အတုအယောင် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ ပုဒ်မ ၅၀၅  (က) နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရသူတွေထဲက အကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၃၀၈၅ ယောက်ကို အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းခွင့်ပေးမယ်လို့ မနေ့က ကြေညာခဲ့အပြီး ဒီနေ့မှာ အင်းစိန်အကျဉ်းထောင်က အယောက် ၁၉၀ ကျော် လွတ်လာခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ စာရင်းအရ အင်းစိန်အကျဉ်းထောင်မှာ ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီး အကျဉ်းချခံထားရသူတွေထဲက ၁၉၂ ယောက် ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးကြည်တိုး၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဖိုးသားစတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူလူထု လက်မခံတဲ့ အတုအယောင် ရွေးကောက်ပွဲကို စစ်တပ်က ကျင်းပဖို့ တစ်လနီးပါးသာ လိုတော့တာဖြစ်ပါတယ်။ အဆိုပါရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံသားတွေအပေါ် ပေးအပ်ထားတဲ့ ယာယီအမေရိကန်က ယာယီခိုလှုံခွင့် TPS ရုတ်တရက် ဖျက်သိမ်းပြီးနောက် မြန်မာနိုင်ငံသားတွေ ပြန်လာပြီး မဲပေးနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးအကျဉ်းချခံထားရသူတွေထဲက ပုဒ်မ ၄၀၁ ခံဝန်နဲ့ လွတ်ငြိမ်းခွင့် ၇၂၄ ယောက်၊ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့သက်သာ လွတ်ငြိမ်း ၂၃၆၁ ယောက်၊ ပုဒ်မ ၅၀၅ (က) နဲ အမှုဖွင့်ခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသူ ၅၅၈၀ ယောက်ရဲ့ ကြားနာနေဆဲအမှုတွေကို ပိတ်သိမ်းပေးခဲ့တယ်လို့ ပြောပါတယ်။

ဥပဒေပိုင်းဆိုင်ရာ နားလည်သူတချို့ရဲ့ ပြောဆိုချက်အရ အကြမ်းဖက်စစ်တပ်ရဲ့  လွတ်ငြိမ်းသက်သာခွင့် ထုတ်ပြန်ချက်ဟာ အဓိပ္ပါယ်ကောက်ယူမှု လွဲမှားအောင် ဖန်တီးထုတ်ပြန်ထားတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ အမိန့်အမှတ် ၁၀/၂၀၂၅ အရ ပုဒ်မ ၅၀၅-(က) နဲ့ ပြစ်ဒဏ်ကျခံသူ ၇၂၄ ယောက်ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုခဲ့ပေမယ့် ‘နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်” လို့ ၄၀၁ ခံဝန်နဲ့ လွတ်ငြိမ်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အလားတူ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားအကျဉ်းသူ ၂၃၆၁ ယောက်ကို အမိန့်အမှတ် ၁၁/၂၀၂၅ အရ ၅၀၅ (က) ပြစ်ဒဏ်ကနေ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တာဖြစ်ပြီး ကျန်ပုဒ်မတွေနဲ့ပါ ပြစ်ဒဏ်ကျခံနေရရင်တော့ ထောင်ဒဏ် ဆက်လက်ကျခံနေရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် အမိန့်အမှတ် ၁၂/၂၀၂၅ အရ အမှုပေါင်း ၅၅၈၀ ကို ပိတ်သိမ်းပေးတာဟာ ပုဒ်မ ၅၀၅-က နဲ့တရားစွဲခံရလို့ တိမ်းရှောင်နေတဲ့အတွက် ပုဒ်မ ၅၁၂ နဲ့ ထပ်ဆင့်တရားစွဲခံထားရတဲ့ အမှုကိုသာ ပိတ်သိမ်းပေးတာဖြစ်ပြီး  တခြားသော အမှုတွေနဲ့ တရားစွဲခံထားရရင်တော့ ဖမ်းဆီးခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ပျူရွာအတွက် ရိက္ခာလာပို့သည့် စစ်အုပ်စု လက်နက်ကြီးပစ်လို့ ဒေသခံ ၁ဦး သေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ပျူရွာကို ရိက္ခာပို့ဖို့လာတဲ့ စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ Chaung U Revolution News – CRN ထံက သိရပါတယ်။
Read More

အာဆီယံဟာ မြန်မာ့အရေးကို ဖြေရှင်းပေးခြင်းထက် စစ်အုပ်စုကို အကာအကွယ်ပေးနေတယ်လို့ Blood Money က ထုတ်ပြန်

အာဆီယံက မြန်မာအရေးမှာ ကူညီပေးခြင်းမဟုတ်ဘဲ စစ်အုပ်စုကိုသာ အကာအကွယ်ပေးနေတယ်လို့ Blood Money က ပြောကြားလိုက်ပါတယ်။
Read More

စတင်တာဝန်ထမ်းချိန်မှ ကျဆုံးချိန်အထိ အနစ်နာခံ တာဝန်ကျေပွန်ခဲ့သည့် အသက် (၂၄)နှစ်အရွယ် ရဲဘော် ဂတုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) - Spring Warriors Column က ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ပြေလည်ရေးလမ်းစမရှိဘူးလို့ NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဗဟိုကော်မတီ အစည်းအဝေးမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

စစ်ကိုင်းတိုင်းထဲက ပြည်သူ့အခြေပြုကျေင်းမှာ လေကြောင်းရန် ကာကွယ်ရေး ၊ GBV အသိပညာ‌ပေးခြင်းနဲ့ ဖဲကြိုးဖြူကမ်ပိန်းပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းမှာ လေကြောင်းရန် ကာကွယ်ရေးတွေ၊ Gender – Based Violence အသိပညာ‌ပေး ဟောပြောပွဲနဲ့ ဖဲကြိုးဖြူ ကမ်ပိန်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိူးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဒီ‌နေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်တောက မွတ်ဆလင်ဒုက္ခသည်တွေကို AA က စားနပ်ရိက္ခာ ထောက်ပံ့ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ရေး လုပ်ဆောင်နေ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ရဲ IDP စခန်းက မွတ်ဆလင်ဒုက္ခသည်တွေကို ရက္ခိုင့်တပ်တော် AA က စားရိက္ခာထောက်ပံ့ပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် ULA/AA ရဲ့ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ဇန်နဝါရီလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။