အကြမ်းဖက်စစ်အုပ်စု ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့အတွက် အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌနဲ့ လွှတ်တော်အမတ်များက သမ္မတဒေါ်နယ်ထရန့်ထံ တိုက်တွန်းခဲ့တယ်လို့ အမေရိကန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက  ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာချိန်မှာ အမေရိကန်အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်နှစ်ရပ်စလုံးက နိုင်ငံခြားရေးရာကော်မတီတွေရဲ့ အကြီးတန်းအဖွဲ့ဝင်နဲ့ ဥက္ကဋ္ဌ တွေဖြစ်ကြတဲ့ Gregory W. Meeks၊ Brain Mast၊ Jeanne Shahenn နဲ့ James E. တို့က အခုလို သဘောထားထုတ်ပြန် တိုက်တွန်းတောင်းဆိုလိုက်တာပါ။

“ဒီဇင်ဘာမှာကျင်းဖို့ စီစဉ်ထားတဲ့ မြန်မာ့ရွေးကောက်ပွဲက အတုအယောင်ဖြစ်တာ သက်သေပြနေတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်ဖြားဖို့ စစ်ကောင်စီက ကြိုးကိုင်ဖန်တီးထားတာဖြစ်တယ်။

ဒီရွေးကောက်ပွဲဟာ ၂၀၂၁ ခုနှစ်မှာအာဏာသိမ်းပြီး မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်ထားတဲ့ စစ်အုပ်စုက တရုတ်ကျောထောက်ခံပြု အတုအယောင် ရွေးကောက်ပွဲအဖြစ်ဖန်တီးထားတာသာဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အာဏာသိမ်းပြီးငါးနှစ်နီးပါးကြာမြင့်လာအချိန်မှာ တရုတ်နဲ့ ရုရှားဆီကနေ နိုင်ငံရေးနဲ့ စစ်ရေးအကူအညီတွေကို တိုးမြှင့်ရရှိထားပေမဲ့၊  နယ်မြေထိန်းချုပ်ဖို့အတွက် ရုန်းကန်နေရဆဲဖြစ်တယ်လို့ လည်း ဖော်ပြထားပါတယ်။

အဲဒါအပြင် မြန်မာလူထုရဲ့အခွင့်အရေးကို ငြင်းပယ်မယ့် ဘယ်လိုရွေးကောက်ပွဲရလဒ်ကိုမဆို ဆန့်ကျင်ပြောဆိုကြဖို့ ထရန့်အစိုးရအဖွဲ့နဲ့ အမေရိကန်ရဲ့ ဒီမိုကရေစီမဟာမိတ်တွေအားလုံးကို တိုက်တွန်းပါတယ်လို့ ပါဝင်ပါတယ်။

“သေဒဏ်၊ ထောင်ဒဏ်နဲ့ နှိပ်စက်ညှဉ်းပန်းခံရတဲ့အန္တရာယ်တွေကြားထဲက မြန်မာပြည်သူတွေက စစ်ကောင်စီရဲ့ အာဏာရှင်အုပ်ချုပ်မှုကို ရဲဝံ့စွာတွန်းလှန်နေကြသလို တိုင်းပြည်ကိုထိန်းချုပ်မယ့် စစ်ကောင်စီရဲ့ ကြိုးပမ်းမှုကို တားဆီးခဲ့ကြတယ်” လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ပါတီအပါအဝင် နိုင်ငံရေးပါတီအများအပြားကို ဖျက်သိမ်းခဲ့တာ၊ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးထားတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ပြည်ပသို့တိမ်းရှောင်ရတာ တွေရှိနေချိန်မှာ စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲက လွတ်လပ်ပြီးတရားမျှတနိုင်မှာမဟုတ်လို့ အမေရိကန်အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ပယ်ချရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

အမေရိကန် အကြီးတန်းသံအမတ် မြန်မာ့အရေးကို ထိုင်းမှာ လာရောက် ဆွေးနွေးမယ်

မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေမှာ တာဝန်ခံမှုရှိစေဖို့ အမေရိကန် အကြီးတန်း သံအမတ်ကြီးဖြစ်သူ Beth Van Schaack ဟာ ထိုင်းနိုင်ငံကို လာရောက်ဆွေးနွေးမယ်လို့ အမေရိကန်အစိုးရက တရားဝင် ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့…
Read More

မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲလုပ်ဖို့ မသင့်တော်တဲ့ အခြေအနေဖြစ်လို့ နိုင်ငံတကာက ကန့်ကွက်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ မသင့်တော်တဲ့ အခြေအနေမျိုးမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ဖို့ အားစိုက်လုပ်ဆောင်နေလို့ နိုင်ငံတကာက အပြင်းအထန် ကန့်ကွက်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
Read More

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ဝေဖန်ရေးပို့စ်များတွင် “Like” (သို့) “Heart” reaction ပေးခြင်းကိုပင် သိမ်ငယ်စိတ်ဖြင့် စိတ်ပေါ့သွပ်သူကဲ့သို့ ထိန်းချုပ်ဖမ်းဆီးနေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးထွက်ပေါက်အဖြစ် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆတ်ဆတ်ထိမခံ ဖြစ်နေကာ အမှန်တရားကို လက်မခံနိုင်ဘဲ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို စိတ်ပေါ့သွပ်သူတစ်ယောက်ကဲ့သို့ လိုက်လံပိတ်ပင် ထိန်းချုပ်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို လက်မခံကြောင်း နယူးဇီလန်လွှတ်တော် တညီတညွတ်တည်း အတည်ပြု

နယူးဇီလန်ပါလီမန်က မြန်မာစစ်အုပ်စု ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ကြောင်း ကန့်ကွက်သူမရှိဘဲ တညီတညွတ်တည်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
Read More

မြောက်ဦးဆေးရုံကို စစ်တပ် ဗုံးကြဲတိုက်ခိုက်မှု ကုလ ရှုတ်ချ၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်ဟု ထုတ်ပြန်

ရှေးဟောင်းယဥ်ကျေးမှုဇုန် မြောက်ဦးမြို့ရှိ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကို ကုလသမဂ္ဂအနေနဲ့ ရှုတ်ချကြောင်း ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

လူကုန်ကူးခံရတဲ့ တရုတ်မင်းသား ရွှေကုက္ကိုလ်မှာ ကတုံး တုံးခံရပြီး ငွေလိမ်ဖို့ လေ့ကျင့်ပေးခံရ ဟု ထွက်ဆို

မြန်မာနိုင်ငံ မြဝတီမြို့အနီး ရွှေကုက္ကိုလ်မြို့က ငွေလိမ်ဂိုဏ်းကို လူကုန်ကူးခံရပြီး ရောက်သွားတဲ့ တရုတ်နိုင်ငံသား သရုပ်ဆောင် Wang Xing ဟာ ရွှေကုက္ကိုလ်မြို့မှာ ကတုံးတုံးခံရပြီး ငွေလိမ်ဖို့ လေ့ကျင့်ပေးခံရတယ်လို့ ထွက်ဆိုကြောင်း ထိုင်းအခြေစိုက်သတင်းဌာနတွေက ဖော်ပြပါတယ်။