တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပြင်းဖြူရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မွှေနှောက်ခဲ့ပြီး PDF တွေရဲ့ နေအိမ်လို့ သူတို့ ယူဆတဲ့ အိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက် မနက် ၇နာရီလောက်မှာ စစ်ကော်မရှင်တပ်က အင်အား ၈၀ ကျော်နဲ့ ပြင်းဖြူရွာအနောက်ပိုင်း ရေလမ်းကြောင်းကနေ ရွာထဲကို ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် ရွာထဲက နေအိမ်တွေကို မွှေနှောက်ရင်း ရွာသားတွေဆီက ဖုန်းတွေနဲ့ လက်ဝတ်လက်စားတွေ၊ ပိုက်ဆံတွေကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

“ထိတွေ့မှုမရှိဘဲနဲ့ ရေလမ်းကနေ လာတယ်။ သူတို့က စုံစင်ဖျားဘက်ကနေ တက်လာတာ၊ လမ်းမကြီးအတိုင်း ဝင်လာတာမဟုတ်ဘူး။ ၃ဖွဲ့နဲ့ ဝင်ရောက်လာတာ။ လူမရှိတဲ့အိမ်တွေ ဝင်မွှေတယ်။ ဖုန်းတွေ၊ ပိုက်ဆံတွေ အကုန်ယူသွားတယ်။ စာသင်ကျောင်းရှေ့က အိမ်ကိုတော့ သူတို့ ထုရိုက်ပြီးတော့ အိမ်ထဲဝင်ပြီး အကုန်ယူသွားတယ်” လို့ ပုလောနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ရွာထဲက ပစ္စည်းတွေကို ယူနေချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ဒရုန်းနဲ့ လာပစ်တဲ့အတွက် စစ်သားတွေ ကြောက်လန့်ပြီး နေအိမ်တစ်လုံး မီးရှို့ဖျက်ဆီးကာ ဒေသခံ ၆ ယောက်ကို ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

“သူတို့ပြောတာတော့ မနက်ဖြန်ကျရင် တပ်မတော်နေ့မို့လို့ သူတို့က စစ်ကြောင်းကို သရက်ချောင်းဘက်ကို ထိုးတက်ရမှာမို့ ပြောတယ်။ PDF တွေက ဒရုန်းနဲ့ လာချတော့ သူတို့က ထွက်ပြေးဖို့နေရာ မရှိဘူး။ အိမ်တစ်လုံးကို မီးရှို့သွားတယ်။ ရွာလည်မှာရှိတဲ့ အိမ်တစ်လုံးကို ပစ်ခတ်သွားတယ်။ သူတို့က သတင်းအတိအကျနဲ့ လာတာ၊ ဒီရွာမှာ PDF အိမ်ရှိတယ်ဆိုပြီး” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

နေအိမ်တွေ မွှေနှောက် မီးရှို့ပြီး နေ့လယ် ၃နာရီလောက်မှာတော့ စစ်ကြောင်းက ပြင်းဖြူကြီးရွာနဲ့ ပိတိုင်းရွာ ၂ရွာကြားရှိ တော်ရကျောင်းထဲကို ဖမ်းဆီးထားတဲ့ ဒေသခံ ၆ယောက်နဲ့အတူ ဝင်ရောက်သွားခဲ့ပါတယ်။ ဘုန်းကြီးကျောင်းထဲမှာ စစ်ရှောင်ပြည်သူ ၁၀၀ ကျော်ရှိပြီး သူတို့ရဲ့ ဖုန်းအားလုံးကိုလည်း သိမ်းဆည်းထားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းမှာတော့ တော်လှန်ရေးတပ်တွေနဲ့ အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့ပါတယ်။

“သူတို့နေရာကို မသိအောင် ဖုန်းတွေ အကုန်သိမ်းထားတယ်။ ဖုန်းပြောတဲ့သူတွေ့ရင် သတ်ပစ်မယ်ပြောတော့ တစ်ယောက်မှ ဖုန်းတွေဘာတွေက ဆက်လို့လည်းမရဘူး။ လိုင်းလည်းမရဘူး၊ ပိတ်ခိုင်းထားတယ်။ ညနေ ၆ နာရီကျတော့ မီးရှို့နေတဲ့ အိမ်ရှေ့ကို KNU တက်လာတယ်။ သူတို့က ညကတည်းက နေရာအတိအကျနဲ့ စခန်းချထားပြီး သူတို့စစ်တပ်တွေလာရင် ပစ်မယ်လို့ သတင်းအတိအကျနဲ့မို့ မနက် ၆ နာရီလည်းထိုးရော စစ်လက်နက်တွေ အကုန်ဆင်တာပဲ။ နှစ်ဖက်ပစ်တယ်၊ နာရီဝက်ကြာတယ်၊ လက်နက်ကြီးတွေ အကျယ်ကြီးပဲ” လို့ ပုလောနယ်ခံက မောင်းကို ပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်သားတွေ အဆိုပါ ဘုန်းကြီးကျောင်းကနေ ပြန်လည်ဆုတ်ခွာသွားပြီး ဖမ်းဆီးခံ ပြည်သူ ၆ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဘုန်းကြီးကျောင်းနဲ့နီးတပ် ပိတိုင်ရွာက ပြည်သူတွေကိုတော့ တော်လှန်ရေးတပ်တွေက ရှောင်ခိုင်းထားတယ်လို သိရပါတယ်။

(ဓာတ်ပုံ ပေးပို့)

0 Shares:
You May Also Like
Read More

ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးမွမ်းမံ သင်တန်းဆင်းပွဲ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ညောင်လေးပင်ခရိုင် အတွင်းကို စစ်အုပ်စု လက်နက်ကြီးပစ်ခတ်၍ ပြည်သူ ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း ၊ ညောင်ပေးပင် ( ခလယ်လွီထူ)ခရိုင်ထဲကို အကြမ်းဖက်စစ်တပ် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ KNU ‌ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် ကိုရင် (၂) ပါး အပါ ပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် ကိုရင် (၂) ပါး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၄)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကိုယ်ကျိုးစွန့်ကာ တိုင်းပြည်အနာဂတ် တည်ဆောက်သည့်စိတ် နှလုံးသွင်းပြီး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရမည်ဟု NUG ဝန်ကြီးများကို ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ လုပ်ဆောင်ချက်တွေ အင်မတန် ကောင်းမွန်ပေမယ့် အခုထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရမယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဇူလိုင် ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ ၁၉/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

မန္တလေးတိုင်းစစ်ဌာနအော​က်မှ တိုက်ပွဲတွင်း ဆေးပညာနှင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှု့ စစ်/ဆေးသင်တန်း (M1) အောင်မြင်စွာ ပြီးစီး

အမျိုးသားညီညွှတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်၊ စစ်ရေးဌာန၊ ဆေးဝန်ထမ်းဌာနခွဲ ၊ မန္တလေးတိုင်းစစ်ဌာနက တိုက်ပွဲတွင်း ဆေးပညာနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု့ စစ်/ဆေး (M1) သင်တန်းဆင်းပွဲ​ကို ပြီးခဲ့တဲ့ သြဂုတ်လ (၈) ရက်က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

သီပေါမှာ စစ်ကောင်စီထောင်ခဲ့တဲ့ မြေမြှုပ်မိုင်းကြောင့် ပြည်သူတစ်ဦး ဒဏ်ရာရ

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း နင်းမိတာကြောင့် ပြည်သူတစ်ယောက် ခြေထောက်တစ်ဖက် ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။