စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေဆီက ငွေကြေးကောက်ခံနေတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁ ယောက်  သေ၊ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ Area 71 LPDF Monywa တပ်ဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက် မနေ့က မနက် ၈နာရီခွဲလောက်မှာ ကားတွေကိုတားပြီး ခရီးသွားတွေဆီက အဓမ္မ ငွေကြေးကောက်ခံနေတဲ့ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက မုံရွာ-ချောင်းဦးလမ်းပိုင်း မြန်မာ့မဏ္ဍိုင် စက်သုံးစီးဆိုင်အနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုတိုက်ခိုက်ချိန် အဆိုပါလမ်းပိုင်းရဲ့ တခြားတစ်နေရာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် ၁၅ မိနစ်ခန့်ကြာ ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်အုပ်စုဘက်က ၁ယောက်သေ၊ ၂ယောက် ဒဏ်ရာရကာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်လည်း ရှပ်ထိ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“လမ်းပေါ်တက်ပြီး ငွေတောင်းတာက ၇ယောက်လောက်ပဲဗျ။ လမ်းဘေးမှာ ကင်းပုန်းဝပ်နေတာတွေနဲ့ဆိုရင် အယောက် ၃၀ လောက်ရှိမယ်။ ကျနော်တို့ ရဲဘော် ၁ယောက် ကျည်ရှပ်မှန် ထိရှ ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး” လို့ Area 71 LPDF Monywa တပ်ဖွဲ့ တာဝန်ခံ ကိုထွန်းက မောင်းကို ပြောပါတယ်။

အဆိုပါ လမ်းပိုင်းမှာ စစ်ကော်မရှင်တပ်သားတွေ ငွေကြေးကောက်ခံနေတာ ၁နှစ်ကျော်လောက်ရှိပြီဖြစ်ကာ အခုတိုက်ခိုက်မှုကိုတော့ Area 71 LPDF Monywa အဖွဲ့၊ Chindwin Dynamite Salingyi အဖွဲ့နဲ့ Golden Peacock Attack Force အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“တစ်နှစ်ကျော်လောက်ပဲ ရှိဦးမယ်။ မနှစ် ၂၀၂၄ လောက်ကမှ အဲ့နေရာကို အမြဲလိုလိုစောင့်ပြီး ခရီးသည်ကားတွေကို တားပြီး အတင်းအဓမ္မ ငွေတောင်းတာတွေ လုပ်တယ်။ နေ့တိုင်းလိုလိုပါပဲ” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

Area 71 LPDF Monywa ပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီကနေ ကြေးနီတွေ သယ်ဆောင်လာတဲ့ တွဲကား ၂၃စီး ယာဥ်တန်းအတွက် လုံခြုံရေးလိုက်ပါလာတဲ့ စစ်အုပ်စုကားတွေကို မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဟာခါး-ထန်တလန် အနီးက စစ်ကောင်စီစခန်း ၄ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက် စစ်ကောင်စီ အရာရှိတွေအပါ အများအပြား သေ၊ လက်နက်ခဲယမ်းများစွာ ရရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့အနီးက သီမြစ်လွင်ပြင်ဒေသမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၄ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဘီးလင်းနယ် အလူးလေးနှင့် သပြေနီကြားတွင် စစ်ကောင်စီတပ်နှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီဘက်က ၆ဦးသေ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ကင်းပုန်းဝပ်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၆ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ နဂါးဖြူတပ်ရင်းသတင်းနှင့်ပြန်ကြားရေးက မောင်းကိုပြောပါတယ်။
Read More

စစ်အုပ်စု၏ စစ်ကိုင်းတပ်မ ၃၃ မှ တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၃၃ က တပ်သားတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခင်ဦးမှာ စစ်တပ်ထုတ်ကုန် အရက်၊ဘီယာတွေကို ဖျက်ဆီးနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမှာ စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ အရက်နဲ့ဘီယာတွေကို ဖျက်ဆီးပစ်ခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံက သိရပါတယ်။
Read More

အချုပ်ခန်းဖောက်ပြေးတဲ့ ပျူစောထီး ၂ ယောက်ကို PDF ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် အေးမြသာယာမြို့မှာ အချုပ်ခန်းဖောက်ပြေးတဲ့ စစ်တပ်သတင်းပေး ပျူစောထီး ၂ယောက်ကို အသေပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

၁၀ နှစ် တာဝန်ထမ်းခဲ့သည့် စစ်ကောင်စီတပ် တပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ မြစ်ချေ၊ ကျွန်းချောင်း လျှပ်စစ်ဓာတ်အားပေးရုံးမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ် တပ်ကြပ်တစ်ယောက်ဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့အတူ ပြည်သူရင်ခွင်ဆီ အလင်းဝင်လာတယ်လို့ Southern YSO PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။