အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂၅ ယောက်ကိုလည်း အကြမ်းဖက်သမားတွေအဖြစ် ကြေညာလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ‘နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ’ က တာဝန်ပေး ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့အဆက်ဆက်ရဲ့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့အတွက် အဆိုပါကော်မရှင်အဖွဲ့ဝင်တွေကိုလည်း အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(င)နဲ့ ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက်အရ အခုလို ထုတ်ပြန်ကြေညာတာလို့လည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေထဲမှာ ဦးသိန်းစိုး၊ ဦးသောင်းတင်၊ ဦးသန်းထွန်း၊ ဦးကျောက်၊ ဦးအောင်စောဝင်း၊ ဦးသန်းဝင်း၊ ဦးစောဘလှိုင်၊ ဦးစိုးဦး၊ ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦး၊ ဦးသန်းစိုး၊ ဦးဘရန်ရှောင်၊ ဦးမြင့်ဦး၊ ဦးခင်မောင်ဦး၊ ဒေါ်နုမြဇံ၊ ဦး မြင့်သိန်း၊ ဒေါက်တာဘမောင်၊ ဦးကိုကိုလွင်၊ ဦးမင်းမင်းဦး၊ ဦးသန်းအောင်ကျော်၊ ဦးခင်ဇော်၊ ဦးမျိုးလှိုင်၊ ဦးသန်း ထွတ်သိန်း၊ ဦးတင်ဆွေဝင်း၊ ဦးအောင်မြင့်လွင် အစရှိသူတွေ ပါဝင်တာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အနေနဲ့ အဆိုပါ  အကြမ်းဖက်သမားတွေကို ဥပဒေအရအရေးယူနိုင်ဖို့  ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားခဲ့ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် လုံခြုံရေးကောင်စီအစည်းအဝေးကို ဥပဒေမဲ့ခေါ်ယူခဲ့သူတွေနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် စုစုပေါင်း ၁၈ ယောက်ကိုလည်း အကြမ်းဖက်သမားတွေအဖြစ် နိုဝင်ဘာလ ၂၅ ရက် မနေ့က ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

တောင်သာမှာ ခရီးသွားပြည်သူများကို ရိုက်နှက်ပစ္စည်းလုယက်နေသည့် အဖွဲ့ကို တောင်သာ ပကဖ ဖမ်းဆီး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အနောက်ခြမ်းမှာ ခရီးသွားပြည်သူတွေကို ရိုက်နှက်ပြီး ပစ္စည်းလုယက်နေတဲ့အဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရှားပါးပျောက်ကွယ်တော့မယ့် ဧရာ၀တီလင်းပိုင် သားအမိကို ဘီးလင်းမှာတွေ့လို့ ပြန်လွှတ်ပေး

အကောင်ရေ ရာဂဏန်းလောက်သာရှိတော့တဲ့ ရှားပါးမျိုးစိတ် ဧရာ၀တီလင်းပိုင် သားအမိကို မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းက သောင်တစ်ခုမှာ ရောက်ရှိနေလို့ ကယ်တင်ပေးခဲ့ကြောင်း  ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်ရေးအသင်း (BANCA) က ထုတ်ပြန်ပါတယ်။
Read More

KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဘောလခဲမြို့ တိုက်ပွဲက မှတ်တမ်းဓာတ်ပုံများ ထုတ်ပြန်လာ… (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်၊ ဘောလခဲ မြို့က တိုက်ပွဲတွေက မှတ်တမ်းဓာတ်ပုံတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ ဒုစစ်ဦးချုပ် မာဝီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပြသထားပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ (၁) နှင့် ခရမ်း PDF မှ ကျဆုံးရဲဘော်များကို ရည်စူးပြီး ကုသိုလ်ပြု (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) နဲ့ PDF-Khayan က နွေဦးတော်လှန်ရေးမှာ အသက်ပေးလှူခဲ့သူတွေနဲ့ တပ်ဖွဲ့မှာ ကျဆုံးခဲ့သူတွေအတွက် ရည်စူးပြီး လွတ်မြောက်နယ်မြေတစ်နေရာမှာ သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းကပ်လှူကာ ကုသိုလ်ပြုအမျှဝေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ (၁) က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ပုလဲတိုက်ပွဲအတွင်း AA တပ်ရင်းတစ်ရင်း ပါဝင်တိုက်ခိုက်နေတယ်ဆိုတာ မဟုတ်ကြောင်း BNRA ပြော

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေထဲမှာ ရခိုင့်တပ်တော် AA ရဲ့ တပ်ရင်းတစ်ရင်း ပါဝင်တိုက်ခိုက်နေတယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
Read More

ကေတုမတီ လေတပ်ဝန်းအတွင်း ဆီလှောင်ကန်များရှိရာကို ရှော့တိုက်ဒုံး ၆ လုံးဖြင့် တိုက်ခိုက်ရာ ၆ လုံးစလုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ ကေတုမတီလေတပ်ဝန်းအတွင်းကို ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုထိခိုက်မှုတွေရှိနိုင်ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ၉ရက် မနေ့ညပိုင်းမှာ တောင်ငူ ကေတုမတီလေတပ်ဝန်းထဲမှာရှိတဲ့ ဆီလှောင်ကန်တွေရှိရာကို BWM နဲ့ မဟာမိတ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။