မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှာ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ ပြည်သူစစ် ၁ ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးပြောက်ကျားတပ်ရင်း (YGF) တာဝန်ရှိသူတွေထံက သိရပါတယ်။

မနေ့က နိုဝင်ဘာလ ၂၆ ရက်၊ ည ၇ နာရီကျော်မှာ အဆိုပါ ပြည်သူ့စစ် ငဖဲဆိုသူ ကျေးရွာအပြင်ဘက်ကို ဆိုင်ကယ်နဲ့ ထွက်လာစဉ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

“သူ့အကြောင်းက ပြည်သူတွေဆီကလည်း အသံကြားရသလို ကျနော်တို့လည်း စုံစမ်းသိရှိရပါတယ်။ ရွာအပြင်ထွက်တဲ့ အချိန်မှာပဲ သေနတ်နဲ့ ခုနှစ်ချက်လောက်ပစ်ပြီး ညအချိန်မှာရှင်းလင်းခဲ့တာပါ” လို့ YGF တပ်ဖွဲ့က တာဝန်ရှိသူတဦးက မောင်းကို ပြောပါတယ်။

ပြည်သူစစ် ငဖဲကို အနီးကပ် သေနတ် ၇ ချက်နဲ့ ဦးခေါင်းကို အများဆုံးပစ်ခတ်ခဲ့ရာ နေရာမှာပဲ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက် ငဖဲထံက လေးခွတလက်၊ လက်ထိပ်တခု၊ ဝက်အူလှည့်တချောင်း၊ ဆေး‌ပေါလိပ်တချို့နဲ့ သောက်ဆေးတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ YGF က ထုတ်ပြန်ထားပါတယ်။ 

ငဖဲထံမှ သိမ်းဆည်းရမိသည့် ပစ္စည်းများ

ပြည်သူ့စစ် ငဖဲဟာ စစ်ကော်မရှင်အလိုကျ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို ထဲထဲဝင်ဝင် လုပ်ဆောင်ပေးတာတွေ၊  စစ်အာဏာရှင်အားကိုးပြီး ပြည်သူတွေအပေါ်ရိုင်းစိုင်းစွာ ဆက်ဆံတာတွေ၊ ကျေးရွာအတွင်း ဆိုင်ကယ် ခိုးယူတာတွေ၊ လုယက်တာတွေကို စစ်တပ်အလိုကျ လုပ်ဆောင်ပေးနေတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် YGF အနေနဲ့  ရေးမြို့နယ်အတွင်း စစ်အုပ်စုနဲ့ ပတ်သက်ပြီး တရားမဝင် ရွေးကောက်ပွဲအတွက်သော်လည်းကောင်း၊ တခြားနေရာတွေမှာသော်လည်းကောင်း ထဲထဲဝင်ဝင်လုပ်ဆောင်နေတဲ့ ဘယ်သူကိုမဆို အရေးယူသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန် သတိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

လျှပ်စစ်မီးပင် လုံလောက်စွာ မပေးနိုင်တဲ့ မင်းအောင်လှိုင်က တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် AI နည်းပညာကို အသုံးပြုရမယ်လို့ဆို

တိုင်းပြည်ကို လျှပ်စစ်မီးပင် လုံလောက်စွာ မပေးနိုင်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် AI နည်းပညာနဲ့ တိုင်းပြည်ရဲ့ဖွံ့ဖြိုးရေးမှာ အသုံးချရမယ်လို့ ပြောကြားလိုက်ပါတယ်။
Read More

ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရရှိခဲ့သည့် ဒေါက်တာစင်သီယာမောင်ကို NUG ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

ထိုင်းနိုင်ငံမှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့ ဒေါက်တာစင်သီယာမောင်ကို NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ဝမ်းမြောက် ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
Read More

စခန်းသိမ်းတိုက်ပွဲများ စစ်ကြောင်းလိုက်ပြုတ်အောင် တိုက်သည့်တိုက်ပွဲများနှင့် လူသိများသူ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်း ကျဆုံးကြောင်း ULF စစ်ကြောင်း အတည်ပြုထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက ရှေ့တန်းတစ်နေရာမှာ လေကြောင်းဒဏ်သင့်ပြီး ကျဆုံးခဲ့တဲ့ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းရဲ့ ခေါင်းဆောင်မှု ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားမှုတွေအပေါ် ကမ္ဗည်းမော်ကွန်းတင်ပြီး တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ Union Liberation Front - ULF စစ်ကြောင်း က စက်တင်ဘာလ ၁၃ရက်(ဒီနေ့) နေ့စွဲနဲ့ ထုတ်ပြန်လာပါတယ်။
Read More

ရေးပြောက်ကျားတပ် (YGF) ရဲဘော် ၂ ဦး တိုက်ပွဲအတွင်း ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း(၂) ၊ ရေးပြောက်ကျားတပ် (YGF) က ရဲဘော် ၂ ယောက် တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဦးမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆လသား နဲ့ ၆နှစ်အရွယ် ကလေးငယ်တွေအပါ ၃ယောက်သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၆လသား ကလေးငယ်အပါအဝင် ၃ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။
Read More

မြိုင်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်၊ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ရာ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) က သတင်းထုတ်ပြန်ပါတယ်။