စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ နည်းပညာတက္ကသိုလ်(GTC) ကျောင်းဝန်းအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုတွေ စီးနင်းတိုက်ခိုက်ခံရပြီး ၄ ယောက် သေ၊ ၇ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၂) ဒေါင်းမျိုးဆက် က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၂၃ ရက် မနက်ပိုင်းက မုံရွာမြို့နယ်၊ နည်းပညာတက္ကသိုလ်(GTC) ကျောင်းမှာတပ်စွဲထားတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေ ရှိရာနေရာကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အချိန်အတော်ကြာ စီးနင်းတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က ၄ ယောက် သေဆုံးကာ ဒဏ်ရာပြင်းထန်သူ ၇ ယောက် ရှိခဲ့ပြီး လက်နက်ငယ် ၂လက် ပျက်စီးခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၂) ဒေါင်းမျိုးဆက် က ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၂ တပ်ခွဲ ၃ တပ်စု ၂ ဒေါင်းမျိုးဆက် တပ်ဖွဲ့၊ မုံရွာခရိုင်အမှတ် ၂ တပ်ရင်း၊ မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၄ မီးတောက်တပ်ဖွဲ့၊ ချောင်းဦး မီးတောက်တပ်ဖွဲ့ (MTG) နဲ့ Royal God People Defence Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်တပ်အနေနဲ့ အပြစ်မဲ့ ပြည်သူတွေကို ဦးတည်သတ်ဖြတ်နေမှုတွေ ဆက်လက်လုပ်ဆောင်ရင် ပိုမိုဆိုးရွားတဲ့ တိုက်ခိုက်မှုတွေ ကြုံတွေ့ရမှာဖြစ်ပြီး တပ်မတော်ဆိုတဲ့ နာမည်ကို ထိန်းသိမ်းတဲ့အနေနဲ့ ယောက်ျားပီသစွာ စစ်သား အချင်းချင်းသာ သတ္တိရှိရှိ တိုက်ခိုက်ကြဖို့လည်း ဒေါင်းမျိုးဆက်က အသိပေးထားပါတယ်။

 

0 Shares:
You May Also Like
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် ဗုံးကြဲမှုကြောင့် ဒေသခံ ၆ ဦး သေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာ ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း ဖြစ်စဥ်တွေကို အဓိက ဖော်ပြပေးနေတဲ့ Infinity Group တာဝန်ရှိသူထံ သိရပါတယ်။
Read More

ညီညွတ်ရင် မြန်မာအကြမ်းဖက် စစ်ရာဇဝတ်ဂိုဏ်းကို ဖျက်သိမ်းနိုင်ကြောင်း Justice For Myanmar ထုတ်ပြန်

“ကျွန်ုပ်တို့ ညီညွတ်လျှင် မြန်မာစစ်ရာဇဝတ်ဂိုဏ်းအား ဖျက်သိမ်းနိုင်တယ်” လို့ မကြာသေးခင်က Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) ရရှိထားတဲ့ Justice For Myanmar က ထုတ်ပြန်ပါတယ်။
Read More

ကောလင်းခရိုင် ပကဖ တိုက်ခိုက်ရေးစစ်သည်များ သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ တိုက်ခိုက်ရေးစစ်သည်များ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၇ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့ကြောင်း ပကဖ အသံက ဖော်ပြထားပါတယ်။
Read More

ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက်သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ တရုတ်ကိုထွက်ပြေးသွားတဲ့ မြန်မာစစ်သားတွေကို တရုတ်ကပြန်လည်လွှဲပြောင်း

KIA ရဲ့ထိုးစစ်ကြောင့် ကန်ပိုက်တီကနေ တရုတ်နိုင်ငံထဲ ထွက်ပြေးဆုတ်ခွါသွားရတဲ့ စစ်ကောင်စီတပ်သား၃၀၀ကျော်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

KNU ဗဟိုမှာ ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပပြုလုပ်

၂၇၆၄ ခုနှစ်၊ သလေလဆန်း (၁)ရက် မနေ့က ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုခြင်း အခမ်းအနားတစ်ရပ်ကို ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။