စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့ကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ စစ်ကော်မရှင်ဘက်က စစ်သား ၃၅ယောက် သေဆုံးပြီး လက်နက်များစွာကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့-ဝက်လက် က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက် မနက် ၈နာရီဝန်းကျင်အချိန်ကနေ ညနေ ၆နာရီခွဲအချိန်အထိ ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့ကနေ ဗိုလ်ကြီး ဆန်းညွှန့်ထွန်းဦးဆောင်တဲ့ တပ်မ ၃၃ လက်အောက်ခံ (ခမရ-၁၁)/ (ခလရ-၄၂)/ပျူပူးပေါင်းအပါ အင်အား ၁၂၀ ခန့်ဟာ ပုဏ္ဏားကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့နေစဥ် တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုမှာ စစ်ကော်မရှင်ဘက်က ၃၅ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော် ၃ယောက် (မစိုးရိမ်) ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်တပ်သားတွေထံမှ သိမ်းဆည်းရမိတဲ့ လက်နက်ပစ္စည်းများ (ဓာတ်ပုံ People’s Servant Revolution – Wetlet)

ဒါ့အပြင် စစ်ကော်မရှင်တပ်သားတွေထံက MA1 ၁၁ လက်၊ MA2 ၃ လက်၊ MA3 ၁၀ လက်၊ ငါးကြင်းမြှီး ၂ လက် ၊ RPG  ၁ လက်၊ စနိုက်ဘာ ၁ လက်၊ BA100 (စိန်ပြောင်း) ၃ လက်၊ BA90 (စိန်ပြောင်း) ၁ လက်၊ ဂျန်ဘာစက် ၁ လုံး၊ ကျည်ဘောက် ၁၆ ဘောက်၊ ၅.၅၆ ကျည် အတောင့် ၃၉၀၊ ၇.၆၂ ကျည် ၁၇၁၉ တောင့်၊ RPG- ၄ ဖူး၊ RPG ပို့ကျည် ၇ လုံး ၊ ကျည်ကာဦးထုပ် ၁၀ လုံး၊ လက်ကိုင်ဖုန်း  ၂၈ လုံး ၊ အီနာဂါ ဗုံးသီး ၁၉ လုံးနဲ့ လက်ပစ်ဗုံး ၇ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကိုတော့ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး စီမံချက်နဲ့အတူ အမှတ် (၁၊၂၊၃၊၄၊၅၊၁၇) တပ်ရင်းတွေ၊ ဝက်လက်မြို့နယ် ပကဖ၊ ဟံလင်းတိုက်နယ် ပကဖ၊ အမှတ် (၂) ရွှေဘိုခရိုင် Drone အဖွဲ့၊ အမှတ် (၁/၂/၃/၄/၅/၁၇) Drone အဖွဲ့၊ ဇာမဏီ Drone အဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ Droneအဖွဲနဲ့ ဒေသခံပကဖတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်သားတွေထံမှ သိမ်းဆည်းရမိတဲ့ လက်နက်ပစ္စည်းများ (ဓာတ်ပုံ People’s Servant Revolution – Wetlet)
0 Shares:
You May Also Like
Read More

ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စု ဒရုန်းဗုံးသီးနှင့် ပစ်ခတ်မှု တော်လှန်ရေးရဲဘော် တစ်ဦး ကျဆုံး၊ ဒေသခံတစ်ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ရှပ်ပုံရွာအနီး ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၁ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ဆီက သိရပါတယ်။
Read More

ကျောက်တံခါးတွင် ငလျင်အပြီး သေဆုံးသူ ၁၁ ဦး ရှိ၊ ရဲနွယ်ဆည်အတွင်း ရေနစ်သူများ အလောင်းပြန်မရသေးသလို သောက်သုံးရေ အခက်အခဲများလည်း ရှိလာ

စစ်ကိုင်းမြို့ကို ဦးတည်လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ စာဖြေသံဃာတော် ၁ ပါးနဲ့ အဘွားအို၁ယောက် အပါအဝင် အရပ်သား ၁၁ ယောက် သေဆုံးခဲ့တယ်လို့သိရပါတယ်။
Read More

မြစ်ခြေမြို့ အကြမ်းဖက်ရဲစခန်းက ရဲတပ်သား ၁ ယောက် မြစ်ခြေ – ကျွန်းချောင်း ပကဖ ဆီ လက်နက်နဲ့အတူ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ အကြမ်းဖက်ရဲစခန်းက ရဲတပ်သားတစ်ယောက် လက်နက်ခဲယမ်းနဲ့အတူ မြစ်ခြေ - ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အလင်းဝင်ခဲ့လာခဲ့တယ်လို့ MC – KC DF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆင်ကော်နယ်မြေရဲစခန်းနှင့် စ​​စ်ကူများကိုတိုက်ခိုက်မှုအတွင်း ကား ၁ စီးနှင့် ဒရုန်းများ မီးရှို့ဖျက်ဆီးနိုင်ခဲ့ဟု သရက် PDF ပြော

မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့နယ်အတွင်းက ဆင်ကော်နယ်မြေရဲစခန်းနဲ့ စစ်ကူစစ်ကြောင်းတွေကို (၂) ပတ်ကြာ ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်သေဆုံးမှုတွေအပြင် စစ်ကား (၁) စီးနဲ့ သေခံဒရုန်းတွေ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

ချင်းကာကွယ်ရေးတပ် – အရှိုရဲ့ ရဲဘော်တွေကအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး သစ္စာရေ သောက်ခြင်း အခမ်းအနား…

ချင်းကာကွယ်ရေးတပ် - အရွို (CDF -Asho) က ရဲဘော်သစ်တွေ ကျမ်းသစ္စာကျိန်ဆိုပြီး သစ္စာရေ သောက်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဇန္နဝါရီလ ( ၁၀ ) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

သာကေတက အငြိမ်းစားရဲမှူးဟောင်းကို AA နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး

ရန်ကုန်တိုင်း သာကေတမြို့နယ် အမှတ် ၇ ရပ်ကွက်မှာ နေထိုင်တဲ့ အငြိမ်းစား ရဲမှူရဟောင်း ဦးရွှေဇံ ဆိုသူကို အကြမ်းဖက် စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၆ ရက်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။