ နိုင်ငံတော်က ချမှတ်ပေးထားတဲ့ မူဝါဒတွေ၊ လမ်းစဉ်တွေကို ကိုယ်နဲ့မတိုက်ဆိုင်တဲ့အခါကျတော့ မလုပ်ချင်တော့ဘူး၊ ဒီလိုတွေ ဖြစ်လာတယ်။ ဒါတွေက ဘယ်လိုပြောမလဲ ဆိုတော့ မကောင်းဘူးပေါ့။ တိုင်းပြည် မတိုးတက်ရခြင်းက အဲ့ဒါပဲ” လို့ သောင်းအေးက ပြောခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

MLA မှ တပ်ပြေးရဲဘော် ၅ ဦးကို ထုတ်ပြန်ကြေညာ

မွန်ပြည်နယ်ခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တပ်ဖွဲ့ ကနေ တပ်ပြေးရဲဘော် ၅ယောက်ကို ဒီနေ့ ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။ 
Read More

ကယန်းအမျိုးသားနေ့မှာ ကယန်းဒေသ သိကျိတ်ရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ကယန်းပြည်သစ်ပါတီ ရှုတ်ချ

စစ်ကောင်စီက ကယန်းအမျိုးသားနေ့ ကျင်းပရာ သိကျိတ်ရွာကို ဗုံးကြဲခဲ့မှုအပေါ် ကယန်းပြည်သစ်ပါတီက ရှုတ်ချကန့်ကွက်လိုက်ပါတယ်။
Read More

နောင်ချိုမြို့နဲ့ နမ့်ဆန်မြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံးအပါအဝင် ဗုံး(၈)လုံး လာရောက်ကြဲချလို့ ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နဲ့ ​နမ့်ဆန်မြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး (၂) လုံးအပါအဝင် ဗုံး (၈) လုံး လာရောက်ကြဲချမှုကြောင့် ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့နဲ့ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

နှစ်ပေါင်း ၃၀ ကြာပြီးနောက် မာနယ်ပလောမှာ ပထမဆုံးအကြိမ် ကရင့်တော်လှန်ရေးနေ့ ပြန်လည်ကျင်းပ

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

မိတ္ထီလာတွင် တညတည်း လူငယ် ၂၀ ကျော် ပေါ်တာဆွဲခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ တညအတွင်း စစ်တပ်က လူငယ် အယောက် ၂၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ မတ္ထီလာမြို့ရဲ့ တပ်တွင်းသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ကာလရှည်စစ်ရှောင်နေသည့် ရွာအုပ်စုကို တပ်မ ၆၆ လက်အောက်ခံ တပ်များ ဝင်ရောက်မီးရှို့၊ နေအိမ် ၄၀ ကျော်နှင့် ဘုန်းကြီးကျောင်း ၁လုံး မီးလောင်ဆုံးရှုံးခဲ့

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ တပ်မ (၆၆) လက်အောက်ခံ စစ်ကောင်စီတပ်တွေက ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေရတဲ့ သစ်ပုတ်ရွာအုပ်စုကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အလုံး ၄၀ ကျော်နဲ့ ဘုန်းတော်ကြီး ၁ကျောင်း မီးလောင်ပျက်စီးသွားကြောင်း သိရပါတယ်။