အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ဥပဒေမဲ့ခေါ်ယူပြီး  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ အဖွဲ့ဝင်တွေကို မတရား ဖမ်းဆီးခဲ့သူတွေနဲ့ ကာလုံအဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးတွေ၊ ကာလုံအဖွဲ့ဝင်တွေအပါအဝင် စုစုပေါင်း ၁၈ ယောက်ကို အကြမ်းဖက်သမားတွေအဖြစ် ကြေညာလိုက်တာပါ။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့  အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (င)နဲ့ ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး အခုလို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်တယ်လို့ NUG က ဆိုပါတယ်။ 

NUG အနေနဲ့ အရင်က အကြမ်းဖက်စစ်တပ်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် ထုတ်ပြန်ကြေညာခဲ့ဖူးပြီး လက်ရှိမှာ လူပုဂ္ဂိုလ်တွေကို နာမည်နဲ့တကွ အကြမ်းဖက် သမားတွေအဖြစ် ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ 

အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာခံရသူတွေဟာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စစ်တပ်ခန့် ဒုသမ္မတ မြင့်ဆွေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ တီခွန်မြတ်၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးသန်းဆွေ၊ ဦးဟင်နရီဗင်ထီးယူ၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒေါက်တာသီတာဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့ပဲ ဖြစ်ပါတယ်။

အခုလို အကြမ်းဖက်သမားတွေအဖြစ် ကြေညာခံရသူတွေဟာ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အကြမ်းဖက်စစ်တပ်ဟာ  အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ဥပဒေမဲ့ ခေါ်ယူကာ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရအဖွဲ့ဝင်တွေကို မတရားဖမ်းဆီးပြီး နိုင်ငံတော် ပုန်ကန်မှုကို ကျူးလွန်ခဲ့တဲ့ အဓိကတရားခံတွေဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ  ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်အတွင်း အကြမ်းဖက်စစ်တပ် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” က တာဝန်ပေး ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့အဆက်ဆက်ရဲ့ ကာလုံအဖွဲ့ဝင်တွေဟာ အကြမ်းဖက်သမားတွေဖြစ်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူများ လက်မခံကြသည့် ရွေးကောက်ပွဲအတုဟာ လျှောက်လှမ်းရမည့် လမ်းကြောင်းအမှန် ဖြစ်သည်ဟု မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်ရှိ စစ်တပ် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေ လျှောက်လှမ်းရမယ့် လမ်းကြောင်းအမှန်ဖြစ်ပြီး ပြည်သူတွေ အမှားအမှန် ခွဲခြားသိဖို့လိုတယ်လို့ ပြောဆိုလိုက်ပါတယ်။
Read More

KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ကူဆိပ်စခန်းက စစ်သားတွေ မထောစခန်းရောက်ရှိနေပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ…

ကရင်ပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မထောစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်နေရာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ငါန်းဇွန်မှာ စစ်တပ်ယာဥ်တန်း ပြောက်ကျားတိုက်ခိုက်ခံရပြီး ၃ယောက်သေ၊ အရာရှိ၁ယောက်အပါအဝင် အများပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ မြို့သာမြို့ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်ယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက်သေဆုံးပြီး၊ အရာရှိအပါအဝင် အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ ( မြင်းခြံ) ခေါင်းဆောင် ကိုသက်ကြီးက မောင်းကိုပြောပါတယ်။
Read More

၂၀၂၅ ခုနှစ် ၈လတာအတွင်း အကြမ်းဖက်စစ်တပ် အကြိမ် ၃၃၀၀ ကျော် လေကြောင်းတိုက်ခိုက်၊ ငလျင်အပြီး အပစ်ရပ်ထားသည့် ဧပြီလတွင် စံချိန်တင် အများဆုံး တိုက်ခိုက်ခဲ့

၂၀၂၅ ခုနှစ်ရဲ့ ၈ လတာ ကာလအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ အကြိမ်‌ရေ ၃,၃၀၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမြို့နယ်မှာ ပဋိပက္ခအတွင်း လိင်အခြေပြုအကြမ်းဖက်မှုများ ပပျောက်နိုင်ရေးနှင့် ပတ်သက်သည့် သင်တန်းများ ပြန်လည်စတင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဒေသခံပြည်သူတွေအတွက် ပဋိပက္ခအခြေအနေမှာ ဖြစ်ပေါ်လာတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု-(Conflict Related Sexual Violence)၊ လိင်အခြေပြုအကြမ်းဖက်မှု-(Gender Based Violence) အစရှိတဲ့ အကြောင်းအရာတွေပါဝင်တဲ့ WCP အသိပညာပေး ဆွေးနွေးမှုသင်တန်းကို အခုစက်တင်ဘာလထဲမှာ ဒုတိယအကြိမ်အနေနဲ့ ပြန်လည်စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်းရဲ့ ခရစ်စမတ်ပွဲတော် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်း (P23803) ရဲ့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်တဲ့ တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ၂ ယောက် အပါအဝင် ရဲဘော်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ခရစ်စမတ်ပွဲတော်ကို သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်းရဲ့ တပ်ရင်းဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။