ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက် ဒီနေ့မနက် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ ၁၃ မှာ နေအိမ် မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် ကချင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံး၊ မြစ်ကြီးနားမြို့နယ် မီးသတ်စခန်း၊ ရမ်ပူအရန်မီးသတ်စခန်းနဲ့ ကျွန်းပင်သာ အရန်မီးသတ်စခန်းတို့က သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၆ စီးတို့နဲ့ သွားရောက်ကာ မီးငြှိမ်းသတ်ပေး ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မီးလောင်မှုကြောင့် နေအိမ် ၉ လုံးခန့် မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကို တာဝန်ရှိသူတွေက စိစစ်တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Video – Naw Tu Awng

0 Shares:
You May Also Like
Read More

Myingyan Black Tiger (MBT)မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၄) သင်တန်းဆင်းပွဲမှာ ဗိုလ်မိုက်ခဲပြောကြားချက် (ရုပ်/သံ)

''ကျွန်တော်တို့ ခံယူချက်ရှိရတယ်။ သေချာတာ တစ်ခုကတော့ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် နေချင်တယ်။ အိမ်ပြန်နေချင်တယ်။ ဘီယာသောက်ချင်တယ်။ အကုန်လုပ်ချင်တယ်ဗျာ လွတ်လပ်စွာနေချင်တယ်။ အဲလိုမျိုးအနေအထားရောက်ဖို့အတွက် ဒီအာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် တိုက်မှာရမယ်။ တိုက်ရဲဖို့လည်း လိုသလို တိုက်မယ်လို့ ဆုံးဖြတ်ချက် ချထားပြီးရင်လည်း နောက်ပြန်ဆုတ်လို့မရဘူး''
Read More

မြောက်ခင်ရန်းပျူရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းပျူရွာကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Ah Nyar Heroes အဖွဲ့က ဇွန်လ ၂၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးတိုင်းအတွင်း ယနေ့မနက်အစောပိုင်း အင်အားအသင့်တင့်ရှိ ငလျင် ၂ ခု လှုပ်ခတ်မှုကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ် (ရုပ်/သံ)

ဇူလိုင် ၁၆ ရက် ဒီနေ့မနက်အစောပိုင်းက မန္တလေးတိုင်း၊ မန္တလေးမြို့နဲ့ ဝမ်းတွင်းမြို့တို့မှာ အင်အားအသင့်တင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကမ္မတပ်ပေါင်းစု KMDF စခန်း မီးရှို့ဖျက်ဆီးခံရပြီး သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်ဝင်ရောက်ကာ ကမ္မတပ်ပေါင်းစု KMDF စခန်းကို မီးရှို့ဖျက်ဆီးမှုကြောင့် ကျပ်သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ကမ္မကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ စစ်ဆေးရေးလုပ်နေတဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ စစ်ဆေးရေးလုပ်နေတဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်သားတွေ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ People's Defense Organization - Natmaukမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၅ ရက် ညပိုင်းက နတ်မောက်ပျော်ဘွယ်လမ်းပိုင်း ဥယျာဉ်လမ်းပေါက်အနီး လမ်းပိုင်းစစ်ဆေးမှုပြုလုပ်နေတဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်သားတွေး စီးနင်းလာတဲ့ ကား ထိပ်တိုက်တွေ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီလက်အောက်က လွတ်မြောက်ပြီဖြစ်တဲ့ မင်းတပ်မှာ အကနဲ့ အောင်ပွဲခံ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၇၄ ခြေမြန်တပ်ရင်း၊ ဗဟိုကင်း မင်းတပ်ရဲစခန်းနဲ့ ခရိုင်ပြည်သူ့ဆေးရုံကြီး စတဲ့နေရာတွေရှေ့မှာ တော်လှန်ရေးရဲဘော်တွေနဲ့အတူ အောင်ပွဲခံကခုန်နေတဲ့ ရုပ်သံဖိုင်တစ်ခုက ဒေါက်တာအငြိမ်းက ဒီဇင်ဘာ ၂၃ ရက် မနေ့ညပိုင်းက Facebook လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။