လက်ရှိ ၂၀၂၅ ခုနှစ် ကိုးလတာကာလအတွင်း မြန်မာနိုင်ငံဟာ တရုတ်ကို မြေရှားသတ္တုတင်ပို့ရာမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး တင်ပို့ခဲ့ပြီး ကမ္ဘာ့မြေရှားထုတ်လုပ်ရေးမှာ ဒုတိယအဆင့် ရပ်တည်နေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP-Myanmar က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၇၂၄ သန်းထိ တင်ပို့နိုင်ပြီး အရင်နှစ်နဲ့ ကာလတူနှိုင်းယှဉ်လိုက်ရင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာဘက်ကနေ တရုတ်နိုင်ငံကို မြေရှားတင်ပို့မှု လျော့ကျခဲ့ပေမယ့် တည်ငြိမ်စိတ်ချရတဲ့ မြေရှားထောက်ပံ့ရေး ကွင်းဆက်ကို တရုတ်နိုင်ငံက ရှာဖွေနေပြီး မြန်မာနိုင်ငံမှာ မြေရှားတူးဖော်မှု ပိုများလာတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကချင်ပြည်နယ်သာမက ရှမ်းပြည်နယ်အရှေ့ပိုင်းမှာပါ မြေရှားသတ္တုတူးဖော်တာတွေ တိုးချဲ့နေပြီး UWSA ထိန်းချုပ်ဒေသ မိုင်းယွန်း၊ မိုင်းပေါက်နဲ့ NDAA ထိန်းချုပ်ဒေသ မိုင်းယောင်းမြို့နယ်တွေမှာ အခုနှစ်ဆန်း ပိုင်းမှာတင် မြေရှားလုပ်ကွက် ၂၀ ထက်မနည်း တိုးလာတယ်လို့ သိရပါတယ်။

ဒီလိုမြေရှားသတ္တုတူးဖော်တာဟာ အနီးဝန်းကျင်ဒေသတွေမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေရဲ့ ကျန်းမာ ရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့အပြင် တောင်တွေကိုအပေါက်ဖောက်ပြီး ပိုက်လိုင်းတွေကနေတဆင့် ဓာတု ပစ္စည်းတွေ လောင်းထည့်ရတာမလို့ မြေပေါ်မြေအောက် ရေအဆိပ်သင့်စေတာ၊ ငါးတွေနဲ့ တောရိုင်းတိရစ္ဆာန် တွေ သေဆုံးစေတာ၊ စိုက်ပျိုးရေး ထိခိုက်စေတာတွေအပြင် မြေပြိုမှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်ထားပါတယ်။ 

နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ရဲ့ စာရင်းတွေအရ ကမ္ဘာ့မြေရှားတူးဖော်မှာ မြန်မာနိုင်ငံဟာ အဓိကပါဝင်သူအဖြစ် ဆက်ရှိနေတယ်လို့ ISP-Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

(ဓာတ်ပုံ Ej Atlas ၊SHRF)

0 Shares:
You May Also Like
Read More

ကျောက်ဆည်မြို့အနီး ရစ်ချက်တာစကေး ၄ ဒသမ ၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄ ဒသမ ၅ အဆင့်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မှတ်ပုံတင် ၈/ ဖြစ်တာကြောင့် PDF အဖြစ် စွပ်စွဲခံရပြီး စစ်တပ်ထဲ ဆွဲခေါ်ခံခဲ့ရသူ ပြန်လည်လွတ်မြောက် အလင်းဝင်လာ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ် အကြိုလှုပ်ရှားမှု Cobra Column 2 Venom စစ်ကြောင်း ပါဝင်ဆင်နွှဲ

ဥက္ကရစ်ထစခန်းကို ထိုးစစ်ဆင်အောင်ပွဲယူခဲ့တဲ့ တော်လှန်ရေးအင်အားစုများထဲမှ စစ်ကြောင်းတစ်ကြောင်းဖြစ်တဲ့ Cobra Column 2 Venom စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီးစောဝင်းမြင့် နဲ့အဖွဲ့ဝင်များက မကြာခင်ကျရောက်တော့မယ့် ၃၇နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်၊ ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသဘိတ် အကြိုလှုပ်ရှားမှုမှာ ပါဝင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြို့လယ်‌ခေါင်မှာ စစ်အာဏာသိမ်းခြင်း ၄ နှစ်ပြည့်အဖြစ် All Power To The People (အာဏာအားလုံး လူထုဆီသို့) စာသားပါ ဘန်နာ ချိတ်ဆွဲ ဆန္ဒထုတ်ဖော်…

ရန်ကုန်မြို့လယ်‌ခေါင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လုံခြုံရေးတင်းကြပ်မှု အထပ်ထပ်ကြားက စစ်အာဏာသိမ်းခြင်း ၄ နှစ်ပြည့်နေ့အနေနဲ့ ' All Power To The People (အာဏာအားလုံး လူထုဆီသို့) ' ဆိုတဲ့ ဘန်နာကို တော်လှန်လူငယ်တွေ ချိတ်ဆွဲခဲ့တယ်လို့ General Strike Committee - GSC က ထုတ်ပြန်ထားပါတယ်။
Read More

ရနောင်းမှတဆင့် ကော့သောင်းဘက် ပြန်လည်ပို့ဆောင်ခံရသူများကို စစ်ကောင်စီတပ်ထံ ပို့ဆောင်ပေးခြင်းမပြုဖို့ မြိတ်ခရိုနီများအား ပကဖ သတိပေး

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး ကော့သောင်းမြို့ဆီ ပြန်လည်ပို့ဆောင်ခံရတဲ့ ​မြန်မာနိုင်ငံသားတွေကို မြိတ်မြို့ခံ ခရိုနီလုပ်ငန်းရှင်တွေက စစ်ကောင်စီတပ်ထံ ကူညီပို့ဆောင်ပေးနေကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပဲခူးတိုင်း ကျောက်ကြီးမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ KNU အသိပေး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ KNU က အသိပေးထုတ်ပြန်ပါတယ်။