မြန်မာနိုင်ငံကိုလာမယ့် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုရဲ့ ခရီးစဉ်မှာ စစ်လက်နက်ပစ္စည်းထောက်ပံ့တာသာမက စစ်ဘက်ဆိုင်ရာပညာနဲ့ လေ့ကျင့်သင်ကြားရေးအတွက်ပါ နှစ်နိုင်ငံဆက်ဆံရေးတိုးချဲ့လာနိုင်တယ်လို့ Justice For Myanmar က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 

မြန်မာနဲ့ ဘယ်လာရုစ် နှစ်နိုင်ငံဟာ အာဏာရှင်စနစ်နဲ့နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေမှာ အတွဲအဖက်ညီနေတဲ့ နှစ်နိုင်ငံဖြစ်ပြီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်မှုကြောင့် ဘယ်လာ ရုစ်သမ္မတ လူကာရှန်ကိုဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဘယ်လာရုစ်နိုင်ငံနဲ့ ပညာရေး၊ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့တိုးချဲ့ပြင်ဆင်နေတာဖြစ်ပါတယ်။ 

ဘယ်လာရုစ်အစိုးရဟာ အကြမ်းဖက်စစ်တပ်ကို  စစ်လက်နက်ရောင်းချတာကနေ ဝင်ငွေရရှိနေတဲ့ အပြင် အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံအားပေးနေလို့လည်း အကျိုးအမြတ်တွေ ရနေတာဖြစ်ပါတယ်။ 

ဒါ့အပြင်  အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဘဘ်လာရုစ် က စောင့်ကြည့်သူတွေ စေလွှတ်ဖို့လည်းရှိနေတယ်လို့ JFM ထုတ်ပြန်ချက်က ဆိုပါတယ်။ 

ဘယ်လာရုစ်နိုင်ငံဟာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်လက်နက် ထုတ်လုပ်ရေးကဏ္ဍအတွက် နည်းပညာဆိုင်ရာ စွမ်းရည်တွေ တည်ဆောက်ပေးတာ၊ လေ့ကျင့်သင်ကြားပေးရေးနဲ့ စက်ကိရိယာတွေပေးအပ်နေတာ စတဲ့ ကူညီပံ့ပိုးမှုတွေနဲ့ စစ်အုပ်စုရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ကျောထောက်နောက်ခံပြုနေတာလို့ ဆိုပါတယ်။

အဲဒီလို အာဏာရှင်အုပ်စိုးမှု မိတ်ဖက်ဆက်ဆံရေးကတဆင့် နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေတာမို့  ဒဏ်ခတ်ပို့ဆို့မှုတွေကို ထိခိုက်ပျက်ပြားစေတဲ့အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ပိုမိုထိရောက်တဲ့ ဒဏ်ခတ်ပို့ဆို့မှုတွေနဲ့ အရေးယူပေးဖို့ကို  နိုင်ငံတကာအစိုးရထံ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။ 

ဘယ်လာရုစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းကြိုးပမ်းမှုကိုရှုတ်ချပြီးတော့ “မြန်မာနိုင်ငံသို့ စစ်လက်နက်များ စီးဝင်နေမှုကို တားဆီးရန်” နိုင်ငံတကာကို တောင်းဆိုထားတဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးခဲ့တဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဒူတာတေးကို ICC အကြိုတရားခွင်မှာ ပထမဆုံးအကြိမ် ရုံးထုတ်…

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ရဲ့ အကြိုတရားခွင်မှာ မတ် ၁၄ ရက်က မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီထံ စစ်လက်နက်နဲ့ လေယာဉ်ဆီတွေမရောင်းဖို့ Quad ထိပ်သီးနိုင်ငံတွေ တောင်းဆို

စစ်ကောင်စီထံ လေယာဥ်ဆီ နဲ့ စစ်လက်နက်ပစ္စည်းတွေ မရောက်ဖို့ အင်အားကြီးနိုင်ငံတွေ ဖွဲ့စည်းထားတဲ့ Quad အဖွဲ့၀င်တွေက ပြောကြားလိုက်ပါတယ်။ အထူးသဖြင့် စစ်ကောင်စီထံ လေယာဥ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းတွေ စီးဆင်းမှုကို တားမြစ်ဖို့ ကမ္ဘာ့နိုင်ငံအားလုံးကို Quad  ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီထံ စီးဝင်မယ့် လက်နက် ၃ ပုံ ၁ ပုံကို နိုင်ငံတကာငွေကြေးလမ်းကြောင်းကတဆင့် ဖြတ်တောက်နိုင်ခဲ့လို့ မြန်မာစစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ မည်မျှအရေးကြီးကြောင်း ကုလအထူးကိုယ်စားလှယ် ထောက်ပြပြောဆို

စစ်အုပ်စုရဲ့ ၂၀၂၁ အကြမ်းဖက်အာဏာသိမ်းအပြီး မြန်မာနိုင်ငံအတွင်း ပြည်သူ ၆,၈၀၀ ကျော် အသတ်ခံခဲ့ရပြီး ၂၂,၀၀၀ ကျော် အကျဉ်းချခံနေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ဇွန်လ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
Read More

ကျားဖြန့်မှာ အသုံးပြုသည့် ထောင်ချီတဲ့ မိုဘိုင်းဖုန်းဆင်းကဒ်တွေကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်၊ မဲရမတ်ခရိုင်မှာ တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်မှုမှာ အသုံးပြုတဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ ဆင်းကဒ်တွေအမြောက်အမြား သယ်ဆောင်လာတဲ့ အမျိုးသားတစ်ယောက်ကို အာဏာပိုင်တွေက စနေနေ့မှာ ဖမ်းဆီးခဲ့ကြကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။
Read More

တော်လှန်ရေးအင်အားစုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ မင်းအောင်လှိုင်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တိုက်တွန်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝါထရာက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆောက်လုပ်ဆဲ မိုးပျံလမ်းမကြီး ပြိုကျမှု ဖြစ်ပွား၊ အလုပ်သမား ၅ ဦး သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရကာ ၂ ဦးပျောက်ဆုံးနေ…

ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက်က ဖလန်ဆောင်ရှိ ရာမ ၂ လမ်းမကြီးပေါ်မှာ တည်ဆောက်နေတဲ့ မိုးပျံလမ်းမကြီး ပြိုကျမှု ဖြစ်ပွားပြီး အလုပ်သမား ၅ ယောက် သေဆုံးကာ အယောက် ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။