ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က စစ်အုပ်စု ဂိတ်စခန်း ဝင်ရောက်တိုက်ခိုက်မှုနဲ့ ပေါင်းတည်မြို့နယ်က အကြမ်းဖက်ဆိုင်ကယ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုတွေမှာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း PDF ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၂၆ ရက် မနေ့ မနက်ပိုင်းမှာ ပဲခူးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့အတူ PDF တပ်ရင်းတွေနဲ့ ပကဖတွေက သာယာဝတီခရိုင်အတွင်း မြို့နယ်၂ခုမှာ တိုက်ပွဲတွေဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပထမဆုံးအနေနဲ့ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ရှားဖြူကုန်းကျေးရွာက အကြမ်းဖက် စစ်တပ်ဂိတ်စခန်းကို PDF တပ်ရင်းတွေနဲ့ ပကဖ တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ၂ယောက်သေဆုံးပြီး ကျန်တဲ့သူတွေ ထိခိုက်ဒဏ်ရာကိုယ်စီနဲ့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

“အဲ့ဒေသမှာ ဒီဂိတ်က အရမ်းဆိုးတယ်။ အရပ်သားတွေဆီက ဆက်ကြေးကောက်တာ၊ ကားသမားတွေကို ငွေညှစ်တာမျိုးပေါ့။ ကျနော်တို့ ဝင်ပစ်တဲ့အချိန် ထွက်ပြေးကြတယ်။ ဆိုင်ကယ် (၄)စီးနဲ့ စကားပြောစက်ပဲ သိမ်းဆည်းရရှိပါတယ်။” လို့ PDF ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်း က မောင်းကို ပြောပါတယ်။

နတ်တလင်းမြို့နယ်ရှိ စစ်အုပ်စုဂိတ်စခန်း တိုက်ခိုက်မှုမှ သိမ်းဆည်းရရှိသည့် ဆိုင်ကယ်များ

ဒီတိုက်ခိုက်မှုကို PDF အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)နဲ့အတူ အမှတ် (၃၈၀၁) တပ်ရင်း၊ တပ်ခွဲ (၆)နဲ့ နတ်တလင်းမြို့နယ် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့တချိန်တည်းမှာပဲ သာယာဝတီခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပန်းသင်းပင်ကျေးရွာမှာ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို PDF တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ယောက် သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်။

အဲဒီနောက်မှာတော့ တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ အမှတ် ၃၈၀၂ တပ်ရင်း ရုံးတပ်ဖွဲ့ဝင်တွေလည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်တွေမတိုင်ခင် နိုဝင်ဘာ ၂၂ နဲ့ ၂၃ ရက်နေ့တွေတုန်းကလည်း သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေနဲ့ စစ်အုပ်စုတွေ ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

နတ်တလင်းမြို့နယ်ရှိ စစ်အုပ်စုဂိတ်စခန်း တိုက်ခိုက်မှုမှ သိမ်းဆည်းရရှိသည့် ဆက်သွယ်ရေးဖုန်းတစ်လုံး
0 Shares:
You May Also Like
Read More

ကလေးအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ကျဉ်း မိသားစုဝင်တွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ပြုလုပ်နေ

စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူတွေရဲ့ မိန်းမတွေနဲ့ မိသားစုဝင်တွေကို ထောင်ပိုင်အရာရှိတွေက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။ 
Read More

ဝမ်ပေါင်ကုမ္ပဏီ အနီးနားက ကျေးရွာတွေကို စစ်တပ် စစ်ကြောင်းထိုးလို့ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်အတွင်းက ဝမ်ပေါင် ကြေးနီစီမံကိန်း အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ တစ်သောင်းကျော်ဟာ ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၈ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၈ ယောက် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

စစ်မှုထမ်း ပေါ်တာဆွဲခံခဲ့ရသည့် စစ်ကောင်စီတပ်သား မြိုင် ပကဖ ထံ လက်နက်နှင့်တကွ ပူးပေါင်း

ပခုက္ကူမြို့အခြေစိုက်၊ ခြေမြန်တပ်မဌာနချုပ် (၁၀၁)ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ဟာ မြိုင်ပကဖ ၊ တပ်ရင်း၁ - တပ်ခွဲ (၂) ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ထံ အလင်းဝင်လာခဲ့တယ်လို့ မြိုင်ပကဖက အသိပေးထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းနှင့် စဉ့်ကူးမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရ…

မန္တလေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informational Network က ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို  စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။