အာဏာသိမ်းစစ်အုပ်စုက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ ရာဇသတ်ကြီးပုဒ်မ (၅၀၅-က) နဲ့ ကြားနာစစ်ဆေးနေဆဲ အမှုတွေကို ပိတ်သိမ်းဖို့ မနေ့က ည ၈ နာရီ သတင်းမှာ ကြေညာပြီးနောက် ဒီနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ၅၀၅ (က) နဲ့ ပြစ်ဒဏ်ကျခံနေရသူတချို့ကို မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်တွေကနေ လွတ်ပေးခဲ့ပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရသူတွေကိုလည်း ပြည်တွင်းပြန်ဝင်ပြီး မဲပေးနိုင်ကြောင်းကို တပါတည်းကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီကြေညာချက်ဟာ စစ်အုပ်စု နိုင်ငံရေးထွက်ပေါက်အဖြစ် ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၃၂ ရက်အလိုမှာ ထုတ်ပြန်လိုက်တာ ဖြစ်ပြီး တဖက်မှာလည်း အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံသားတွေကို ပေးအပ်ထားတဲ့ ယာယီခိုလှုံခွင့် (TPS) ကို ရုပ်သိမ်းလိုက်ကြောင်း ကြေညာအပြီး ၂ ရက်အကြာမှာ အချိန်ကိုက် ဆိုသလို ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အခုလို စစ်အုပ်စု ဖန်တီးနေတဲ့ နိုင်ငံရေးအခင်းအကျင်းဟာ ၂၀၁၀ နိုင်ငံရေးအခင်းအကျင်းကို ပြန်သွားနေတာဖြစ်ပြီး အတုအယောင် ရွေးကောက်ပွဲနီးလာချိန် နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက မှတ်ချက်ပြုထားပါတယ်။

စစ်အုပ်စုက သူတို့ကို ဆန့်ကျင်တော်လှန်နေသူ မှန်သမျှကို ပုဒ်မ ၅၀၅ (က) နဲ့တင်မကပဲ နောက်ထပ် ပုဒ်မတွေကိုပါ တွဲကပ်ပြီး ဖမ်းဆီးထောင်ချထားတာပါ။ ဒါပေမယ့် တကယ်တမ်း လွတ်ငြိမ်းထဲမှာတော့ ၅၀၅ (က) တစ်မှုတည်းသမားတွေကိုသာ လွတ်ငြိမ်းခွင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

“အခုလွတ်လာတဲ့ သူတွေမှာဆိုရင် ၅၀၅ (က) တမှုတည်းသမားတွေ အများဆုံးပါဝင်နေတာ တွေ့ရပါတယ်။ တခြားမှုတွေပေါ့နော်.. ၅၀၅ (က)၊ ၅၂ (က)၊ ၅၀ (ည) နဲ့ တွဲကပ်လျက်တွေကို လွှတ်ပေးတာ မတွေ့ရသေးပါဘူး” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ရောင်နီလင်းက မောင်းကို ပြောပါတယ်။

ဥပဒေအရ ထောင်ကျနေတဲ့ အကျဉ်းသားတွေဟာ မဲပေးပိုင်ခွင့် မရှိတာကြောင့် စစ်အုပ်စုက အခုလို လွတ်ငြိမ်းမှုပေးတာဟာ ရွေးကောက်ပွဲမှာ မဲပေးနိုင်အောင် လုပ်ဆောင်တာ ဖြစ်ပြီး စစ်အုပ်စု ထုတ်ပြန်ထားတဲ့ အရေအတွက်တိုင်း လွတ်ငြိမ်းခွင့် ပေး/မပေး၊ ဝရမ်းထုတ်ထားတာတွေကို အမှန်တကယ် အမှုပြန်ပိတ်/မပိတ်ကတော့ စောင့်ကြည့်ရဦးမယ်လို့ ဆိုပါတယ်။

ယနေ့မနက် အင်းစိန်အကျဥ်းထောင်ရှေ့ မြင်ကွင်း (ဓာတ်ပုံ လူမှုကွန်ရက်)


၅၀၅ (က) နဲ့ အမှုထုတ်ခံထားရတဲ့ သူတွေရဲ့ အချက်အလက်တွေကို စစ်အုပ်စုက ရနေပြီးသားဖြစ်တာကြောင့် နိုင်ငံအတွင်း ပြန်ဝင်လာမယ့်သူတွေကို စောင့်ကြည့်နေပြီး အချိန်မရွေး ပြန်လည်ဖမ်းဆီးတာမျိုးကိုလည်း လုပ်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း အမှန်ကတယ် ထောင်ကနေ လွတ်ငြိမ်းပေးလိုက်တဲ့ အရေအတွက်ထက် ပုဒ်မတွေတပ်ပြီး အမှုဖွင့် ထောင်ချထားတဲ့သူတွေရဲ့ အရေအတွက်ဟာ များပြားနေဆဲ အခြေအနေ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကနေ ပြုစုထားတဲ့ အချက်အလက်တွေအရ ပုဒ်မ ၅၀၅ (က) တခုတည်းနဲ့ ထောင်ချခံထားရသူတွေဟာ ၅၂၆၈ ယောက်အထိ ရှိနေတာဖြစ်ပါတယ်။

“ရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံရေးအကျဉ်းသူ/သားတွေကို လွှတ်ပေးတယ်ဆိုပြီး မျက်နှာလို မျက်နှာရ လုပ်တာပေါ့နော်။ တခြားသော ဖိအားတွေရော ပြီးတော့ ဒီရွေးကောက်ပွဲကို စိတ်ဝင်စားလာအောင် အရေအတွက်များများနဲ့ လွှတ်ပေးနေတာပေါ့နော်။ မဲလာပေးလို့ရအောင် မဲဆွယ်တဲ့ သဘောပါပဲ။ ပြီးတော့ ရွေးကောက်ပွဲပြီးရင်လည်း နောက်ထပ်သူတွေကို လွှတ်ပေးမလားဆိုတဲ့ စိတ်တွေဝင်အောင်ပေါ့နော်… ရွေးကောက်ပွဲမြန်မြန်ပြီးပါစေ၊ အောင်မြင်ပါစေဆိုတဲ့ စိတ်ဝင်အောင် စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတာ” လို့ CDM ဗိုလ်ကြီး ဇင်ယောက်ကလည်း ပြောပါတယ်။

အာဏာသိမ်းစစ်အုပ်စုက အကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၃၀၈၅ ယောက်ကို လွတ်ငြိမ်းပေးမယ်လို့ ကြေညာထားပေမယ့် အင်းစိန် အကျဉ်းထောင်ကနေ ဒီနေ့မှာ ပြန်လည်လွတ်မြောက်လာသူဟာ ၁၉၂ ယောက်သာရှိကြောင်း တွေ့ရပါတယ်။

 

0 Shares:
You May Also Like
Read More

တောင်ငူတွင် စစ်ကြောင်းထိုး စစ်အုပ်စုများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေဆုံးကာ လာလမ်းအတိုင်း ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူ‌မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက်နီးပါး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ စစ်တပ်၏ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဒေါ်ကြည်ပြာအမှု အမှန်တရား ဖော်ထုတ်မည်ဟု ဒေါက်တာဇော်ဝေစိုး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေပြီး အမှန်တရားအတိုင်း ဖော်ထုတ်သွားမယ်လို့ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောလာပါတယ်။
Read More

အလွမ်းကဖီးရဲ့ ဒေါင့်လေးမှာ ဂျေညီညီ မရှိတော့ပါ

၁၉၈၀ ခုနှစ် ရေဒီယိုခေတ်တွေမှာ တချိန်ကနာမည်ကြီးခဲ့တဲ့ တေးသံရှင် ဂျေညီညီဟာ ဒီနေ့ မတ်လ ၃၁ ရက် မနက်အစောပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။
Read More

OWIC ကတ် ပြန်ထုတ်ပေးမည်ဟု စစ်ကောင်စီ ကြေညာ

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကို လာမယ့် မတ်လ ၂၀ ရက်ကစပြီး ထုတ်ပေးသွားမယ်လို့  စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကနေ မတ်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလာပါတယ်။
Read More

ရဲစခန်းနဲ့ မနီးမဝေးမှာ ဂိတ်ချစစ်ဆေးနေတဲ့ ရဲတွေ ရှောင်တခင် ဝင်ပစ်ခံရလို့ ၃ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ ရဲစခန်းနဲ့ မနီးမဝေး ဂိတ်ချစစ်ဆေးနေတဲ့ အကြမ်းဖက်ရဲတွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲ၂ယောက်နဲ့ သတင်းပေး ၁ယောက် သေဆုံးသွားကြောင်း တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။