မကွေးတိုင်း၊ ရန်ကုန်-တောင်တွင်းကြီးလမ်းပိုင်းမှာ လက်နက်ခဲယမ်းတွေတင်ဆောင်ပြီး မောင်းနှင်လာတဲ့ စစ်ကား ၁စီး ဝက္ကသေးတံတားပေါ် တိမ်းမှောက်ပေါက်ကွဲပြီး ကားပေါ် လိုက်ပါလာတဲ့ စစ်သားတွေထဲက ၅ယောက်သေကာ ၇ယောက်အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၂၇ရက် ဒီညနေ တောင်တွင်းကြီးမြို့ဘက်ကနေ ရန်ကုန်-တောင်တွင်းကြီး-ပြည်လမ်းအတိုင်း မောင်းနှင်လာတဲ့ စစ်ကား ၁စီးဟာ ပရပ်ကြယ်တိုက်နယ်အုပ်စု၊ ဝက္ကသေးကျေးရွာအရှေ့ဘက်က ဝက္ကသေးတံတားပေါ်အရောက်မှာ တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။

ရှေ့ဘီးကျွတ်ထွက်ပြီး တိမ်းမှောက်ရာမှာ တင်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေ ထပေါက်ကွဲပြီး ကားပေါ်ပါ စစ်သားတွေ ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“ကျနော်အထင်ကတော့ တောင်တွင်းကြီးမှာ GE ၉၆၇ နဲ့ ကပစ ၁၈ တပ်တွေရှိတယ်။ အဲ့ ၂ခုထဲ တစ်ခုက ထွက်လာတဲ့ကားပါ။ အောင်လံဖက်အထွက်မှာ ဖြစ်တာပါ။ ကားလမ်းက ပြည်အထိဆိုတော့ ပြည်ဘက်ထွက်လာတာလည်းဖြစ်တယ်။ တံတားပေါ် ဝါးကားနဲ့ တိုးမိတယ်ကြားတယ်။ အခုစခတွေ လမ်းပိတ်ထားတယ်” လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

ဒီဖြစ်စဥ်မှာ ပေါက်ကွဲမှုပြင်းထန်ခဲ့တာကြောင့် အကြမ်းဖက်စစ်သား ၅ယောက်သေကာ ၇ယောက်ဟာ ပရပ်ကြယ်တိုက်နယ်ဆေးရုံမှာ အရေးပေါ် ကုသနေရကြောင်းနဲ့ လက်နက်ခဲယမ်းတွေဟာ အချိန် ၁ နာရီနီးပါးကြာ ပေါက်ကွဲတာကြောင့် အရပ်သားတွေလည်း ထိတ်လန့်ခဲ့ရတယ်လို့ သိရပါတယ်။

“လက်နက်တွေတင်လာတာဆိုတော့ ပေါက်ကွဲမှုက ပြင်းတယ်။ အနီးအနားရွာက လူတွေလည်း တိုက်ပွဲဖြစ်တယ်ထင်ပြီး ကြောက်လန့်ကုန်ကြတာ” လို့ ဒေသခံ ၁ယောက်ကလည်း မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်တပ်ရင်း (၂၈) မှ ရဲဘော် ကျော်ဇင်ငြိမ်း ကျဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) က  ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မင်းအောင်လှိုင် ကူမင်းကို အခုတစ်ပတ်ထဲ လာမယ်လို့ တရုတ်အစိုးရအတည်ပြု

တရုတ်ဝန်ကြီးချုပ် ဦးဆောင်မယ့် မဟာမဲခေါင်ဒေသခွဲ (GMS) ရဲ့ထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်တက်ရောက်မယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က နိုဝင်ဘာ ၄ ရက်မှာ အတည်ပြုပြောဆိုပါတယ်။
Read More

ပေါ်တာဆွဲ စစ်အုပ်စုကို မိုင်းခွဲတိုက်ခိုက်၊ အမျိုးသမီးတစ်ဦး ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်ခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ပြည်သူတွေကို ပေါ်တာဆွဲဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့ပြ ((UG) ကျားပေါက်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကနီမြို့မှာ တပ်ချိန်းရန် ရဟတ်ယာဉ်ဖြင့် လာသည့် စစ်ကောင်စီတပ်ကို ဒရုန်း ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ ရဟတ်ယာဥ်နဲ့ တပ်ချိန်းဖို့ လာတဲ့ စစ်ကောင်စီတပ်ကို ရဟတ်ယာဥ် ဆင်းသက်ချိန်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ အမှတ် ၄၅ ၊ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံကာကွယ်ရေးအတွက် စစ်တပ်ဘတ်ဂျတ်ကို ပိုမိုအသုံးပြုနေရသည်ဟု မတရား အာဏာဖက်တွယ်ထားသည့် မင်းအောင်လှိုင် ပြော

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကာကွယ်ရေးအတွက် ဘတ်ဂျက် ပိုမိုအသုံးပြုနေရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံပြောကြားလိုက်ပါတယ်။
Read More

ကန့်ဘလူမြို့နယ်မှာ ပဋိပက္ခအတွင်း လိင်အခြေပြုအကြမ်းဖက်မှုများ ပပျောက်နိုင်ရေးနှင့် ပတ်သက်သည့် သင်တန်းများ ပြန်လည်စတင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဒေသခံပြည်သူတွေအတွက် ပဋိပက္ခအခြေအနေမှာ ဖြစ်ပေါ်လာတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု-(Conflict Related Sexual Violence)၊ လိင်အခြေပြုအကြမ်းဖက်မှု-(Gender Based Violence) အစရှိတဲ့ အကြောင်းအရာတွေပါဝင်တဲ့ WCP အသိပညာပေး ဆွေးနွေးမှုသင်တန်းကို အခုစက်တင်ဘာလထဲမှာ ဒုတိယအကြိမ်အနေနဲ့ ပြန်လည်စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။